ပြည်သူ့အချစ်တော်

September 21, 2021

ဖမ်းဆီးခံထားရသည့် ပြည်သူ့အချစ်တော် အိန္ဒြာကျော်ဇင် ဂျာမနီရုပ်ရှင်ပွဲတော်တွင် ဆုရရှိ

အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခံထားရတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင်မင်းသမီး အိန္ဒြာ ကျော်ဇင်ဟာ ဂျာမနီရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့တယ်လို့ သိရပါတယ်။

ပိုင်ဖြိုးသုနဲ့အတူ ခေါင်းဆောင်ပါဝင်ထားတဲ့ “what happened to the wolf?” ရုပ်ရှင် ကားဟာ ဂျာမနီနိုင်ငံ Oldenburg International Film Festival မှာ ပြသဖို့ ရွေးချယ်ခံခဲ ရတာဖြစ်ပြီး အိန္ဒြာကျော်ဇင်က Seymour Cassel Award for Best Performance ဆု ရရှိသွားခဲ့တာ ဖြစ်ပါ တယ်။

ဒီဆုကိုတော့ ရုပ်ရှင်ပွဲတော်ဂျူရီအဖြစ် ပါဝင်တဲ့ ကနေဒါမင်းသမီးကြီး Deborah Kara Unger က ခုလို ကြေညာချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

"သရုပ်ဆောင်ခြင်းဆိုတာ တန်ပြန်သရုပ်ဆောင်ခြင်းပါပဲ။ ဒါကြောင့် ဒီပိတ်ကားပေါ်က နှစ်ယောက်ရဲ့ Performances ကိုခွဲခြားဖို့ မဖြစ်နိုင်လောက်တဲ့ထိပါပဲ။ ဒီအဓိက သ ရုပ်ဆာင်နှစ်ယောက်ဟာ ကျမတို့(ကြည့်ရှုသူ ပရိသတ်)ကို ရှုပ်ထွေးဆန်းပြားလှတဲ့ ဘဝရဲ့ ဖြစ်တည်ခြင်းဆီကို ခရီးတစ်ခုအဖြစ် ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။ ဏကြီးရဲ့ "what happened to the wolf?" ပါဝင်တဲ့ အဓိက သရုပ်ဆောင်နှစ်ယောက်စလုံးဟာ မြန်မာ နိုင်ငံမှ အကယ်ဒမီဆုရှင်တွေဖြစ်ပြီး ကျမတို့(ကြည့်ရှုသူပရိတ်သတ်)ကို မှင်သက်ငေးမော၊ အသက်ရှုမှားစေအောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ နှစ်ယောက်၊ ကံကြမ္မာက တစ်ခု တည်း။ တစ်ယောက်က မထီတရီ၊ တစ်ယောက်က ရှေးဆန်ဆန်နဲ့ ချဉ်းကပ်ကြရာမှာ ပါး နပ်မှု၊ ရိုးရှင်းမှု၊ အနုပညာစံပြည့်ဝမှုတို့နဲ့ သရုပ်ဆောင်ထားပြီး အခြားလူတွေကိုပါ သူတို့ရဲ့ လွတ်လပ်မှုအရသာကို ခံစားစေနိုင်စွမ်းပေးခဲ့ပါတယ်။ ကျမတို့ဟာ ဒီသရုပ်ဆောင်ရဲ့ ရိုး ရှင်းလှပမှု၊ ပင်ကိုယ်စိတ်ထား၊ တန်ဖိူးဖြတ်မရတဲ့ ရုပ်ရှင်လောကအတွက် သူမရဲ့ ပါရမီကို အသိအမှတ်ပြုတဲ့အနေနဲ့ 2021 Seymour Cassel Award for Outsanding Performance ဆုကို ဏကြီးရဲ့ "what happened to the wolf?" ရုပ်ရှင်မှ အိန္ဒြာ ကျော်ဇင်အား ချီးမြှင့်လိုက်ပါတယ်"

ဒီကားကိုတော့ ဒါရိုက်တာ ဏကြီးက ရိုက်ကူးပြီး အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသုတို့နဲ့အတူ အမျိုးသားသရုပ်ဆောင်တွေဖြစ်ကြတဲ့ လွင်မိုး၊ အောင်မြင့်မြတ်တို့က ပါဝင်ထားကြကာ ကျော်ထက်အောင်၊ ထူးသာ၊ သီရိစိုး၊ အားကိုးရာတို့က ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ထားကြပါတယ်။

ရုပ်ရှင်ပွဲတော်ကိုတော့ စက်တင်ဘာ ၁၅ ရက်ကနေ ၁၉ ရက်နေ့ထိ ကျင်းပခဲ့တာဖြစ်ပြီး ဒီကားကိုတော့ World Premiere အနေနဲ့ ပြသခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီကားရဲ့ အဓိကဇာတ်ဆောင်တွေဖြစ်ကြတဲ့ အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသု တို့ဟာ လည်း ရုပ်ရှင်ပွဲတော်ရဲ့ Seymour Cassel Award for Outstanding Performance အတွက် Nomination ဆန်ခါတင်စာရင်းမှာ နှစ်ယောက်စလုံး ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိကာလ မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနဲ့အတူ အနုပညာလှုပ်ရှားမှုတွေလည်း ရပ်တန့်သွားခဲ့ရသလို နွေဦးတော်လှန်ရေးမှာ ပြည်သူ့ ဘက်တော်သားတွေအနေနဲ့ အမှန်တရားဘက်က မားမားမတ်မတ် ရပ်တည်ခဲ့ကြသူတွေ ကိုလည်း ဖမ်းဆီးအရေးယူမှုတွေနဲ့ ပိုမိုဆိုးရွားလာနေခဲ့တာပါ။

ဒီကားထဲမှာပါဝင်တဲ့ သရုပ်ဆောင်မင်းသမီး အိန္ဒြာကျော်ဇင်ဟာလည်း တော်လှန်ရေးမှာ ပါဝင်ခဲ့တာကြောင့် ခင်ပွန်းဖြစ်တဲ့ သရုပ်ဆောင် ပြေတီဦးနဲ့အတူ ဖမ်းဆီးခံထားရပြီး ဒါရိုက်တာ ဏကြီး၊ ပိုင်ဖြိုးသုတို့ဟာလည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ထားတာမို့ တိမ်းရှောင်နေကြရပါတယ်။

4 months Ago

September 3, 2020

လူသတ်မှုသံသယဖြစ်ခံရသူကနေ ပြည်သူ့အချစ်တော် ဖြစ်လာတဲ့ ထိုင်းလယ်သမား

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း မုဒ်တာဟန်ခရိုင်ထဲမှာ အသက် ၃ နှစ်ရွယ် မိန်းကလေးငယ်တဦး သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး  သံသယအရှိဆုံးသူအဖြစ် ပစ်မှတ်ထားခံရသူ လယ်သမား ၁ ဦး ဟာ  အဖမ်းမခံရတဲ့အပြင် ပြည်သူတွေရဲ့ သနားကြင်နာမှုကိုရရှိပြီး အလှူငွေများစွာ၊ နာမည်ကြီး အဆိုတော်နဲ့ တွဲဖက်သီချင်းဆိုခွင့်ရတဲ့ ဆယ်လီတစ်ဦးဖြစ်လာခဲ့ပါတယ်။  သူကတော့ အသက် ၄၃ နှစ်ရွယ်ရှိ  လုံးဖုန်း ခေါ် နိုင်းချိုင်းယဖုန်း ဝိဖားဆိုသူဖြစ်ပြီး မုဒ်တာ ဟန်ခရိုင် ဒုံးလုံမြို့နယ် ကိုကော်ကျေးရွာကဖြစ်ပြိး လယ်ယာခြံလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းနေတာပါ ။  ပြီးခဲ့တဲ့ မေ ၁၁ ရက်မှာတော့ သူ့ခယ်မရဲ့ သမီးဖြစ်သူ နောင့်ချူမ်းဖုဆိုတဲ့ အသက် ၃ နှစ်ရွယ်ကလေးမလေး နေအိမ်ကနေ ထူးဆန်းစွာပျောက်ဆုံးသွားပါတယ်။  ရွာသားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေဟာ ပျောက်နေတဲ့ကလေးကို လိုက်လံရှာဖွေရာက မေ ၁၄ ရက်မှာတော့ ရွာနဲ့ ၅ ကီလိုမီတာလောက်ဝေးတဲ့ တောင်ပေါ်က ကျောက်ဖျာတခုပေါ်မှာ ပက်လက်အနေအထားနဲ့ သေဆုံးနေတဲ့ ကလေးအလောင်းကို ပြန်တွေ့ခဲ့ကြပါတယ်။  သေဆုံးတဲ့ မိန်းကလေးမှာ ပွန်းပဲ့ရာနဲ့ ခြစ်ရာတွေရှိတာကလွဲလို့ နှိပ်စက်ခံရ၊ မတရားကျင့်ခံ ထားရတဲ့ အရာတွေ မရှိပါဘူး။ ဒါပေမယ့် အဆိုပါတောင်ဟာ မြင့်မားပြီး လူကြီးတွေတောင်မှ ခဲယဉ်းစွာ တက်လာရတာမို့ ကလေးငယ်က သူ့ဟာသူ မျက်စိလည်လမ်းမှားပြီး အစာရေစာပြတ် သေဆုံးသွားတယ်ဆိုတဲ့အချက်ကို မိဘတွေက မယုံသလို ရဲတပ်ဖွဲ့ကလည်း တစုံတယောက်က လာချထားတာလို့ ယုံကြည်နေပါတယ်။  သူတို့ရွာမှာ စီစီကင်မရာလည်းမရှိ၊ ရွာသားတွေကလည်း သူစိမ်းတွေ ဝင်လာတာမတွေ့၊ ကလေး ငိုသံလည်း မကြားတာကြောင့် ရွာသား ၁၀၀ ကျော်ကို ခေါ်ယူမေးမြန်းပြီး သူတို့နေ့စဉ်လှုပ်ရှားခဲ့တဲ့ အချိန်ဇယားတွေ ကောက်ယူကာ  ဒီအန်အေတွေစစ်ထားပါတယ်။  အချိန်ကြာလာပေမယ့် တရားခံကို ရှာမတွေ့ဘဲ ရွာသားချင်းချင်းကြား၊ ဆွေမျိုးအချင်းချင်း ကြားမှာလည်း တယောက်ကိုတယောက် မယုံကြည်တော့ဘဲ သံသယတွေ ပွားလာပါတယ်။  အဲဒီထဲက သံသယရှိဆုံးသူအဖြစ် ပစ်မှတ်ထားခံရတာတော့ နောင့်ချူမ်းဖုရဲ့ ဘကြီးတော်စပ်သူ လုံးဖုန်း ခေါ် နိုင်းချိုင်းယဖုန်း ဝိဖားပဲ ဖြစ်ပါတယ်။ ( လုံးဖုန်းရဲ့ ဇနီးက ချူမ်းဖုရဲ့  ကြီးဒေါ်အရင်းဖြစ်ပြီး အိမ်ချင်းလည်းနီးပါတယ်) ကလေးလေးဟာ သူ့ ဘကြီးလုံးဖုန်းတို့ မိသားစုကို အင်မတန်ခင်တွယ်ပြီး  ဘယ်သွားသွားလိုက်သွားလေ့ရှိကြောင်း၊ ကလေးအလောင်းကို အရင်ဆုံးတွေ့သူဟာ လုံးဖုန်းဖြစ်တဲ့အပြင် သူ့ကားပေါ်မှာလည်း ကလေးရဲ့ ဒီအန်အေရှိနေပြီး ကလေး ပျောက်ဆုံးတဲ့နေ့က လုံးဖုန်းရဲ့ တနေ့တာအချိန်ဇယားမှာ နာရီဝက်လောက်ပျောက်နေတာမို့ ကလေးမရဲ့ မိခင်ဖြစ်သူကိုယ်တိုင်က လုံးဖုန်းကို သံသယရှိတယ်လို့ ရဲတပ်ဖွဲ့ကို ပြောခဲ့ပါတယ်။  လုံးဖုန်းကတော့ ချူမ်းဖုက  သူ့သား ၂ ယောက်နဲ့ အမြဲလာဆော့ကစားကြောင်း၊ ဘယ်သွားသွား သူ့ကားနောက်အမြဲလိုက်စီးသလို ဒီမတိုင်ခင်ရှေ့က ကားပေါ် အန်ချထားလို့ ဒီအန်အေရှိတာဖြစ်ကြောင်း၊ ကလေးပျောက်တဲ့နေ့က ဘုန်းကြီးသွားပင့်တာ ကြာရတဲ့အကြောင်းက လမ်းမှာ မိတ်ဆွေတွေနဲ့စကားရပ်ပြောခဲ့တာ၊ ဆရာတော်ကို စောင့်နေတာဖြစ်ပြီး နောင့်ချုမ်းဖုကို သူက သမီးရင်းတယောက်လိုချစ်တဲ့အတွက် ကလေးကို သတ်စရာအကြောင်း တစုံတရာမှ မရှိဘူးလို့ ပြောခဲ့ပါတယ်။  ဒါပေမဲ့ ရဲတပ်ဖွဲ့က လုံးဖုန်းရဲ့အိမ်ကို ကြိုတင်အကြောင်းမကြားဝင်ရောက်လာပြီး တအိမ်လုံး မွှေနှောက်ရှာဖွေကာ လုံးဖုန်းရဲ့အဝတ် အစား၊ လယ်ယာအသုံးအဆောင်အချို့ကို စစ်ဆေးဖို့ သိမ်းယူ သွားခဲ့ပါတယ်။ အဲဒီနေ့ကစပြီး လုံးဖုန်းတို့ မိသားစုဟာ မကြာခဏ ရဲစခန်းမှာ သွားအစစ်ခံရတာက တကြောင်း၊ နေ့စဉ်အလုပ်ပုံမှန်မလုပ်နိုင်တော့တဲ့အပြင် သံသယမျက်လုံးတွေကြားမှာ လွတ်လပ်မှုတွေ ပျောက်ဆုံး နေခဲ့ပါတယ် ။  အဲဒီအမှုဟာ လူတွေစိတ်ဝင်စားတဲ့ အမှုတခုဖြစ်လာပြီး သတင်းထောက်တွေကလည်း အဲဒီရွာမှာ လနဲ့ချီ အခြေချကာ နေ့စဉ်ထူးခြားချက်တွေကို ထုတ်လွှင့်တင်ပြနေကြပါတယ်။ အမှုမှန်ပေါ်ပေါက်ရေးအတွက် ရဲတွေကလည်း ရွာထဲခဏခဏလာသလို နတ်ဆရာ၊ ဗေဒင်ဆရာ၊ အောက်လမ်းဆရာ၊ ဘုန်းကြီး စတာတွေလည်း ရောက်လာပြီး သူတို့တတ်တဲ့ ပညာနဲ့  ကလေးမလေးဝိညာဉ်က ဘာပြောတာ၊ လူသတ်သမားက ဘယ်လိုပုံစံ စတာတွေ မှန်းဆပြောကြားပြီး  ကလေးမ မိသားစု နဲ့ လုံးဖုန်းတို့ မိသားစုကိုလည်း ဘုရားမှာ သစ္စာဆိုတာ၊ ကျိန်စာတိုက်တာတွေ လုပ်ဖို့ အကြံပြုခဲ့ကြပါတယ်။   သံသယထားခံရသူ လုံးဖုန်းကလည်း “သူဟာ ချုမ်းဖုအား သမီးရင်းလို ချစ်ခင်ပြီး သမီးအန္တရာယ်ကျဖို့ တစုံတရာစိတ်မကူးခဲ့သလို သမီးပျောက်ဆုံးမှု သေဆုံးမှုကိစ္စမှာလည်း ဘာမှ မသိရ၊ မမြင်ရ၊ မကြားရကြောင်း။ ဤသစ္စာစကားမှန်ကန်က ကြီးပွားတိုးတက်ချမ်းသာပါစေ၊ ဤသစ္စာစကားမှားယွင်းပါက အရာရာနိမ့်ကျဆုတ်ယုတ်ပြီး အသေဆိုးနဲ့သေပါစေ” လို့ သစ္စာဆိုခဲ့ပါတယ်။  ရက်တွေကြာလာတာနဲ့အမျှ ရဲက တရားခံကို မဖော်ထုတ်နိုင်ပေမယ့် လူမှုကွန်ရက်မှာတော့  တရားခံမှာ လုံးဖုန်းမဖြစ်နိုင်ကြောင်း ဝေဖန်ထောက်ပြသူတွေများလာပါတယ်။ လုံးဖုန်းရဲ့ မိဘဆွေမျိုးတွေလည်း  တခြားခရိုင်ကနေ လာရောက်အားပေးကြသလို အမှုကြောင့် အလုပ်ပျက်အကိုင်ပျက် ဆောက်လုပ်မပြီးသေးတဲ့ တဝက်တပျက်အိမ်မှာ နေနေရတဲ့ လုံးဖုန်းကို သနားလို့ဆိုပြီး ရပ်နီး ရပ်ဝေး အလှူရှင်တွေလည်း ပေါ်လာပါတယ်။  နိုင်ငံခြားမှ အလှူရှင်တဦးက ဆောက်လက်စ သူ့တဲအိမ်ကို သပ်ရပ်လှပတဲ့ ဘတ် ၃ သိန်းတန် တိုက်အိမ်အဖြစ်ဆောက်ပေးခဲ့ပါတယ်။ ဒါ့အပြင် ရေခဲသေတ္တာ၊ ပန်ကာ၊မွေ့ယာ၊ ဘီရို၊ စီစီကင်မရာ၊ မော်တော်ဆိုင်ကယ် ဝယ်‌ပေးတဲ့ အလှူရှင်တွေလည်း ဆက်တိုက်ပေါ်လာပြီး ပရိဘောဂတွေ အိမ်နဲ့မဆံ့တော့လို့ လုံးဖုန်းက တခြားလိုအပ်သူတွေကို လှူပေးဖို့ ပြောလိုက်ရပါတယ်။  လုံးဖုန်းရဲ့ အိမ်မှာလည်း သတင်းထောက်တွေရော၊ ရဲတွေရော၊ အနယ်နယ်အရပ်ရပ်က လာအားပေးသူတွေရော နေ့စဉ်နဲ့အမျှလူတွေပြည့်နေတာပါ။ အမှုကြောင့်ရော၊ ကိုဗစ် ၁၉ ကြောင့်ပါ အလုပ်လက်မဲ့ဖြစ်နေတဲ့ ရွာသားတွေဟာ လုံးဖုန်းအိမ်ရှေ့မှာ စားစရာတွေ၊ ခြံထွက်သီးနှံတွေ၊ အဝတ်အထည်နဲ့ ထီလက်မှတ်တွေပါ လာရောင်းနေလို့  ပွဲဈေးတန်းငယ်လေးလို ဖြစ်သွားပါတယ်။   လူသတ်မှုသံသယဖြစ်ခံရသူ လုံးဖုန်းဟာ တဖြည်းဖြည်းနာမည်ကြီးလာပြီး စိတ်ဝင်စားသူတွေက သူ့ရဲ့ ကိုယ်ရေးရာဇဝင်ကို လိုက်ရှာရာမှာတော့ သူဟာ လူငယ်ဘဝက သီချင်းဆိုဝါသနာပါပြီး စင်ပေါ်မှာ သီချင်းဆိုခဲ့တဲ့ ဗွီဒီယိုအဟောင်းတွေ ပြန်တွေ့ခဲ့ပါတယ်။ အဲဒီဗွီဒီယိုကို ယူကျူ့ပေါ်တင်လိုက်တဲ့ခါ လူကြည့်များတဲ့ ဗွီဒီယိုတခုဖြစ်လာပါတယ်။  အဲဒီနောက် နာမည်ကြီးအဆိုတော် ဖေ့ချ်ဆာဟာရတ်ကလည်း လုံးဖုန်းအကြောင်းကို သီချင်း စပ်ပြီး သီဆိုလိုက်ပါတယ်။ နောက်ထပ် နာမည်ကြီး အမျိုးသမီးအဆိုတော် ကြင်တရာဆိုသူကတော့ လုံးဖုန်းနဲ့အတူ သီချင်းတပုဒ်တွဲဆိုဖို့ ကမ်းလှမ်းခဲ့ပြီး အမ်တီဗွီရိုက်၊ ယူကျူ့ပေါ်တင်လိုက်ရာမှာ ၄ ရက်အတွင်း ဝင်ကြည့်တဲ့အကြိမ်ပေါင်း ၇ သန်းကျော်သွားပါတယ်။  အဆိုတော်က သူ့ကို အနုပညာကြေး ဘတ် ၁ သိန်းချီးမြှင့်ခဲ့ပြီး ယူကျူ့က ရလာတဲ့ ပိုက်ဆံတွေလည်း ထပ်ခွဲပေးဦးမယ်လို့ ပြောထားပါတယ်။   စက်တင်ဘာ ၁ ရက်နေ့  ဆခွန်းနခွန်းခရိုင် တောဝ်ငွဲ ရိုးရာနတ်ပူဇော်ပွဲက သူမရဲ့ တေးဂီတ ဖျော်ဖြေရေးအစီအစဉ်မှာလည်း လုံးဖုန်းကို သီချင်းလာဆိုဖို့ ဖိတ်လိုက်တာကြောင့် ပွဲတော်မှာ လုံးဖုန်းကို လူကိုယ်တိုင်တွေ့ဖူးချင်သူတွေအများအပြားရောက်လာပြီး အလုအယက်ဓာတ်ပုံတွေ တွဲရိုက်ခဲ့ကြပါတယ်။  အခုလို အချိန်တိုတိုအတွင်း တိုးတက်ကြီးပွားလာပေမယ့် လုံးဖုန်းကတော့ တူမလေးကို သတ်တဲ့ တရားခံကို ဖော်ထုတ်နိုင်ခြင်းမရှိသရွေ့ မပျော်ရွှင်နိုင်သေးကြောင်း၊ ရွာထဲမှာ သံသယတွေ ရှိနေဆဲဖြစ်ပြီး ကျန်တဲ့ကလေးတွေအတွက် လုံခြုံမှုမရှိဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။  သမီးဆုံးရှုံးသွားတဲ့ ချူမ်းဖုရဲ့ မိဘတွေကိုလည်း လူတွေလာရောက်အားပေးခဲ့ပေမယ့် လုံးဖုန်းလောက် အလှူငွေမရခဲ့ပါဘူး။ ဒီကြားထဲ သူတို့လင်မယား အရင်က ကွဲဖူးခဲ့တာ၊ သူ့အဖေက မူးယစ်ဆေးသုံးခဲ့တာ၊ ချူမ်းဖုကိစ္စနဲ့ပတ်သက်ပြီး ဘဏ်စာရင်းဖွင့်အလှူငွေကောက်တာ၊ တယ်လီဖုန်းအဟောင်းဖျောက်ပြီး အသစ်ဝယ်တာ၊ ဂိမ်းအဆော့သန်တဲ့သမီးကြီးကို အမှန်ပြောဖို့ ထိန်ချန်ခိုင်းတဲ့ကိစ္စ၊ အပေါ်ထပ်အခန်း ဘယ်သူ့မှအဝင်မခံတဲ့ကိစ္စ၊ သူ့လေးလေးက ဖေ့စ်ဘုတ်လိုက်ဖ်လွှင့်တဲ့ထဲမှာ ကလေးသေတာကို ကြိုသိနေတဲ့သဘော၊ သူ့လေးလေးက ကလေးပျောက်တဲ့နေ့မှာ ဆကွန်းနခွန်းသွားတယ်လို့ပြောပြီး ဘယ်သူမှ သူ့ကို အဲဒီမြို့မှာ မတွေ့တဲ့အကြောင်း၊ သံသယရှိတဲ့အကြောင်းတွေ ထုတ်ဖော်ပြောဆိုလာကြပါတယ်။  လူမှုကွန်ရက် စုံထောက်တွေကလည်း ချုမ်းဖုဟာ ဂိမ်းအဆော့သန်တဲ့ သူ့အမ လက်ချက်ကြောင့်  မတော်တဆ သေဆုံးသွားတာဖြစ်နိုင်ပြီး လူကြီးတွေက အမှုပတ်မှာစိုးလို့ အလောင်းဖျောက်ပြီး ဇာတ်လမ်းဆင်တာ ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။ ချူမ်းဖုဟာ မပျောက်ဆုံးခင် နောက်ဆုံးအချိန်က ၁၁ နှစ်ရွယ် အမဖြစ်သူနဲ့ အတူရှိနေပါတယ်၊ အမကတော့ မှေးကနဲအိပ်ပျော်သွားစဉ် ညီမပျောက်သွားတာလို့ ပြောထားပါတယ်။   ရဲတပ်ဖွဲ့ကတော့ ဒီအမှုမှာ တစုံတယောက်ကို အပြစ်ပေးအရေးယူဖို့ထက် ဖြစ်ရပ်မှန်ကိုသာ အရင်ဆုံး ကြိုးစားရှာဖွေနေတာဖြစ်ကြောင်း၊ ဖြစ်ရပ်မှန်ထဲကမှ ပတ်သက်သူကိုသာ အရေးယူအပြစ်ပေးရမှာဖြစ်ကြောင်း၊ ဖြစ်ရပ်မှန်ရှာဖွေရာမှာ ဒီရွာက ဝေးလံခေါင်ဖျား စီစီကင်မရာ မရှိ၊ လူသူအရောက်အပေါက်နည်းတာကြောင့် သက်သေအထောက်အထားရှာဖွေရ ခက်ခဲနေ ကြောင်း၊ လူသက်သေဆိုရာမှာလည်း မျက်စေ့နဲ့ တပ်အပ်တွေ့သူမရှိဘဲ ထင်ကြေးနဲ့သာပြောဆိုနေတာကြောင့် အတည်ပြုရန်ခက်ခဲကြောင်း၊ ဒီအမှုမှာ လူပေါင်း ၁၀၀ ကျော် ဒီအန်အေစစ်ဆေးတာရော၊ ဘန်ကောက် အထူးစုံစမ်းစစ််ဆေးရေး ရဲဝန်ထမ်းတွေ အခေါက်ခေါက်အခါခါ သွားလာကုန်ကျစရိတ်တွေပါဆိုရင် ဘတ် ၁၀ သန်း ခန့်ကုန်ကျခဲ့ပြီး  ခိုင်လုံတဲ့ သက်သေ မရသေးရင် အမှုကို အရှင်ထားကာ ခနရပ်နားထားရမယ်လို့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။   
1 year Ago
Up