ပြည်ပမှကူးစက်

August 29, 2020

တရုတ်တွင် ပြည်ပမှကူးစက်သည့် ကိုဗစ်-၁၉ လူနာ ၉ ဦး တွေ့ရှိ

တရုတ်နိုင်ငံမှာ သြဂုတ် ၂၈ ရက်က  ပြည်ပကနေ ကူးစက်လာတဲ့  ကိုဗစ်-၁၉ လူနာ သစ်  ၉ ယောက် တွေ့ရှိပြီး ပြည်တွင်းကူးစက်တာ မရှိဘူးလို့  အမျိုးသားကျန်းမာရေး ကော်မရှင်က  ထုတ်ပြန်ပါတယ်။  ကိုဗစ်-၁၉ ရောဂါနဲ့ ဆက်နွှယ်တဲ့ သေဆုံးသူ မရှိဘူးလို့လည်း ကော်မရှင်က ပြောပါတယ်။ သြဂုတ်  ၂၈ ရက်မှာပဲ စုစုပေါင်း  ကိုဗစ်-၁၉ လူနာ  ၃၅ ယောက်  ပြန်နေကောင်းလာပြီး ဆေးရုံက ဆင်းခဲ့တယ်လို့ ကော်မရှင်က ပြောပါတယ်။  တရုတ်ပြည်နိုင်ငံမှာ သြဂုတ် ၂၈ ရက်အထိ ပြည်ပကကူးစက်လာသူ ၂၄၇၃ ယောက် ရှိပြီး အဲဒီထဲက ၂၂၈၅ ယောက်က  ဆေးရုံကနေ  ဆင်းသွားပြီ ဖြစ်ပါတယ်။   ကပ်ရောဂါ စတင်ခဲ့တဲ့ တရုတ်နိုင်ငံမှာ သြဂုတ် ၂၈ ရက်အထိ  စုစုပေါင်း  ကိုဗစ်-၁၉ အတည်ပြုလူနာ ၈၅၀၀၀ ကျော်၊ ၄၆၃၄ ယောက်နဲ့ ရောဂါသက်သာပြီး ဆေးရုံကဆင်းသူ ၈၀၀၀၀ ကျော်ရှိတယ်လို့  ရိုက်တာသတင်းအရ သိရပါတယ်။
1 year Ago
Up