ပြည်သူ့ဆေးရုံ

May 17, 2021

သိန်းနီမြို့နယ် ပြည်သူ့ဆေးရုံကြီးက CDM ဝန်ထမ်းများခြိမ်းခြောက်ခံနေရ

ရှမ်းပြည်မြောက်ပိုင်း၊ သိန်းနီမြို့နယ် ပြည်သူဆေးရုံကြီးက CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှူးက ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်ပြန်ဝင်ဖို့၊ နိုင်ငံတော်က ထုတ်ပေးထားတဲ့ ဆုကြေးငွေ ၂ လစာကို ပြန်လည်ပေးဆပ်ဖို့နဲ့ ပြန်လည်မပေးဆပ်ရင် တရားစွဲမယ်လို့  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာ ဇော်မိုးအောင်က ဖိအားပေးခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ စစ်အာဏာရှင်တော်လှန်ရေး အောင်မြင်တဲ့အထိ ဘယ်လိုဖိအားပေး ခြိမ်းခြောက်မှုမျိုးကိုမဆို ကြောက်ရွံ့နေမှာ မဟုတ်သလို CDM လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ကျန်းမာရေးဝန်ထမ်းတွေက ဆိုပါတယ်။

"လက်ရှိ ဝန်ထမ်းတွေက CDM ကို အောင်မြင်တဲ့အထိ အဆုံးအထိ  လုပ်ဆောင်သွားမယ်။ အလုပ်ထုတ် ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲတဲ့အထိဖြစ်လာခဲ့ရင်လည်း အဆုံးထိ တိုက်ပွဲဝင်သွားမယ် " လို့ CDM မှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက  ပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ လုံခြုံရေးအရတိမ်းရှောင်နေရသလို စားသောက်ရေးအတွက် ငွေကြေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

သိန်းနီမြို့နယ် ပြည်သူ့ ဆေးရုံကြီးက CDM မှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်း ၃၄ ဦးရှိပြီး မိမိတို့လုံခြုံရေးအပြင် ၊ မိသားစုလုံခြုံရေးနဲ့ ဝန်ထမ်းအိမ်ရာမှာ ကျန်ရစ်ခဲ့တဲ့ ကိုယ်ပိုင် ပစ္စည်းတွေအတွက်လည်း  စိုးရိမ်နေ​ကြရပါတယ်။

1 year Ago

April 7, 2021

သရက်ခရိုင်ပြည်သူ့ဆေးရုံက CDM ဝန်ထမ်းများကို နေအိမ်မှဖယ်ရှားခိုင်း

သရက်ခရိုင်ပြည်သူ့ဆေးရုံက CDM ပြုလုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အကြမ်းဖက်စစ်ကောင်စီက ဧပြီ ၈ ရက်နေ့နောက်ဆုံးထားပြီး ဖယ်ရှားခိုင်းနေတယ်လို့ သရက်မြို့ဒေသခံတွေဆီကနေ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီက အဲဒီလိုဖယ်ရှားခိုင်းတာကြောင့် ဆရာဝန်၊ သူနာပြုတွေအပါအဝင် CDM ပြုလုပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ဧပြီလ ၇ ရက်နေ့က စလို့ ပြောင်းရွှေ့တာတွေပြုလုပ်နေပြီလို့ ဆိုပါတယ်။

1 year Ago
More News
Up