ပြည်ထဲရေးဝန်ကြီးသစ်

July 10, 2020

အမျိုးသမီတဦးကို အဓမ္မပြုကျင့်မှုစွဲချက်ဖြင့် ပြင်သစ်ပြည်ထဲရေးဝန်ကြီးသစ် စစ်ဆေးခံနေရ

အသစ်ခန့်အပ်ထားတဲ့ ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဂျရဲ ဒါမင်နင်ဟာ အမျိုးသမီး တဦးကို အဓ္ဓမပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် စုံစမ်းမေးမြန်းခံနေရပါတယ်။  ၂၀၀၉ ခုနှစ်တုန်းက  ဂျရဲ ဒါမင်နင်ဆီကနေ ဥပဒေဆိုင်ရာ အကူအညီ တောင်းခံခဲ့ချိန်မှာ   ဒါမင်နင်က  သူ့ကိုစော်ကားခဲ့တယ်လို့ အမျိုးသမီးတစ်ယောက်က ၂၀၁၇ မှာ စွပ်စွဲခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒါမင်နင်က အဲဒီကိစ္စဟာ နှစ်ဦးသဘောတူဖြစ်ပြီး  အသရေဖျက်မှုနဲ့  အမျိုးသမီးကို တရားစွဲခဲ့ပါတယ်။    ၂၀၁၈ ခုနှစ်မှာ အဲဒီအမှုကို ပလပ်ခဲ့ပြီးနောက်  ဇွန်လ ၁၁ ရက်မှာတော့  ပဲရစ်မြို့ အယူခံတ ရားရုံးက  အမှုပြန်ဖွင့်ခဲ့တာပါ။     အမျိုးသမီးတွေနဲ့ အမျိုးသမီးဝါဒီ အဖွဲ့တွေ ဝေဖန်ကြတဲ့ ဒါမင်နင်ကို ပြည်ထဲရေးဝန်ကြီး ခန့်အပ်မှုဟာ ဝန်ကြီးချုပ်သစ် ယွန်းကတ်စတက်အပေါ်  စွပ်စွဲတဲ့အထိ  ဖြစ်လာနေပါတယ်။   ဒါမင်နင်ကို ခန့်အပ်မှုအတွက် ဝန်ကြီးချုပ်သစ်မှာ တာဝန်ရှိတာပါ။    ဒါ့အပြင် အရင်က ဘဏ္ဍာရေးဝန်ကြီးဖြစ်ခဲ့တဲ့ ဒါမင်နင်ကို ဆက်ခန့်အပ်ခဲ့တဲ့အတွက်  ဝန်ကြီးချုပ်သစ် ကတ်စတက်ဟာ ဝေဖန်ခံနေရတယ်လို့ အနာဒိုလူ သတင်းမှာ ဖော်ပြထားပါတယ်။ 
10 months Ago
Up