ပြည်သူ့စစ်စခန်း

September 9, 2021

မူဆယ်မြို့နယ်က ပြည်သူ့စစ်စခန်းတခု မီးရှို့ဖျက်ဆီးခံရ

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာ အုပ်စုအတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ မိုင်းမိုင်ဆင်ကျော့ဌာ‌နေပြည်သူ့စစ်စခန်းတစ်ခု စက်တင်ဘာ ၉ ရက်‌နေ့ မနက်ပိုင်းက မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ခံရတာကြောင့် မိုင်းမိုင်ဆင်ကျော့ဌာ‌နေပြည်သူ့စစ်စခန်းတခုလုံး ပျက်စီးသွားပြီး ဘယ်အဖွဲ့က မီးရှို့ဖျက်ဆီးသွားလဲဆိုတာတော့ မသိရသေးပါဘူး။

ဆင်ကျော့ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဟာ ရှမ်းလက်နက်ကိုင်တော်လှန်းရေးတပ်ဖွဲ့ကနေ ၁၉၈၉ ခုနှစ်က ခွဲထွက်လာပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးယူကာ ၂၀၀၉ ခုနှစ်မှာ စစ်တပ်လက်အောက်ခံ ဌာနေပြည်သူ့စစ်တပ်ဖွဲ့အဖြစ် အသွင်းပြောင်းလာတဲ့ တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။

မူဆယ်မြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်အပြင် အသွင်မတူ လူမျိုးနဲ့ ဒေသမတူတဲ့ ဌာနေပြည်သူ့ စစ်တပ်‌ဖွဲ့ပေါင်း ဆယ်နဲ့ချီပြီး မူးယစ်းဆေးဝါး၊ မှောင်ခိုကုန်သွယ်ရေး၊ လောင်းကစားနဲ့ တရားမဝင်စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတာရှိပါတယ်။

ဒါ့အပြင် KIA (ကချင်)၊ TNLA (တအာင်း)၊ MNDAA (ကိုးကန့်)၊  SSPP/SSA(ရှမ်းတပ်)၊ RCSS/SSA အပြင် အခြားသော တိုင်းရင်းသားတပ်တွေလည်း စစ်ရေးလှုပ်ရှားမှုပါတယ်။

1 month Ago
Up