ပြည်သူထောင်ချီ

August 22, 2020

မာလီတွင် စစ်အာဏာသိမ်းမှုကို ထောက်ခံသည့် ပြည်သူထောင်ချီ အောင်ပွဲခံ

မာလီနိုင်ငံမှာ စစ်အာဏာသိမ်းတာကို ထောက်ခံတဲ့ ပြည်သူ ထောင်ချီပြီး  သြဂုတ်  ၂၁ ရက်က မြို့တော်ဘမ်မာကိုမှာ  အောင်ပွဲအခမ်းအနားကျင်းပခဲ့ပါတယ်။  သမ္မတ ကေတာကို  ရာထူးက ဖြုတ်ချတဲ့အပေါ်  မာလီရဲ့နိုင်ငံတကာ မိတ်ဖက်တွေက စိတ်ပူနေပါတယ်။  သူတို့က စစ်အာဏာသိမ်းမှုဟာ  ပြင်သစ်ကိုလိုနီဟောင်း  မာလီနိုင်ငံနဲ့ အနောက်အာဖရိက ဆာဟယ်ဒေသတစ်ခုလုံးကို မတည်မငြိမ်ဖြစ်စေမှာကို စိုးရိမ်နေပါတယ်။  ဒါပေမဲ့လည်း အာဏာသိမ်းတာကို ထောက်ခံတဲ့ မာလီနိုင်ငံသားတွေကတော့ မြို့တော် ဘမ်မာကိုက လွတ်လပ်ရေးရင်ပြင်မှာ သီဆိုကခုန် အောင်ပွဲခံနေပါတယ်။   လာရောက် ကျေးဇူးတင်စကားဆိုတဲ့ စစ်အာဏာသိမ်းအဖွဲ့ဝင်တွေကိုလည်း သူတို့က ဘောလုံး အကျော်အမော်တွေလို  ကြိုဆိုခဲ့ပါတယ်။   စစ်အာဏာသိမ်းမှုကို နိုင်ငံပိုင်ရုပ်သံကနေ ကြေညာတဲ့ ဗိုလ်မှူးကြီး  အစ္စမေးဝက်ဂ်ကလည်း  သူတို့ကို ထောက်ခံတဲ့အတွက် မာလီပြည်သူအားလုံးကို ကျေးဇူးတင်တယ်လို့ ပြောဆိုပါတယ်။   ဗိုလ်မှူးကြီး ဝက်ဂ်နဲ့ စစ်အာဏာသိမ်း ဒုသမ္မတ ဗိုလ်မှူးကြီး ဒီအောတို့ဟာ  သြဂုတ် ၂၀ ရက်က  နိုင်ငံရေးသမား တစုနဲ့တွေ့ဆုံပြီး အရပ်သားအစိုးရ အာဏာရရေးအတွက် အသွင်ကူး ပြောင်းရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 
8 months Ago

August 9, 2020

အစ္စရေးဝန်ကြီးချုပ် နုတ်ထွက်ပေးရန် ပြည်သူထောင်ချီ ဆန္ဒပြ

ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကို ကိုင်တွယ်ပုံနဲ့ အကျင့်ပျက်ခြစားမှု စွဲချက်တွေအတွက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု အိမ်တော်နားမှာ ဩဂုတ် ၈ ရက်က အစ္စရေးပြည်သူ ထောင်ချီ ဆန္ဒပြ ချီတက်ခဲ့ပါတယ်။  ဆန္ဒပြသူတွေက အစ္စရေး နိုင်ငံတော်အလံတွေေ ‌ဝှေ့ယမ်းပြီး ရာထူးက နုတ်ထွက်ပေးဖို့ ဝန်ကြီးချုပ်ကို တောင်းဆိုခဲ့ပါတယ်။  ဝန်ကြီးချုပ်အနေနဲ့ ကိုဗစ်ကပ်ဘေးကြောင့် အလုပ်အကိုင်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေ ထိခိုက်ရမှုကို မကိုင်တွယ်နိုင်တဲ့အတွက် နုတ်ထွက်သင့်တယ်လို့ ပြောဆိုပါတယ်။  အစိုးရကို ဆန္ဒပြမှုတွေဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း မြင့်တက်လာနေတာပါ။ အစ္စရေးဟာ မေလလယ်ကတည်းက တစိတ်တပိုင်း အသွားအလာ မြို့ဝင်မြို့ထွက် ပိတ်ဆို့ လော့ဒေါင်းချမှုကို ဖြေလျှော့ပေးခဲ့ပေမဲ့၊ ဒုတိယလှိုင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု များပြားလာနေပါတယ်။ နေတန်ယာဟုရဲ့ လူကြိုက်များမှု နှုန်းဟာလည်း လူကြိုက်များမှု စာရင်းမှာ ၃၀ ရာခိုင်နှုန်းပဲ ရှိတော့တာ တွေ့ရပါတယ်။ 
8 months Ago
More News
Up