ပြည်နယ်ရှေ့နေချုပ်

December 7, 2020

ပြည်နယ်ရှေ့နေချုပ်ကို ကျန်းမာရေးဝန်ကြီးအဖြစ် နာမည်တင်သွင်းရန် ဂျိုးဘိုင်ဒင်စီစဉ်

အမေရိကန်ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒင်က ကာလီဖိုးနီးယားပြည်နယ် ရှေ့နေချုပ် ရှာဘီးယား ဘေဆေရာကို ကျန်းမာရေးနဲ့လူမှုဝန်ထမ်းဝန်ကြီးအဖြစ် နာမည်စာရင်းသွင်းဖို့ စီစဉ်နေကြောင်း နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောတယ်လို့ ဒီဇင်ဘာ ၆ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။  အောက်လွှတ်တော်အမတ်ဟောင်း ဘေဆေရာဟာ ကျန်းမာရေးဌာနကို ဦးဆောင်မှာပါ။  လောလောဆယ် အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် နေ့စဉ်ကူးစက်ခံ လူဦးရေ စံချိန်တင် မြင့်တက်နေပြီး ကူးစက်ခံ သေဆုံးသူလည်း နေ့တိုင်း ၂၀၀၀ ကျော်နေလို့ အခြေအနေကို ကိုင်တွယ်နိုင်ဖို့ ရုန်းကန်ရင်ဆိုင်နေရပါတယ်။  နိုင်ငံသားတွေကို ဗိုင်းရပ်စ်ရန်ကနေ ကာကွယ်ဆေး ထိုးပေးဖို့ အကြီးအကျယ် အားထုတ် ပြင်ဆင်နေရပါတယ်။  ဒီဇင်ဘာ ၆ ရက်ထိ ကူးစက်ခံ သေဆုံးသူဦးရေ ၂၈၁,၀၀၀ ကျော်နေပြီလို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
4 months Ago
Up