ပြည်ထဲရေးဝန်ကြီးခန့်အပ်ရန် ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ကို အမည်စာရင်းတင်

February 6, 2020

ပြည်ထဲရေးဝန်ကြီးခန့်အပ်ရန် ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ကို အမည်စာရင်းတင်

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် အသစ်ခန့်အပ်ဖို့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို  ဖေဖော်ဝါရီ ၆ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အမည်စာရင်း တင်သွင်းလိုက်ပါတယ်။  ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေဟာ မူလ စစ်ဘက်တာဝန်တွေ ထမ်းဆောင်မှာဖြစ်တဲ့အတွက် လက်ရှိမှာ ဝန်ကြီးနေရာ လစ်လပ်နေတာကြောင့် အစားထိုးခန့်အပ်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လစ်လပ်နေတဲ့ ပြည်ထဲရေးဝန်ကြီး နေရာအတွက် တပ်မတော်စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ခန့်အပ်တာဝန်ပေး လိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်ရယူပေးဖို့ ပေးပို့ထားပါတယ်” လို့  ပြည်ထောင်စုလွှတ်တော်နာယကကို အသိပေး တင်ပြခဲ့ပါတယ်။ ကန့်ကွက်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အမည်စာရင်းတင်သွင်းဖို့နဲ့ ကန့်ကွက်မှုတစုံတရာ မရှိရင် ခန့်အပ်ဖို့ အတည်ပြုသွားမယ်လို့ ဆိုပါတယ်။
1 year Ago
Up