ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ

May 21, 2020

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ဆိုင်းငံ့ရန်  ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ဆိုင်းငံ့ထားဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။ မေလ ၂၁ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်အတွင်း မဲဆန္ဒခံယူခဲ့ရာမှာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော်ရရှိခဲ့တဲ့ ပုဒ်မ ၃၂(က)နဲ့ (ခ) တို့အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ဖို့နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က လွှတ်တော်ကို ရှင်းလင်းတင်ပြတဲ့ အစီအစဉ်လည်း ပါဝင်ပါတယ်။  ပုဒ်မ ၃၂(က) နဲ့ (ခ) တို့ကတော့ အိုမင်းမစွမ်းဆိုတဲ့နေရာမှာ သက်ကြီးရွယ်အို၊ မသန်မစွမ်းဆိုတဲ့နေရာမှာ မသန်စွမ်း စတဲ့ စကားရပ်အစားထိုးမှုတွေပဲဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်က အဆိုပါစကားရပ်အစားထိုးပြင်ဆင်မှုနှစ်ခုကို လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့ တပါတည်းကျင်းပဖို့ အကြောင်းကြားစာပို့ခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသန်းအောင်က ဒီနေ့မှာ လွှတ်တော်ကို ရှင်းလင်းတင်ပြရာမှာ တော့ အဆိုပါစကားရပ် အစားထိုးပြင်ဆင်မှုနှစ်ခုအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မကျင်းပသေးဘဲ ခေတ္တဆိုင်းငံ့ထားသင့်ပါတယ်လို့ ကော်မရှင်ကိုယ်စား အကြံပြုခဲ့ပါတယ်။  ပြည်ထောင်စုလွှတ်တော်နာယကကလည်း ကော်မရှင်ရဲ့တင်ပြချက်ဟာ ကျိုးကြောင်း ညီညွတ်မှုရှိတဲ့အတွက် လက်ခံပါကြောင်း ပြန်လည်ပြောကြားခဲ့သလို လွှတ်တော်ရဲ့ ဆန္ဒခံယူရာမှာ လည်း ကန့်ကွက်သူမရှိတဲ့အတွက် ဆိုင်းငံ့ဖို့ လွှတ်တော်က ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့ အစည်းအဝေးကို အစီအစဉ် (၂၀) နဲ့ ပြုလုပ်သွားမှာဖြစ်ပြီး ချေးငွေရယူရေး ကိစ္စတွေ၊ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းနှစ်ပတ်လည် အစီရင်ခံစာနဲ့ ဘဏ္ဍာငွေ ရသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာတွေကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ရှင်းပြခြင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်က ၂၀၁၈-၂၀၁၉ အတွင်းဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းအစီရင်ခံစာ အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးတာတွေ ပါဝင်နေပါတယ်။ ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
11 months Ago

August 31, 2019

တီမောနိုင်ငံ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နှစ် ၂၀ ပြည့်အခမ်းအနား ကျင်းပ

တီမောလက်စတီနိုင်ငံ လွတ်လပ်ရေးကို ဆောင်ကြဉ်းပေးတဲ့ သမိုင်းဝင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ  အနှစ် ၂၀ ပြည့်အခမ်းအနာကို သြဂုတ်လ ၃၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။     မြို့တော် ဒီလီမှာ ကျင်းပတဲ့ အခမ်းအနားကို သမ္မတ ဖရန်စစ္စကို ဂူတာရက်စ် ဦးဆောင်ပြီး သံတမန် အများအပြား တက်ရောက်ခဲ့ပါတယ်။   ပေါ်တူကီ ကိုလိုနီဟောင်းဖြစ်တဲ့ အရှေ့တီမောကို  ၁၉၇၅ ခုနှစ်မှာ အင်ဒိုနီးရှားက ကျူးကျော်ခဲ့ပြီးနောက် ၂၄  နှစ်အကြာမှာ လွတ်လပ်ရေးရခဲ့ပါတယ်။ လွတ်လပ်ရေးအတွက် ၁၉၉၉ ခုနှစ် ဩဂုတ် ၃၀ ရက်နေ့မှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ခဲ့ပြီး   ဆန္ဒမဲပေးသူ ၉၀ ရာခိုင်နှုန်းကျော်ခဲ့ပါတယ်။  ဆန္ဒခံယူပွဲ လုပ်ပြီး ၃ နှစ်ကို   ကုလသမဂ္ဂက အုပ်ချုပ်ခဲ့ပြီး ၂၀၀၂ ခုနှစ် မေလ ၂၀ ရက်နေ့မှာ လွတ်လပ်ရေး ပြန်ရခဲ့ပါတယ်။  လွတ်လပ်ရေးရပြီးနောက်ပိုင်း တီမောလက်စ်တီ သမ္မတနိုင်ငံဟာ လုံခြုံရေး၊ လူမှုရေးနဲ့ စီးပွားရေး ပြဿနာရပ်တွေကို  ရုန်းကန် ဖြေရှင်းခဲ့ရပါတယ်။  အဲဒီထဲမှာ  အလုပ်လက်မဲ့နှုန်း မြင့်မားတာ၊ တပ်တွင်း ပြိုကွဲတာ၊  အခြေခံ အဆောက်အုံပိုင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပိုင်းနဲ့ ပညာရေးပိုင်းချို့တဲ့ အားနည်းတာတွေ ပါဝင်တယ်လို့  ရိုက်တာသတင်းက ဆိုပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version တီေမာႏိုင္ငံ ျပည္လုံးကြၽတ္ဆႏၵခံယူပြဲ ႏွစ္ ၂၀ ျပည့္အခမ္းအနား က်င္းပ တီေမာလက္စတီႏိုင္ငံ လြတ္လပ္ေရးကို ေဆာင္ၾကဥ္းေပးတဲ့ သမိုင္းဝင္ ျပည္လုံးကြၽတ္ ဆႏၵခံယူပြဲ  အႏွစ္ ၂၀ ျပည့္အခမ္းအနာကို ၾသဂုတ္လ ၃၀ ရက္ေန႔က က်င္းပခဲ့ပါတယ္။ ၿမိဳ႕ေတာ္ ဒီလီမွာ က်င္းပတဲ့ အခမ္းအနားကို သမၼတ ဖရန္စစၥကို ဂူတာရက္စ္ ဦးေဆာင္ၿပီး သံတမန္ အမ်ားအျပား တက္ေရာက္ခဲ့ပါတယ္။ ေပၚတူကီ ကိုလိုနီေဟာင္းျဖစ္တဲ့ အေရွ႕တီေမာကို  ၁၉၇၅ ခုႏွစ္မွာ အင္ဒိုနီးရွားက က်ဴးေက်ာ္ခဲ့ၿပီးေနာက္ ၂၄  ႏွစ္အၾကာမွာ လြတ္လပ္ေရးရခဲ့ပါတယ္။ လြတ္လပ္ေရးအတြက္ ၁၉၉၉ ခုႏွစ္ ဩဂုတ္ ၃၀ ရက္ေန႔မွာ ျပည္လုံးကြၽတ္ ဆႏၵခံယူပြဲ လုပ္ခဲ့ၿပီး   ဆႏၵမဲေပးသူ ၉၀ ရာခိုင္ႏႈန္းေက်ာ္ခဲ့ပါတယ္။ ဆႏၵခံယူပြဲ လုပ္ၿပီး ၃ ႏွစ္ကို   ကုလသမဂၢက အုပ္ခ်ဳပ္ခဲ့ၿပီး ၂၀၀၂ ခုႏွစ္ ေမလ ၂၀ ရက္ေန႔မွာ လြတ္လပ္ေရး ျပန္ရခဲ့ပါတယ္။  လြတ္လပ္ေရးရၿပီးေနာက္ပိုင္း တီေမာလက္စ္တီ သမၼတႏိုင္ငံဟာ လုံၿခဳံေရး၊ လူမႈေရးနဲ႔ စီးပြားေရး ျပႆနာရပ္ေတြကို  ႐ုန္းကန္ ေျဖရွင္းခဲ့ရပါတယ္။ အဲဒီထဲမွာ  အလုပ္လက္မဲ့ႏႈန္း ျမင့္မားတာ၊ တပ္တြင္း ၿပိဳကြဲတာ၊  အေျခခံ အေဆာက္အုံပိုင္း၊ က်န္းမာေရး ေစာင့္ေရွာက္မႈပိုင္းနဲ႔ ပညာေရးပိုင္းခ်ိဳ႕တဲ့ အားနည္းတာေတြ ပါဝင္တယ္လို႔  ႐ိုက္တာသတင္းက ဆိုပါတယ္။
2 years Ago
Up