ပြည်သူ့ရင်ခွင်(ဝက်လက်)

October 9, 2021

ပြည်သူ့ရင်ခွင်(ဝက်လက်)သို့ တပ်မတော်သား ၃ ဦး ဝင်ရောက်ခိုလှုံ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အောက်တိုဘာ ၈ ရက်နေ့က တပ်မတော်သား ၃ ဦး ပြည်သူ့ရင်ခွင် ဝင်ရောက်ခိုလှုံခဲ့တယ်လို့ ပြည်သူ့ရင်ခွင်(ဝက်လက်)က ထုတ်ပြန် ကြေညာထားပါတယ်။

အဆိုပါတပ်မတော်သား ၃ ဦးဟာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်က ဖြစ်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေစစ်ဆင်ရေး ထွက်ခွာလာချိန် လမ်းခုလတ်ကနေ ပြည်သူ့ရင်ခွင်(ဝက်လက်)ကို ဆက်သွယ် အကြောင်းကြားလာတဲ့အတွက် ၂၄ နာရီအတွင်း လွတ်မြောက်နယ်မြေကို လိုအပ်တဲ့ ငွေကြေးအကူအညီတွေ ပေးအပ်ပြီး အန္တရာယ်ကင်းရှင်းစွာ ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ ပြည်သူ့ရင်ခွင်(ဝက်လက်)က ဆိုပါတယ်။

ပြည်သူ့ရင်ခွင်(ဝက်လက်) Facebook Page ကနေ စက်တင်ဘာ ၂၅ ရက်နေ့က ပြည်သူ့တပ်မတော်သားတွေနဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ ကြေညာခဲ့ပြီးနောက်ပိုင်း ပထမဆုံး တပ်မတော်သား ၃ ဦး စတင်ခိုလှုံခဲ့တာလို့ သိရပါတယ်။

1 year Ago
Up