ပြည်ပတွင်ပိတ်မိ

November 13, 2020

သြစတြေးလျအစိုးရက ပြည်ပတွင်ပိတ်မိနေသည့်နိုင်ငံသားများကို ဦးစားပေးပြန်ခေါ်မည်

သြစတြေးလျအစိုးရအနေနဲ့ ပြည်ပမှာ ပိတ်မိနေတဲ့ မိခင်နိုင်ငံသားတွေ ခေါ်ယူရေးကို ဦးစားပေးမှာမို့  နိုင်ငံခြားသားကျောင်းသားတွေကို ပြန်လာခွင့်ပြုမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပြောပါတယ်။  ကိုဗစ်-၁၉ ပျံ့နှံ့မှုနှုန်းနှေးသွားစေဖို့  မတ်လကတည်းက သြစတြေးလျဟာ နိုင်ငံသား မဟုတ်သူတွေနဲ့ အမြဲနေထိုင်ခွင့်ရသူတွေကို ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။  တချိန်တည်းဆိုသလို သြစတြေးလျတက္ကသိုလ် နဲ့ CSL လီမိတက်တို့ ပူးတွဲ ဖော်စပ်တဲ့ ကိုဗစ်-၁၉  ကာကွယ်ဆေး ကနဦးအဆင့်က ဘေးကင်းပြီး ပဋိပစ္စည်း တုံ့ပြန်မှုကို ထုတ်လုပ်ပေး တယ်လို့ ကျန်းမာရေးဝန်ကြီးက နိုဝင်ဘာလ ၁၃ ရက်မှာပဲ ပြောဆိုပါတယ်။  သြစတြေးလျဟာ ကွင်းစလန်တက္ကသိုလ်က ထုတ်ဖော်တဲ့ အလားအလာရှိ ကာကွယ်ဆေး အလုံးရေ ၅၁ သန်း ဝယ်ယူဖို့  သဘောတူထားတယ်လို့ ရိုက်တာက တင်ပြထားပါတယ်။
1 year Ago
Up