မြန်မာနိုင်ငံတဝန်းက ဒီကနေ့ ပြုလုပ်နေတဲ့ ၂ ငါးလုံး ပြည်လုံးကျွတ် အထွေထွေသပိတ်ကြီး မှာ သိန်းနဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေလည်း ပြည်သူလူထုတွေနဲ့အတူပူးပေါင်းပါဝင်ပြီး အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင် ဆန္ဒပြနေကြပါတယ်။
ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါဝင် မြို့တွေ၊ နယ်တွေအသီးသီးမှာပြုလုပ်နေတဲ့ သပိတ်စစ်ကြောင်းတွေနဲ့အတူ ပညာရေးဝန်ထမ်းဆရာဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်း ဆရာဝန်နဲ့ သူနာပြုတွေ၊ အင်ဂျင်နီယာတွေ၊ မီးရထားနဲ့ ရေကြောင်း သယ်ယူပို့ဆောင်ရေးဝန်ထမ်းတွေ၊ လျှပ်စစ်နဲ့ စည်ပင်ဝန်ထမ်းတွေ ပါဝင်ဆန္ဒပြနေတာဖြစ်ပါတယ်။
ဒီကနေ့ဟာ အစိုးရရုံးဖွင့်ရက်ဖြစ်ပေမဲ့ ဝန်ထမ်းတွေရုံးမတက်တာကြောင့် ရုံးတွေ၊ ဘဏ်တွေ အတော်များများပိတ်ထားပြီး ဝန်ထမ်းတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်မှာ ပူးပေါင်းပါဝင် ဆန္ဒပြနေကြပါတယ်။
အာဏာသိမ်းစစ်အစိုးရကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) ကိုတော့ စစ်အာဏာစသိမ်းပြီးမကြာခင်မှာပဲ ဆေးလောကသားတွေက စတင်ပြုလုပ်ခဲ့ရာမှာ မြန်မာနိုင်ငံတဝန်း မြို့နယ်ပေါင်း ၂၈၅ မြို့နယ်မှာ အစိုးရဝန်ထမ်းပေါင်း သောင်းချီပါဝင်နေတယ်လို့ https://cdm2021.com/ ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတဝန်းမှာ CDM လုပ်နေတဲ့ မြန်မာ့မီးရထားဝန်ထမ်းတွေတင် သောင်းနဲ့ချီရှိပြီး တနိုင်ငံလုံးက ဝန်ထမ်းတွေဆီကနေ အချက်အလက်အပြည့်အစုံမရနိုင်တာကြောင့် အမှန်တကယ် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ နိုင်ငံဝန်ထမ်းအရေအတွက်ဟာ အဆိုပါဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာထက် အများကြီးပိုများနိုင်ချေရှိပါတယ်။
CDM ဝင်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ နေရေး၊ စားရေး အခက်အခဲတွေ ကြုံတွေ့လာခဲ့ရင်လည်း We Support Heroes၊ 21 Savage MM စတဲ့ အဖွဲ့ တွေကို ဆက်သွယ်အကူအညီတောင်းခံနိုင်မှာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်အစိုးရက တော့ CDM လှုပ်ရှားမှုကြောင့် အစိုးရလုပ်ငန်းတွေထိခိုက်မှု မရှိဘူးလို့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။
Photo-Peter Aung
စစ်တပ်အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့ အနေနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု(Civil Disobedience Movement)မှာ ပါဝင်နေကြတဲ့ ပြည်သူ့ဝန်ထမ်းတွေမှာ ကြုံတွေ့လာရနိုင်တဲ့ အခက်အခဲတွေကို We Support Heroes က ကူညီပေးနေပါတယ်။
ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ နေရေး၊ စားရေး အခက်အခဲ ဖြစ်လာခဲ့ရင် ဖော်ပြပါ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာ- https://m.facebook.com/We-Support-Heroes-177800567082406/လင့်ခ်ကတဆင့် ဆက်သွယ်နိုင်ကြောင်း ကြေညာထားခဲ့ပြီး လတ်တလောမှာတော့ ဒီလှုပ်ရှားမှုမှာ ပါဝင် ကြသူတွေကို တဖက်တလမ်းက ကူညီလိုသူတွေအနေနဲ့ ၂/၂၀၂၁ ခိုင်မြဲသောလက်များ ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။
ပြည်တွင်း၊ ပြည်ပက ဆက်သွယ်လှူဒါန်းလိုသူတွေအနေနဲ့ စင်ကာပူ၊ အမေရိကန်၊ ဩစတေးလျ၊ မလေးရှားနိုင်ငံတွေအတွက် ဆက်သွယ်ရမယ့်သူရဲ့ ဖုန်းနံပါတ်တွေနဲ့ ယှဉ် တွဲဖော်ပြထားပြီး ပြည်တွင်းမှာတော့ ကမ္ဘောဇဘဏ်အကောင့်နံပါတ်၊ ကေပေးနဲ့ မိုဘိုင်း ဘဏ်စနစ်နဲ့လည်း လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။
ဖေဖေါ်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်ပိုင်းတချို့ကို စစ် တပ်ကဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက်တနေ့မှာပဲ ဒီလှုပ်ရှား မှုကို ဆေးလောကသားတွေက စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ တခြားကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင်လှုပ်ရှား နေကြတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၄ ရက်နေ့မှာတော့ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့တော်ဖြစ်တဲ့ မန္တလေးမြို့မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေက ပထမဆုံးလမ်းပေါ်ထွက် ဆန္ဒပြမှုအနေနဲ့ စတင်ခဲ့ပြီး လက်ရှိအချိန်ထိ ရန်ကုန်၊ နေပြည်တော်အပါအဝင် ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်မြို့ကြီးတွေမှာပါ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
ဆက်သွယ်လှူဒါန်းရန်
Singapore
မစောယုဝေ
+65 9067 6052
+65 96435583
U.S.A
ကိုဝင်းကျော်
515 664 9797 (Cell Phone)
515 339 8771 (Cell Phone)
641 328 1012 Store
Australia
ကိုသက်လွင်
04 98625588
Malaysia
ကိုနေလင်းအောင်
+60 11 3109 4018
------
ပြည်တွင်း
KBZ Account
07910105701213801
KBZ Pay
09448032915
Mobile Banking
27930199925390401