ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ

October 8, 2020

ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ တောင်ကြီးမြို့၌ မဲဆွယ်စည်းရုံး

ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ)ပါတီဟာ အောက်တိုဘာ ၈ ရက် မနက်က ရှမ်းပြည်နယ် တောင်ကြီးမြို့ပေါ်မှာ အောင်နိုင်ရေးယာဉ်နဲ့ မြို့ကိုပတ်ပြီး ရွေးကောက်ပွဲအတွက် ပထမဆုံးအကြိမ်  မဲဆွယ်စည်းရုံး လှည့်လည်ခဲ့ပါတယ်။ ပ.အ.မ.ဖ ပါတီဟာ လူငယ်တွေနဲ့ ထူထောင်ထားတဲ့အတွက် ကိုယ်စားလှယ် လောင်းအများစုလည်း လူငယ်တွေဖြစ်ပါတယ်။ ပ.အ.မ.ဖ ပါတီဟာ ပညာတတ်လူငယ်အများစုနဲ့ တောင်ကြီး ၊ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံး၊ ရပ်စောက်၊ ညောင်ရွှေနဲ့ မောက်မယ်မြို့နယ် တွေမှာ ဝင်ရောက်ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးရေးကာလမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ရွာတွေစည်းရုံးရေးဆင်းရတာခက်သလို သတ်မှတ်ထားတဲ့ ကျန်းမာရေးစည်းကမ်းချက်နဲ့အညီ ဆောင်ရွက်ရတာမို့အခက်ခဲရှိနေတယ်လို့ တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နန်းဟွမ်ဗဲ့က ပြောပါတယ်။ ပ.အ.မ.ဖ ပါတီအနေနဲ့ အမျိုးသားလွှတ်တော် (၂)နေရာ၊ ပြည်သူ့လွှတ်တော် (၅)နေရာ၊ ပြည်နယ်လွှတ်တော် (၁၀)နေရာ ဝင်ရောက်ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။ ပ.အ.မ.ဖ ပါတီဟာ ၁၉၅၀ ခုနှစ်ကစတင် တည်ထောင်ပြီး ဥပဒေ ဘောင်အတွင်း နိုင်ငံရေး ပါတီအနေနဲ့ လှုပ်ရှားလာခဲ့ပြီး ကြားထဲမှာ မျိုးဆက်လူငယ်တွေခါးဆက်ပြတ်ခဲ့တဲ့အတွက် ၂၀၁၃ ခုနှစ်မှာ လူငယ်တွေက ပြန်လည်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် လာကြတာဖြစ်ပါတယ်။ သတင်း- ခွန်ရာဇာ
1 year Ago

August 14, 2020

ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် လူငယ်ကိုယ်စားလှယ်လောင်းအများစုဖြင့် ဝင်ပြိုင်မည်

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ) ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း ၁၇ ဦး ရှမ်းပြည်နယ်တောင်ပိုင်းရှိ ၇ မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံသွားမှာ ဖြစ်ပါတယ်။ ပ.အ.မ.ဖ ပါတီအနေနဲ့ အမျိုးသားလွှတ်တော် ၂ နေရာ၊ ပြည်သူ့လွှတ်တော် ၅ နေရာ၊ ပြည်နယ်လွှတ်တော် ၁၀ နေရာ စုစုပေါင်း ၁၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ပညာတတ်လူငယ်အများစုနဲ့ တောင်ကြီး၊ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံး၊ ရပ်စောက်၊ ညောင်ရွှေနဲ့ မောက်မယ်မြို့နယ် တွေမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ပ.အ.မ.ဖ ပါတီ အထွေထွေအတွင်းရေးမှူး ခွန်စိုးမြင့်ကပြောပါတယ်။ “အခုဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေက လူငယ် ၉၉ ရာခိုင်နှုန်း လို့ပြောလို့ရတယ်။ အသက်ကြီး ဝါရင့်တာဆိုလို့ ပါတီဥက္ကဋ္ဌ ပဲရှိတယ် ကျန်တဲ့သူက လူငယ်တွေကြီးပဲ။” ပ.အ.မ.ဖ ပါတီရဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်းကို သြဂုတ် ၁၂ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပြီး ဝင်ရောက်အရွေးခံမယ့် လူငယ်ကိုယ်စားလှယ်လောင်းတွေ အများစုဟာ အရပ်ဘက်လူမှုအဖွဲ့အစည်းမှာ  ပါဝင်လုပ်ဆောင်နေသူတွေလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ပ.အ.မ.ဖ ပါတီအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ တနေရာမှ အနိုင်မရရှိခဲ့ပါဘူး။ “၂၀၁၅ ခုနှစ်က ကျနော်တို့ လူသားအရင်းအမြစ်လုံလောက်မှုသိပ်မရှိဘူး။ ကြိုတင်ပြင်ဆင်မှု အချိန်နည်းခဲ့တယ်။ နောက်ဘဏ္ဍာရေးအခက်ခဲရှိခဲ့တယ်။ နောက်တခုက ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးပေါ့ ကျနော်တို့ဝင်ပြိုင်တဲ့ဒေသမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပြည်သူ့စစ်တွေရှိတဲ့ ဒေသ။ ဒါကြောင့် မမြင်ရတဲ့လုံခြုံရေး၊ မြင်ရတဲ့လုံခြုံရေးတွေ အားနည်းပြီးစိန်ခေါ်မှုရှိခဲ့တယ်။ ၂၀၂၀ မှာတော့ အဲဒီစိန်ခေါ်မှုတွေရှိနေဆဲ။ ဒါပေမဲ့ လူ့အရင်းအမြစ်တွေများလာပြီ၊ ဘဏ္ဍာရေးရန်ပုံငွေ အထိုက်အလျောက်ရှိလာပြီ”လို့ ခွန်စိုးမြင့် ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ပါတီကိုယ်စားလှယ်တွေနဲ့ ပြည်သူလူထုနဲ့ ထိတွေ့မှုတွေ တစ်သားထဲဖြစ်အောင် တည်ဆောက်သွားမယ်လို့လည်း ပြောပါတယ်။ ပ.အ.မ.ဖ ပါတီဟာ ၁၉၅၀ ခုနှစ်က စတင်တည်ထောင်ပြီး ဥပဒေဘောင်အတွင်း နိုင်ငံရေး ပါတီအနေနဲ့ လှုပ်ရှားလာခဲ့ပြီး ကြားကာလမှာ  ပါတီ မျိုးဆက်လူငယ်တွေ အဆက်ပြတ်သွားခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှ လူငယ်တွေက ပြန်လည်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် လာကြတာဖြစ်ပါတယ်။ သတင်း - ခွန်ရာဇာ
1 year Ago
Up