ပြည်ပြေးသမ္မတဟောင်း

November 10, 2020

ဘိုလီးဗီးယား ပြည်ပြေးသမ္မတဟောင်း အီဗိုမိုရာလက်စ် မိခင်နိုင်ငံသို့ ပြန်လာ

ဘိုလီးဗီးယား သမ္မတဟောင်း အီဗိုမိုရာလက်စ်ရဲ့ MAS ဆိုရှယ်လစ်ပါတီဝင် လူးဝစ်အာ့တ် သမ္မတဖြစ်လာပြီးနောက် နိုဝင်ဘာ ၉ ရက်က သမ္မတဟောင်း မိုရာလက်စ်ဟာ ပြည်ပြေးဘဝကနေ မိခင်နိုင်ငံဆီ ပြန်လာပါတယ်။ သမ္မတဟောင်း မိုရာလက်စ်ဟာ သူ ခိုလှုံရာ အိမ်နီးချင်း အာဂျင်တီးနားနိုင်ငံကနေ နယ်စပ်ဖြတ်ပြီး ဘိုလီးဗီးယားကို ပြန်ဝင်လာတာပါ။ ဘိုလီးဗီးယားဘက်မှာတော့ ပြည်တော်ပြန် မိုရာလက်စ်ကို လူအုပ်ကြီးက ကြိုဆိုခဲ့ကြပါတယ်။  ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ဘိုလီးဗီးယား ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဆန္ဒပြပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ပြီးနောက်မှာ မိုရာလက်စ်ဟာ ဘိုလီးဗီးယားကနေ ထွက်ပြေးပြီး အိမ်နီးချင်း အာဂျင်တီးနားမှာ ခိုလှုံနေခဲ့တာပါ။  မိုရာလက်စ်ကတော့ ရွေးကောက်ပွဲမှာ လိမ်လည်မှုမရှိဘူးလို့ ဆိုပါတယ်။  ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာတော့ သူ့ရဲ့ MAS ဆိုရှယ်လစ်ပါတီဝင် လူးဝစ်အာ့တ် အနိုင်ရပြီး သမ္မတဖြစ်လာတဲ့နောက် ပြည်ပြေးသမ္မတဟောင်း မိုရာလက်စ်ဟာလည်း မိခင်နိုင်ငံကို ပြန်လာခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago
Up