.ပြည်သူ့ဆန္ဒ

February 4, 2021

ပြည်သူ့ဆန္ဒနှင့်အတူ တသားတည်း ရပ်တည်ကြောင်း သွားနှင့်ခံတွင်း ဆရာဝန်အသင်း ထုတ်ပြန်

လက်ရှိတိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေပေါ် စိုးရိမ်တကြီး စောင့်ကြည့်နေပြီး ပြည်သူ့ဆန္ဒ သဘောထားနဲ့အတူ တသားတည်း ရပ်တည်ကြောင်း မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်းက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်ပေးဖို့နဲ့ မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်းဟာ မိမိတို့ရဲ့ အတတ်ပညာနဲ့ ပြည်သူတွေရဲ့ လိုအပ်မှုတိုင်းအတွက် အသင့်ရှိနေမယ်လို့ အသိပေးထားပါတယ်။

မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်းဟာ ဆရာဝန် ၅၀၀၀ ကျော်ကို ကိုယ်စားပြုတဲ့အသင်းဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

2 years Ago
Up