ပြည်သူများ

March 27, 2021

တာမွေတိုက်ပွဲဝင် ပြည်သူများက လမ်းများကို အလံနက်ထောင် ပြန်လည်သိမ်းပိုက်

ရန်ကုန်မြို့ တာမွေသပိတ်ကို ဒီနေ့ (ဖက်ဆစ်တော်လှန်ရေးနေ့) မနက်ပိုင်းက စတင်ပြီး စစ်ကောင်စီလက်နက်ကိုင်တပ်တွေ ၃ ကြိမ်တိုင်တိုင်ဖြိုခွင်းခဲ့ပေမယ့် ပြည်သူတွေက လမ်းတွေမှာ အတားအဆီးတွေ ပြုလုပ်ပြီး အလံနက်ထောင်ကာ ပြန်လည်သိမ်းပိုက်ခဲ့ကြပါတယ်။

Photo - MPA

7 months Ago

September 8, 2020

ပိုးတွေ့များသည့် ရန်ကုန် ၅ မြို့နယ်နေ ပြည်သူများကို  ကျန်းမာရေးစစ်ဆေးမည် 

မြန်မာပြည် ကူးစက်မြန် ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းအတွင်း ပိုးတွေ့လူနာ များပြားလာတဲ့ သင်္ဃန်းကျွန်း၊ တာမွေ၊ တောင်ဥက္ကလာပ၊ သာကေတနဲ့ ပိုးတွေ့များတဲ့ နောက်ထပ်မြို့နယ် တမြို့နယ်က ပြည်သူတွေကို စက်တင်ဘာ ၈ ရက်နေ့က စပြီး ကျန်းမာရေး စစ်ဆေးပေးသွားမယ်လို့ မြို့နယ် ကိုဗစ်ကော်မတီတွေဆီက သိရပါတယ်။ သင်္ဃန်းကျွန်းနေ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောအောင်ရွှေဖြူက “ကား ၁၀ စီးနဲ့ ကျနော်တို့  ရပ်ကွက် ၁၀ ခုက ပြည်သူတွေကို အပူချိန်တိုင်းတာတွေ လုပ်မယ်။ နောက်မေးခွန်းလေးတွေ မေးမှာပေါ့။ ဖျားနာခြင်း၊ နှာစေးခြင်း၊ အသက်ရှုကြပ်ခြင်း စတဲ့ ရောဂါလက္ခဏာတွေကို ကားမှာရှိတဲ့ ဆရာမတွေက မေးမှာဖြစ်ပါတယ်။ အဲလိုမေးပြီးမှ ရောဂါရှိ၊ မရှိ ရှာဖွေမှာ ဖြစ်ပါတယ်။ အဖျားလည်း တိုင်းမယ်၊ ရောဂါလက္ခဏာလည်း ရှာဖွေမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်မှာ ရပ်ကွက် ၃၈ ရပ်ကွက်ရှိပြီး၊ ပိုးတွေ့လူနာများတဲ့ ရပ်ကွက်တွေက ပြည်သူတွေကို အပူချိန်တိုင်းတာ တာနဲ့ ကျန်းမာရေးစစ်ဆေးတာတွေကို ဒီနေ့ မနက်ပိုင်းက စတင်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၈ ရက်မှာ သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှာနေထိုင်တဲ့ ပြည်သူတွေကို ကျန်းမာရေး စစ်တမ်းကောက်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က “ပိုးတွေ့လူနာများတဲ့ ရပ်ကွက်တွေ ဖြစ်မှာပေါ့။ နည်းနည်းတော့ ကြပ်ကြပ်မတ်မတ်လုပ်မှရမယ်။ ဘာလို့လဲဆိုတော့ ပထမ တခေါက်လုပ်တုန်းက ကျနော်တို့ အတွေ့အကြုံရှိဖူးတယ်။ ပထမ တခေါက်တုန်းက ဒီလိုပဲ ကားကြီးနဲ့လာတယ်။ တချို့တွေကျတော့လည်း  ဆင်းမလာတဲ့သူတွေလည်း ရှိတယ်။ တချို့တွေကျတော့လည်း မနက်အစောကြီးဆိုတော့ အလုပ်ထွက်သွားလို့ မမီတဲ့သူတွေလည်း ရှိတယ်။ အဲတော့ ဖျားနေတဲ့သူက အိမ်ထဲမှာ ကျန်နေတာ ရှိကောင်းရှိမယ်။ အဲတော့ နည်းနည်းကြပ်ကြပ်မတ်မတ်လုပ်မှ အဆင်ပြေလိမ့်မယ်။ မဟုတ်ရင် ဘာမှ ထိရောက်မှာ မဟုတ်ဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။ ကျန်မာရေး စစ်ဆေးပေးတာကို ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ တိုင်း ကိုဗစ်ကော်မတီတို့က စီစဉ်ဆောင်ရွက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကိုဗစ်ပထမလှိုင်းတုန်းကလည်း  ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၃၃ မြို့နယ်ကို ကျန်းမာရေးစစ်တမ်းကောက်ယူခဲ့ပါသေးတယ်။
1 year Ago
More News
Up