ပြည်ပပြန် ၁ ဦး

August 27, 2020

ထိုင်းတွင် ပြည်ပပြန် ၁ ဦး Quarantine ဝင်သည့် ဟိုတယ်ဝရံတာပေါ်မှ ခုန်ချသေဆုံး

ထိုင်းနိုင်ငံမှာ အသက် ၃၉ နှစ်အရွယ်ရှိ ပြည်တော်ပြန် အမျိုးသားတယောက်ဟာ Quarantine ဝင်ရာ ဟိုတယ်ဝရံတာပေါ်ကနေ ခုန်ချသေကြောင်း ကြံသွားခဲ့တယ်လို့ နေး ရှင်းသတင်းမှာ ဖော်ပြပါတယ်။ အဆိုပါ အမျိုးသားဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်နေ့က အစ္စရေးနိုင်ငံမှ တခြားခရီးသည် ၁၆၈ ယောက်နဲ့အတူ ထိုင်းအဲဝေးလေကြောင်းလိုင်းကို စီးနင်းကာ ပြန်လည် ရောက်ရှိလာခဲ့တာပါ။ အဲဒီနေ့မှာပဲ သူဟာ ‌ဒေသတွင်း ဟိုတယ်တခုဖြစ်တဲ့ Jomtien Palm Beach Hotel and Resort မှာ Quarantine ဝင်ခဲ့ရတာ ဖြစ်ပြီး နောက်တနေ့ညနေ ၄ နာရီလောက်မှာတော့ ခုလိုသေကြောင်း ကြံစည်မှုဖြစ်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ လတ်တလောမှာတော့ သူ့ရဲ့ရုပ်အလောင်းကို ဘန်ဂလာမန်ဆေးရုံကို ပို့ဆောင် ကာ သေမှုသေခင်းဖွင့် ဆေးစစ်ချက်တွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သူ့ရဲ့ ခုလိုသေဆုံးရမှုအပေါ် ကျန်ရစ်သူ မိသားစုနဲ့အတူ ဝမ်း နည်းစိတ်မကောင်းဖြစ်ရကြောင်း၊ ကျန်းမာရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင် ပြီးရင်တော့ ရုပ်အလောင်းကို မိသားစုရှိရာ နေရပ်ပြန်ပို့နိုင်ဖို့ ထိုင်းဝန်ကြီးချုပ် ပရာ ယွတ်ချန်းအိုချာရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူဒုတိယဗိုလ်ချုပ်ကြီး ခေါင်ချိထန်ထရာဝမ်နစ်က ပြောပါတယ်။
1 year Ago
Up