ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ

A d v e r t i s e m e n t With Us

April 25, 2020

၁၁ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ ကျင်းပ

COVID-19 ဖြစ်ပွားနေစဉ်ကာလအတွင်း အသက်အန္တရာယ်ကို စွန့်ပြီး ရောဂါရှိတဲ့သူတွေကို ကူညီကုသပေးနေတဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအပြင် ပရဟိတသမားတွေကို ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရောက်ရှိနေတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတဲ့ ပရဟိတသမားတွေကို နှစ်စဉ် ဆုချီးမြှင့်ပေးနေတာ ဖြစ်ပါတယ်။  ဒီနှစ်မှာလည်း COVID-19 ဖြစ်ပွားနေစဉ်ကာလအတွင်း အသက်အန္တရာယ်ကို စွန့်ပြီး ရောဂါရှိတဲ့သူတွေကို ကူညီကုသပေးနေတဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအပြင် ပရဟိတသမားတွေကို တောင်ကိုရီးယား၊ ထိုင်း၊ အမေရိက အင်္ဂလန်၊ ဂျပန်၊ စင်ကာပူရောက် စတဲ့ မြန်မာနိုင်ငံသားတွေက ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုဆု ပေးအပ်ခဲ့တာပါ။  ဆုငွေကျပ် သိန်း ၄၀၃ သိန်းကို COVID-19 ကုသထိန်းချုပ်ရေးအမျိုသားအဆင့် ဗဟိုကော်မတီကို ပေးအပ်လှူဒါန်းတဲ့ အခမ်းအနားကိုတော့ ဧပြီ ၂၅ ရက်နေ့က ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာန၊ ဧည့်ရိပ်သာမှာ ကျင်းပခဲ့ပါတယ်။  ရရှိတဲ့အလှူငွေတွေကိုတော့ COVID-19 ကာကွယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ တနိုင်ငံလုံးက လိုအပ်နေတဲ့ နေရာတွေမှာ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ သုံးစွဲသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ပြောပါတယ်။ ပထမဆုံးအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ နာရေးကူညီမှုအသင်းက ဦးကျော်သူက ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ မန္တလေးမြို့စည်ပင်သာယာရေးကော်မတီက ရရှိခဲ့ပြီး ပြည်သူ့ဂုဏ်ရည်ဆုအပြင် ပြည်သူ့တွေအကျိုးကို ကိုယ်ကျိုးစွန့်လုပ်ဆောင်ပေးနေတဲ့ သူတွေကို ဆုငွေ အမေရိကန်ဒေါ်လာ ၁ သောင်းချီးမြှင့်ပေးတာဖြစ်ပြီး အထူးဆုတွေပါ ချီးမြှင့်ပေးတာလို့ ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဦးဇော်ဇော်အောင်က ပြောပါတယ်။
11 months Ago
Up