ပြည်သူ့စစ်အယောင်ဆောင်

A d v e r t i s e m e n t With Us

January 7, 2021

ပြည်သူ့စစ်အယောင်ဆောင် ၁ ဦးကို လက်နက်ခဲယမ်းများနှင့် အတူ လားရှိုးတွင် ဖမ်းမိ

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ အမှတ် ၇ ရပ်ကွက်နယ်မြေ ၆ ၊ အေးသာယာလမ်းထဲမှ ဇန်နဝါရီ ၆ ရက်က ပြည်သူ့စစ်အယောင်ဆောင် လူငယ် တစ်ယောက်ကို  လက်နက်ခဲယမ်း တချို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ လာရှိုးမြို့မရဲစခန်းကနေ သိရပါတယ်။ လားရှိုးမြို့မရဲစခန်း အမှုစစ်ရဲအရာရှိတစ်ဦးက “နယ်မြေခံပြည်သူ့စစ်တာဝန်ခံကို ဆက်သွယ်စုံစမ်းမေးမြန်းအခါ သူတို့ရဲ့ တပ်ဖွဲ့ဝင်မဟုတ်ကြောင်း အကြောင်းပြန်လာပါတယ်။ လတ်တလော လက်နက်အက်ဥပဒေနဲ့ အမှုဖွင့်လှစ်ထားပါတယ်”လို့  ပြောပါတယ်။ အဆိုပါနေ့က လားရှိုးမြို့နယ်အမှတ် ၇ ရပ်ကွက်နယ်မြေ ၆၊ အေးသာယာလမ်းနေ လီဖူရှိုး(ခ)စန်းတီ  ဆိုသူနေအိမ်မှာ လက်နတ်တချို့ရှိနေတယ်ဆိုတဲ့ သတင်းအရ နယ်မြေခံ  ရဲတပ်ဖွဲ့ဝင်တွေနဲ့ သက်သေတချို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သူ နေထိုင်ရာနေအိမ်ကို ဝင်ရောက်စစ်ဆေးခဲ့ကြတာပါ။ စစ်ဆေးရာမှာ မောင်းပြန်ရိုင်ဖယ် သေနတ် ၁ လက်၊ ၅ လုံးပြူးသေနတ် ၁ လက်ကို ခန္ဓာကိုယ်ပေါ်မှာ  တွေ့ရပြီး Toyota ကားပေါ် သိမ်းဆည်းထားတဲ့ ရိုင်ဖယ်ကျည်   ၁၁၈ တောင့်၊ ကျည်အိမ် ၄ ခု ၊ Luger - 38 ၅ လုံးပြူးကျည် ၃၂ တောင့် ၊  ပလပ်စတစ်လက်ပစ်ဗုံး ၁ လုံး၊ လက်ထိပ် ၂ စုံ ၊ စကားပြောစက် ၅  လုံးနဲ့ ပြည်သူ့စစ် အမှတ်အသားပါယူနီဖောင်း ၃ စုံ၊ ပိုက်ဆံ ကျပ်  ၄ သိန်းနဲ့ စစ်ဘက်  အသုံးအဆောင်ပစ္စည်းတွေ တွေ့ရှိခဲ့ပါတယ်။ အဆိုပါ လက်နက်ခဲယမ်းတွေ လက်ဝယ်ထားရှိသူ လီဖူရှိုး (ခ) စန်းတီ ဆိုသူကို လာရှိုး မြို့မရဲစခန်းက လက်နက် ဥပဒေပုဒ်မ ၁၉(စ)နဲ့ အမှုဖွင့်လှစ်  အရေးယူထားပါတယ်။ သတင်း- ရဲထွဋ်
2 months Ago
Up