ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့

June 11, 2021

တအာင်း(ပလောင်)ဒေသတွင် ကြားကာလပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်း(ပလောင်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ  (CRPH)ရဲ့ လမ်းညွှန်ချက်နဲ့ ကြားကာလပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့ကို ခုလဆန်းပိုင်းမှာ ဖွဲ့စည်းထားပါတယ်။

အဲဒီကနေ့တဆင့်  ဇွန်လ ၁၁ ရက် ဒီနေ့မှာတော့ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ နမ္မတူ၊ ကျောက်မဲမြို့နယ် မြို့နယ် ၇ မြို့နယ်မှာ အဖွဲ့၀င် ၇၄ ယောက်နဲ့  ကြားကာလပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့ တိုးချဲ့ဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

တအာင်း(ပလောင်)ဒေသအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ယန္တရားတွေကို လည်ပတ်အောင် ကူညီပေးနေတဲ့ ၀န်းထမ်းတွေ အနေနဲ့ CDM ပါ၀င်ကြဖို့နဲ့ ပြည်သူဘက်က မားမားမတ်မတ်ရပ်တည်ဖို့လည်း တိုက်တွန်းထားပါတယ်။

တအာင်း(ပလောင်)ဒေသ ကြားကာလပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးအဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီပြုတ်ကျရေး  အကြမ်းမဖက်နည်းလမ်းနဲ့ ဆက်လည်း ဆန့်ကျင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

8 months Ago
Up