ပြည်သူ့ရင်ပြင်

January 12, 2022

ရေးမြို့ ပြည်သူ့ရင်ပြင်ကွင်း၌ ဗုံးနှစ်ကြိမ်ပေါက်ကွဲ

မွန်ပြည်နယ် ရေးမြို့ ပြည်သူ့ရင်ပြင်ကွင်းမှာ ဇန်နဝါရီ ၁၁ ရက်နေ့က တရက်တည်း ဗုံးနှစ်ကြိမ် ပေါက်ကွဲခဲ့တာကြောင့် မြို့ခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

မနက် ၇ နာရီအချိန်က Hand speaker နဲ့ သံချပ်တွေ အသံသွင်းကာ လူမဲ့သပိတ်တခု ပြုလုပ်ခဲ့အပြီးမှာ ပြည်သူ့ရင်ပြင်ကနေ ဗုံးပေါက်သံက ပတ်ဝန်းကျင်တခုလုံးကို လွှမ်းခြုံသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ည ၁၀ နာရီလောက် လူတွေ အိပ်ချိန်ကလည်း အဆိုပါ ပြည်သူ့ရင်ပြင်ကွင်းမှာပဲ ဗုံးပေါက်ကွဲသံ ထပ်မံကြားရတာကြောင့် စိုးရိမ်ထိတ်လန့်နေကြတာလို့  မြို့ခံတဦးက ပြောပါတယ်။

လူမဲ့သပိတ် Hand Speaker  ကနေ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန့်ကျင် ဆန္ဒဖော်ထုတ်ခဲ့ကြတာလို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရရှိသူ မရှိပေမယ့်  ဗုံးသံတွေ နေ့ညပါ ကြားနေရတာကြောင့် မြို့နေပြည်သူတွေ အကြောက်တရားနဲ့ နေနေကြရတယ်လို့ ဆိုပါတယ်။

ပြည်သူ့ရင်ပြင်ကွင်းမှာ  ၂ ကြိမ် ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်သွားတယ်ဆိုတာ ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

စစ်အာဏာသိမ်းပြီးကတည်းက ရေးမြို့မှာ ည ၈ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

2 weeks Ago

February 2, 2021

ပြည်သူ့ရင်ပြင်တွင် တပ်မတော် ထောက်ခံပွဲ ကျင်းပရန်ပြင်ဆင်နေ (ဓာတ်ပုံ)

ရန်ကုန်မြို့ရှိ ပြည်သူရင်ပြင်မှာ တပ်မတော် ထောက်ခံပွဲတခုပြုလုပ်ဖို့ ဒီကနေ့ ပြင်ဆင်နေတာကို မြင်တွေ့ရပါတယ်။ ရွေးကောက်ခံ အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးကာ နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ခုလို တပ်မတော် ထောက်ခံပွဲတွေကျင်းပဖို့ စီစဉ်နေတာဖြစ်ပါတယ်။

12 months Ago
Up