ပြည်သူများအပေါ်

A d v e r t i s e m e n t With Us

December 21, 2019

ဆီးရီးယား ပြည်သူများအပေါ် အကူအညီပေးရေး အစီအစဉ် ရုရှား ပယ်ချ

ဆီးရီးယားပြည်သူတွေကို နယ်စပ်ဖြတ်ပြီး အကူအညီပေးမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ရုရှားက ၁၄ ကြိမ်မြောက် ဗီတိုအာဏာသုံးပြီး ဒီဇင်ဘာ ၂၀ ရက်မှာ တားဆီးလိုက်ပါတယ်။    ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဘယ်လ်ဂျီယံ၊ ကူဝိတ်နဲ့ ဂျာမနီတို့က  အကူအညီပေးမယ့် ဆုံးဖြတ်ချက် မူကြမ်းကို ရေးဆွဲခဲ့ပါတယ်။  မူကြမ်းအရ  တူရကီနယ်စပ် နေရာနှစ်ခုနဲ့ အီရတ် နယ်စပ်နေရာတခုကနေ နောက် ၁၂ လအတွင်း ဆီးရီးယားပြည်သူတွေအတွက် လူသားချင်းဆိုင်ရာ အကူအညီတွေကို ပေးပို့ဖို့ ဖြစ်ပါတယ်။ ဆီးရီးယားမဟာမိတ်  ရုရှားကတော့ တူရကီနယ်စပ်နေရာ နှစ်ခုကသာ နောက် ၆ လအတွက် ခွင့်ပြုလိုပြီး သူ့ကိုယ်ပိုင်မူကြမ်းကို အဆိုပြုထားပါတယ်။  အကူအညီပေးမယ့် ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၃ နိုင်ငံက ထောက်ခံခဲ့ပေမယ့် ရုရှားနဲ့ တရုတ်တို့က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။ ဆုံးဖြတ်ချက်မူကြမ်း  အတည်ဖြစ်ဖို့ဆိုရင် အနည်းဆုံး ထောက်ခံမဲ ၉ မဲ လိုအပ်သလို  ဗီတိုအာဏာနဲ့ မပယ်ချဖို့ လိုအပ်တယ်လို့ ရိုက်တာ သတင်းအရ သိရပါတယ်။
1 year Ago
Up