ပြည်သူအချို့ဖမ်းဆီးခံရ

April 2, 2021

CNN သတင်းထောက်ကို အင်တာဗျုးဖြေဆိုခဲ့သည့် ပြည်သူအချို့ ဖမ်းဆီးထိန်းသိမ်းခံရ

ရန်ကုန် အင်းစိန်မြို့နယ် (၁၀)မိုင်ကုန်းဈေးမှာ ဒီနေ့ ဧပြီ ၂ ရက်နေ့မနက်က သတင်းယူဖို့ ရောက်ရှိနေတဲ့ CNN နိုင်ငံတကာ သတင်းထောက်ချုပ် Clarissa Ward နဲ့အဖွဲ့ အင်တာဗျုးမေးမြန်းခဲ့တဲ့ ဆိုင်ရှင်အမျိုးသမီး ၂ ဦးကို CNN အဖွဲ့ ပြန်သွားပြီးချင်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မင်္ဂလာဒုံဈေးမှာလည်း အင်တာဗျုးဖြေဆိုခဲ့တဲ့ ပြည်သူ ၂ ယောက်လည်း ထိန်းသိမ်းခံရတယ်လို့ သိရပါတယ်။

CNN သတင်းထောက်နဲ့အဖွဲ့ဟာ ဒီနေ့မှာတော့ ရွှေတိဂုံစေတီတော်၊ အင်းစိန် စော်ဘွားကြီးကုန်း၊ မင်္ဂလာဒုံဈေးနဲ့ ရန်ကုန်မြို့လယ်နေရာတွေကို လှည့်ပတ်သွားရောက်ခဲ့တာကို တွေ့ရပါတယ်။

8 months Ago
Up