ပြည်လုံးကျွတ်မဲပေးပွဲ

June 30, 2020

အခြေခံဥပဒေပြင်ဆင်ပြောင်းလဲရေး ပြည်လုံးကျွတ်မဲပေးပွဲ  ရုရှားနိုင်ငံတွင် ကျင်းပ

ရုရှားနိုင်ငံမှာ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေး ပြည်လုံးကျွတ် မဲပေးပွဲကို ဇွန် ၂၉ ရက်က ၅ ရက်မြောက် ကျင်းပရာမှာ မဲဆန္ဒရှင် စုစုပေါင်းရဲ့ ၃၇ ဒသမ ၂ ရာခိုင်နှုန်း လာရောက် မဲပေးခဲ့တယ်လို့ ရုရှား  ဗဟိုရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ မဲဆန္ဒရှင် ၇၆  ရာခိုင်နှုန်းက သမ္မတ ဗလာဒီမီယာပူတင်ကို ၂၀၃၆ ထိ အုပ်ချုပ်ခွင့် သက်တမ်း တိုးနိုင်စေမယ့် ပြုပြင်ပြောင်းလဲရေးကို ထောက်ခံမဲပေးခဲ့ကြတယ်လို့ ရုရှား လူထုသဘောထား မေးမြန်း ကောက်ခံသူ VTsIOM က ပြောပါတယ်။ အခြေခံဥပဒေ ပြောင်းလဲရေး ပြည်လုံးကျွတ် မဲပေးပွဲကို ဇွန် ၂၅ ရက်က စတင် ကျင်းပခဲ့တာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးအတွက် ကြိုတင်သတိထားတဲ့အနေနဲ့ ၇ ရက်ကြာ ကျင်းပပါတယ်။ တကယ်လို့ အတည်ပြုနိုင်ခဲ့ရင် သမ္မတပူတင်ဟာ လက်ရှိသမ္မတ သက်တမ်း ၂၀၂၄ မှာ ကုန်ဆုံးခဲ့ရင် ဒုတိယသမ္မတသက်တမ်းအတွက် ပြန်ပြီးရွေးကောက်ပွဲ ဝင်နိုင်မှာပါ။ ရုရှားရဲ့ ဒေသကြီး ၂၅ ခုမှာ မဲရုံ ၈၀၀ ကျော်ဆီကို မဲရှင် ၁၆၀,၀၀၀ ကျော် လာရောက် မဲပေးခဲ့တယ်လို့လည််း ရုရှား ဗဟိုရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။ ဇူလိုင် ၁ ရက်မတိုင်ခင် ကနဦး မဲရလဒ်တွေကို ထုတ်ပြန်ရင်လည်း ပြဿနာမရှိဘူးလို့ ရုရှအစိုးရပြောခွင့်ရသူက ပြောပါတယ်။ ရုရှ အစိုးရကို ဆန့်ကျင် ဝေဖန်သူတွေကတော့ ဒီမဲပေးပွဲဟာ အတုအယောင် ဖြစ်ပြီး အကြံအဖန်လုပ်ထားမှာ စိုးရိမ်တယ်လို့ ပြောခဲ့ကြပါတယ်။
11 months Ago
Up