ပြည်လုံးချမ်းသာရပ်ကွက်

September 10, 2021

အောင်မြေသာစံမြို့နယ်တွင် လက်လုပ်ဗုံးကွဲပြီး ဒုအရာခံဗိုလ် ၁ ဦး ဒဏ်ရာရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက် ၁၃ လမ်း၊ ၈၃ လမ်းနဲ့ ၈၆ လမ်းကြားရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ စက်တင်ဘာ ၁၀ ရက်  မွန်းတည့်  ၁၂ နာရီ လောက်က လက်လုပ်ဗုံးကွဲပြီး   စစ်ကောင်စီတပ်သား ၁ ဦး ခြေထောက်မှာ ဒဏ်ရာရသွားပါတယ်။

ရပ်ကွက်ရုံး အနောက်ဘက်ရှိ  လူမှုဖူလုံရေးဝန်ထမ်းအိမ်ရာအတွင်း ကနေ လက်လုပ်မိုင်းနဲ့ ပစ်တာဖြစ်ပြီး ရုံးအနောက်ဘက်ခြံစည်းရိုးအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြချက်အရ သိရပါတယ်။

အဆိုပါလက်လုပ်ဗုံး ပေါက်ကွဲမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ တာဝန်ကျနေတဲ့ ဒုအရာခံဗိုလ် သိန်းတန်ရဲ့ ညာခြေကျင်းဝတ် ပေါက်ပြဲဒဏ်ရာရရှိခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးမကြာခင်မှာ လက်နက်ကိုင်စစ်တပ်က ရောက်ရှိလာပြီး စစ်ဆေးတာတွေ လုပ်သွားတယ်လို့ သိရပါတယ်။

1 month Ago
Up