ပြည်သူများပိတ်မိ

March 30, 2021

ပဲခူး ဆံတော်တွင်းလမ်းနှင့်မဂ္ဂတစ်လမ်းတွင် အကြမ်းဖက်စစ်အုပ်စုကြောင့် ပြည်သူများပိတ်မိနေ

ပဲခူးမြို့ ရွှေမော်ဓောဘုရား တောင်ဘက်မုခ် ဆံတော်တွင်းလမ်းထဲက ဘုန်းကြီးကျောင်းတခုမှာ အကြမ်းဖက်စစ်အုပ်စုက တပ်ဆွဲထားတဲ့အပြင် ဝင်ရောက်လို့ရမယ့် လမ်းတွေကိုလည်း ပိတ်ဆို့ထားတာကြောင့် ပြည်သူတွေ ပိတ်မိနေတယ်လို့ သိရပါတယ်။

အဲဒီလမ်း​တွေမှာနေတဲ့ ပြည်သူတွေ ပိတ်မိနေပြီး အပြင်က လာရောက်ကူညီဝန်းရံမယ့်အဖွဲ့တွေ ဝင်မရအောင် ပိတ်ဆို့ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆံတော်တွင်းလမ်းနဲ့မဂ္ဂတစ်လမ်းမှာ ပြီးခဲ့တဲ့ ရက်ကတည်းက အကြမ်းဖက်စစ်အုပ်စုရဲ့ ပစတ်ခတ်မှုကြောင့် သေဆုံး ဒဏ်ရာရသူတွေ အများအပြားရှိခဲ့ပြီး နေ့စဉ် လာရောက်ပစ်နေတာပါ။

အခုလို အကြမ်းဖက်စစ်အုပ်စုကနေ အဲဒီလမ်းကပြည်သူတွေကို ဖျက် ၄ ဖျက်ပုံစံနဲ့ ပိတ်ဆို့ထားပေမယ့် လမ်းအတွင်းမှာပိတ်မိနေတဲ့ လူငယ်တွေက သူတို့လမ်းထဲကို အကြမ်းဖက် စစ်အုပ်စုတွေ အလွတ်တကူဝင်လို့မရအောင် အတားအဆီးတွေကို အခိုင်အမာပြုလုပ်ပြီး အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို ဆက်လက်လုပ်ဆောင်နေကြပါတယ်။

2 months Ago
Up