ပြည်သူပိုင်

September 30, 2021

ပေါက်မြို့နယ်တွင် ပြည်သူပိုင် ကားနှင့်ဆိုင်ကယ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဝန်ခြုံးကျေးရွာအုပ်စု၊ အိုင့်ကြယ်ကျေးရွာ၊ ရွာဦးဘုန်းကြီး ကျောင်းမှာထားတဲ့ ကျေးရွာပြည်သူပိုင် ဆိုင်ကယ်တွေနဲ့ မော်တော်ယာဉ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၃၀ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်က မီးရှို့သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက ''ဆိုင်ကယ်တွေ ကားတွေကို ဘုန်းကြီးကျောင်းမှာထားကြတာ။ ပခုက္ကူနဲ့ ဝန်ခြုံးဆွဲနေတဲ့ကားတွေ ၃၊ ၄ စီးတော့ရှိမယ်။ ဆိုင်ကယ်တွေလည်း အစီးရေ ၂၅၊ ၃၀ လောက်တော့ ရှိမယ်ထင်တယ်။ ရွာထဲကို စစ်သားတွေဝင်လာကတည်းက ရွာသားတွေလည်း ပြေးကြတာဆိုတော့ အတိအကျတော့မသိသေးဘူး” လို့ ပြောပါတယ်။

အိုင့်ကြယ်ကျေးရွာဟာ ဝန်ခြုံးကျေးရွာအနီးမှာရှိပြီး ဝန်ခြုံးရွာက စစ်ဘေးရှောင်ပြည်သူတချို့ နေထိုင်နေပြီး စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေပါ ဘေးလွတ်ရာကို ထွက်ပြေးလာကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နောက်ဆက်တွဲအခြေအနေကို ထပ်မံသိရှိနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

3 weeks Ago
Up