ပြည်သူ့ဈေး

October 12, 2021

ကျိုက်ထို ပြည်သူ့ဈေး မီးလောင်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ပြည်သူ့ဈေးကြီးမှာ အောက်တိုဘာ ၁၂ ရက် ဒီနေ့ မနက် ၆ နာရီလောက်က  မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဈေးသူဈေးသားတွေက  ဒီဗွီဘီကို ပြောပါတယ်။

အဲဒီမီးလောင်မှုဟာ ဈေးရုံ ၄ ရှိ လျှပ်စစ်ပစ္စည်းဆိုင်တွေနဲ့ ကုန်မာပစ္စည်းရောင်းချနေတဲ့ ဆိုင်ခန်းဘက် မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

ဈေးသူဈေးသားတွေကတော့ ကျိုက်ထို ပြည်သူ့ဈေးမီးလောင်မှုဟာ ဈေးဖွင့်တော့မယ့်အချိန်မှာ လောင်ကျွမ်းခဲ့တာဖြစ်လို့ အချိန်မီ ဝိုင်းဝန်း မီးငြှိမ်းသတ်နိုင်ခဲ့တာလို့ ပြောပါတယ်။

မီးလောင်မှုကြောင့် လျှပ်စစ်ပစ္စည်းဆိုင်အပါအဝင် ကုန်မာပစ္စည်း ရောင်းချတဲ့ ဆိုင်ခန်း ၈ ခန်း မီးလောင်ကျွမ်းခဲ့ပြီး၊ ပျက်စီးဆုံးရှုံးမှုအနေနဲ့ ကျပ် ၂၁ သိန်းနီးပါး ဆုံးရှုံးခဲ့တယ်လို့ ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနက ပြောပါတယ်။

ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနက ကျိုက်ထိုပြည်သူ့ဈေး မီးလောင်မှု အကြောင်းအရင်းကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

1 year Ago
Up