တင်းကျပ်တဲ့ ဂျပန်တရားရုံးစည်းကမ်းချက်တွေနဲ့ နေထိုင်နေရတဲ့ နစ်ဆန်းကား ကုမ္ပဏီဥက္ကဋ္ဌဟောင်း ကားလို့စ်ဂွန်းဟာ ဒီဇင်ဘာ ၃၀ ရက်က လက်ဘနွန်နိုင်ငံကို ရောက်ရှိသွားတယ်လို့ ပြင်သစ်သတင်းစာတစောင်က ဖော်ပြပါတယ်။
ပြင်သစ်ထုတ် လယ်ဇီးခို သတင်းစာဟာ အမည်မဖော်ပြတဲ့ သတင်းရင်းမြစ်နဲ့ လက်ဘနွန်သတင်းတပုဒ်ကို ကိုးကားပြီးရေးသားထားတာဖြစ်ပြီး အဲဒီ သတင်းနဲ့ပတ်သက်လို့ တရားဝင်သတင်းရင်းမြစ်တွေကတော့ ချက်ချင်းဖော်ပြတာ မရှိပါဘူး။
ပြည်ပထွက်ခွာခွင့်တားမြစ်တာ အပါအဝင်တင်းကျပ်တဲ့ စည်းကမ်းအောက်မှာ နေထိုင်နေရတဲ့ ဂွန်းစ် တယောက် ဂျပန်နိုင်ငံကနေ ဘယ်လို ထွက်သွားသလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဂွန်းစ်ဟာ ပြင်သစ်နဲ့ လက်ဘနွန် နိုင်ငံသားခံယူထားသူ ဖြစ်ပါတယ်။ ကားလို့စ်ဂွန်းဟာ ၂၀၁၈ နိုဝင်ဘာလက ဂျပန်နိုင်ငံမှာ အဖမ်းခံရပြီးနောက် နစ်ဆန်းကားကုမ္ပဏီက သူ့ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။
သူဟာ ဝင်ငွေဖုံးကွယ်မှုနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ အရောင်းအဝယ်လုပ်ငန်းတွေကနေ ကြွယ်ဝချမ်းသာလာမှုစတာ အပါအဝင် စွဲချက် ၄ ခုကို ရင်ဆိုင်နေရပါတယ်။
ဓာတ်ပုံ- Reuters
1 year Ago