ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ

October 20, 2019

ဘရက်ဇစ်အရေး ဒုတိယအကြိမ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပေးရန် တောင်းဆို

လန်ဒန်မြို့လမ်းမတွေမှာ အောက်တိုဘာလ ၁၉  ရက်နေ့က သိန်းနဲ့ချီတဲ့ ဗြိတိန်ပြည်သူတွေ စုဝေးပြီး  ဗြိတိန် ဥရောပသမဂ္ဂအဖွဲ့(အီးယူ)ကနေ နုတ်ထွက်ရေး (ဘရက်ဇစ်) နဲ့ပတ်သက်ပြီး ဒုတိယအကြိမ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပဖို့ တောင်းဆိုနေပါတယ်။   ဆန္ဒပြသူတွေက အီးယူအလံတွေ ဝှေ့ယမ်းပြီး လိန်းပန်းခြံအတွင်း စုဝေးကာ မြို့လယ်ကောင်ကနေ ပါလီမန် ရှိရာကို ချီတက်ကြပါတယ်။  အစိုးရက ဗြိတိန်ပြည်သူတွေ အသံနားမထောင်တာကို စိတ်ဆိုးတယ်လို့ ဆန္ဒပြသူတယောက်က   ပြောပါတယ်။  အခုဆိုရင် ဗြိတိန်ပြည်သူတွေဟာ အီးယူအဖွဲ့အတွင်းမှာ ဆက်နေလိုတယ် ဆိုတာကို  မဲတွေအားလုံးက ပြသနေတယ်လို့ သူက ပြောပါတယ်။   ဆန္ဒပြသူတဦးကတော့ ဗြိတိန်ဟာ ဘေးအန္တရာယ်ကြီးတခု ကြုံတွေ့ရတော့မှာဖြစ်ပြီး အဲဒီဘေးအန္တရာယ်က နိုင်ငံစီးပွားရေးကို ဖျက်ဆီးလိမ့်မယ်လို့ ပြောပါတယ်။ ဆန္ဒပြသူ အတော်များများက ကတ်ထူဆိုင်းဘုတ်တွေ၊ စာတန်းတွေကို ကိုင်ထားပြီး တချို့ ဆိုင်းဘုတ်တွေက ဘရက်ဇစ်အရေးကို အမေရိကန်သမ္မတထရမ့် ရွေးကောက်ပွဲနဲ့ ခိုင်းနှိုင်းထားပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်လို နိုင်ငံရေးသမားတွေကို လှောင်ပြောင်တဲ့ စက္ကူရုပ်တွေကို ဆန္ဒပြသူတွေက ကိုင်မြှောက်ထားပါတယ်။
2 years Ago
Up