ပြည်သူ့လမ်းလျှောက်ပွဲ

A d v e r t i s e m e n t With Us

December 29, 2019

မိုးညှင်းမြို့ ဒီဇင်ဘာအားကစားလ ပြည်သူ့လမ်းလျှောက်ပွဲ လူ ၂၀၀၀ ကျော် ဆင်နွှဲ (ဓာတ်ပုံ)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ ဒီဇင်ဘာ အားကစားလ ပြည်သူ့လမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ရေးမှူးရုံးနဲ့ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့ပြီး လူ ၂၀၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ “အရင်နှစ်ကထက် ဒီနှစ်က လမ်းလျှောက်လာသူ ပိုပြီးများလာအောင် စည်းရုံးနိုင်ခဲ့ပါတယ်။ ကံစမ်းမဲ၊ ပေါက်မဲ ၁၄၀ စီစဉ်ထားပါတယ်။ အထူးဆုက ဆိုင်ကယ် လိုင်စင်ပါတဲ့ဟာပေါ့နော်။ ရေခဲသေတ္တာ၊ TV တွေ ထည့်ပေးထားပါတယ်” လို့ ပွဲစီစဉ်သူ အားကစားမှူး ဦးဗညာအောင်က ဒီဗွီဘီကို ပြောပါတယ်။ လမ်းလျှောက်ပွဲကို မနက် ၅ နာရီခွဲက စတင်ပြီး မိုးညှင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရှေ့ကနေ မြသိန်းတန်ဘုရားကြီးရှေ့ ရှမ်းတံတား၊ သံတံတား၊ အ.ထ.က (၁) ကျောင်းရှေ့၊ မြို့နယ်အားကစားကွင်းထိ ကိုယ်လက်လှုပ်ရှား သွေးပူလေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ကြပါတယ်။  ခင်သန်းညွန့်
1 year Ago
Up