ပြည်နယ်အုပ်ချုပ်ရေးမှူးများ

December 19, 2020

မက္ကဆီကိုနိုင်ငံ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရ

မက္ကဆီကိုနိုင်ငံရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးဟာ ပွယ်တို-ဗိုက်ယာတာ ကမ်းခြေမြို့ စားသောက်ဆိုင်သန့်စင်ခန်းအတွင်း  ဒီဇင်ဘာ ၁၈  ရက်က သေနတ်နဲ့ ပစ်သတ်ခံရ ပါတယ်။  ဟာလီစကိုပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း အရစ္စတိုတယ်-ဆန်ဒိုဗယ်ဟာ လုံခြုံရေးတွေ အပြင်မှာ ရှိနေခိုက် သန့်စင်ခန်းအတွင်း အမည်မသိ သေနတ်သမားတစ်ဦးက နောက်ကနေ ပစ်ခတ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။  အဲဒီနောက် ပစ်ခတ်မှုဖြစ်ပြီး  ကိုယ်ရံတော်တွေက ဆန်ဒိုဗယ်ကို ဆေးရုံပို့ခဲ့တာပါ။ ဒေသမီဒီယာက ဆန်ဒိုဗယ်အတွက် လုံခြုံရေးတာဝန်ယူတဲ့ ကိုယ်ရံတော် ၆ ယောက်လောက် ရှိတယ်လို့ ပြောပေမဲ့ တာဝန်ရှိသူတွေကတော့ ဆန်ဒိုဗယ်မှာ  ကိုယ်ရံတော် ၁၅ ယောက် ရှိတယ်လို့ ဆိုပါတယ်။   သေနတ်ပစ်ခတ်မှုအတွင်း ကိုယ်ရံတော် တစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်လို့ လည်း ဟာလီစကိုပြည်နယ်ရှေ့နေချုပ်က ပြောပါတယ်။  
12 months Ago

August 2, 2020

ဖမ်းဆီးထိန်းသိမ်းခံ ရုရှား ပြည်နယ်အုပ်ချုပ်ရေးမှူးကို ထောက်ခံသူများ ဆန္ဒပြ

ဖမ်းဆီးထိန်းသိမ်းခံ ပြည်နယ်အုပ်ချုပ်ရေးမှူးကို ထောက်ခံတဲ့သူတွေ ရုရှားနိုင်ငံတလွှားက မြို့တွေမှာ သြဂုတ် ၁ ရက်က ဆန္ဒပြခဲ့ကြပါတယ်။ စိန့်ပီတာစဘတ်၊ ယေကာတာရင်ဘာ့ဂ်နဲ့ မော်စကိုမြို့တွေမှာ ဆန္ဒပြသူတွေကို ရဲတွေက ဖမ်းခဲ့ပါတယ်။ စနေနေ့က သီတင်းပတ် လေးပတ်မြောက်အဖြစ် ရုရှားအရှေ့စွန်း ခါဘာရော့ဗ်စ်ခ်မြို့မှာ လူထောင်ချီဆန္ဒပြပြီး သမ္မတဗလာဒီမီယာပူတင်က ဒေသန္တရနိုင်ငံရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းပုံကို ဆန့်ကျင်ချီတက်ခဲ့ကြပါတယ်။ ရုရှားအရှေ့ပိုင်းတလွှားက ဒေသခံတွေရဲ့ လူကြိုက်များတဲ့ အုပ်ချုပ်ရေးမှူးကို လူသတ်မှုနဲ့ ဖမ်းဆီးခဲ့လို့ ဒေသခံတွေ မပျော်မရွှင် ဖြစ်နေပါတယ်။ စွဲချက်တွေကိုတော့ အုပ်ချုပ်ရေးမှူး ဆာဂီဖာဂယ်က ငြင်းထားပါတယ်။ ဒီအမှုဟာ နိုင်ငံရေးအရ အကွက်ရွှေ့တာလို့ သူ့ကို ထောက်ခံသူတွေက ပြောပါတယ်။ ဒီကိစ္စဟာ ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးကြောင့် ဝင်ငွေကျဆင်းပြီး စီးပွားရေး ကစဉ့်ကလျား ဖြစ်နေလို့ ဖြေရှင်းဖို့ ကြိုးစားနေတဲ့ ရုရှားအစိုးရအတွက် ခေါင်းကိုက်စရာ ဖြစ်နေတာပါ။ သမ္မတပူတင်က အုပ်ချုပ်ရေးမှူးအသစ် ခန့်ခဲ့ပေမယ့် အဲဒီလူဟာ ဒေသနဲ့ ပတ်သက်မှုမရှိလို့ ရာထူးက ဆင်းဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။
1 year Ago
Up