ပြည်သူသောင်းချီ

February 13, 2021

စစ်အာဏာရှင်ဆန့်ကျင်ရေး လက်ပံတန်းမြို့ဆန္ဒပြပွဲ ပြည်သူသောင်းချီပါဝင်

 

လက်ပံတန်းမြိုရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ၆ ရက်မြောက်နေ့မှာ ပြည်သူတွေ အင်အားသောင်းချီ ဆက်လက်ဆန္ဒပြနေကြပါတယ်။

လက်ပံတန်းမြို့မှာ ညဘက်တွေမှာ လိုက်လံဖမ်းဆီးနေတာကြောင့် ဆန္ဒပြပွဲ ဦးဆောင်သူအချို့ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒီနေ့ ဆန္ဒပြပွဲဟာ အရင်ရက်တွေထက် လူဦးရေမလျော့ဘဲ သောင်းချီတဲ့ ကျောင်းသား ပြည်သူတွေက ဆက်လက်  ဆန္ဒပြနေကြတာပါ။

သတင်း/ဓါတ်ပုံ ဝဏ္ဏထွန်း

2 years Ago

October 31, 2020

ပိုလန်နိုင်ငံတွင် ကိုယ်ဝန်ဖျက်ချခွင့် တားမြစ်မှုကို ပြည်သူသောင်းချီ ဆန္ဒပြ

ပိုလန်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချခွင့်ကို လုံးဝနီးပါးတားမြစ်တဲ့ သဘောသက်ရောက်တဲ့ တရားရုံးချုပ်ဆုံးဖြတ်ချက်ကို အောက်တိုဘာလ ၃၀ ရက်က မြို့တော် ဝါဆောမှာ ပြည်သူ သောင်းချီ ချီတက်ဆန္ဒပြခဲ့ပါတယ်။  ဒါဟာ တရားရုံးချုပ် ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့ ၉ ရက်ကြာ ဆန္ဒပြပွဲမှာ အကြီးဆုံးဖြစ်ပါတယ်။  ဆန္ဒပြပွဲကြီးဟာ ဝါဆောမြို့ရဲ့ သီးခြားနေရာ ၃ ခုမှာ စတင်ပြီး အဲဒီနေရာတွေကနေ ဆန္ဒပြသူတွေဟာ အစိုးရနဲ့ လွှတ်တော်အဆောက်အအုံတွေကို ကျော်ဖြတ်ကာ အထင်ကရ ယဉ်ကျေးမှုနန်းတော်အနီး လမ်းဆုံအဝိုင်းကို ချီတက်ကြပါတယ်။  ရဲကားတွေက သူတို့ကို လူစုခွဲခိုင်းပြီး ခေါင်းပေါ်မှာလည်း ရဟတ်ယာဉ်တစ်စီး ပျံဝဲနေတာကြောင့် နောက်ပိုင်း  လူအုပ်တွေဟာ  PIS  ပါတီခေါင်းဆောင် ယာဟိုဆလပ် ကယ်ဇန်စကီ နေအိမ်အနီးကို နေရာရွှေ့သွားပါတယ်။  အောက်တိုဘာ ၂၂ ရက်မှာ  ဖွဲ့စည်းပုံတရားရုံးက သန္ဓေသားကို ထိခိုက်နိုင်တာကြောင့် ကိုယ်ဝန်ဖျက်ချတာကို တရားမဝင်ဘူးလို့  ဆုံးဖြတ်ခဲ့ပါတယ်။  အဲဒီနောက်ပိုင်း မြို့တော် ဝါဆောမှာ လူ ၁ သိန်းလောက် စုဝေးဆန္ဒပြခဲ့ကြတယ်လို့ စီစဉ်သူတွေက ပြောခဲ့ပါတယ်။  အဲဒီနောက်မှာတော့ ပိုလန်နိုင်ငံတဝှမ်းက မြို့တွေမှာ  နေ့စဉ်ရက်ဆက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး ဒီဆန္ဒပြပွဲတွေဟာ အမျိုးသားဝါဒီ PIS  အစိုးရနဲ့ အာဏရပါတီနဲ့ မဟာမိတ်ဖြစ်နေတဲ့ ကက်သလစ်ကျောင်းတော်အပေါ် မကျေနပ်မှုအဖြစ် ပြောင်းလဲသွားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
Up