ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ

August 19, 2020

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပ (ဓာတ်ပုံ)  

ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ- ၂၁ ရာစုပင်လုံ  စတုတ္ထအစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်ရှင်း စင်တာ(၂)မှာ သြဂုတ် ၁၉ ရက် မနက်က စတင်ကျင်းပပါတယ်။ အဆိုပါဖွင့်ပွဲမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊  RCSS ဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီး ယွက်ဆစ်နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) ဒုဥက္ကဋ္ဌ (၁) စိုင်းညွန့်လွင်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ ဒီညီလာခံကို သြဂုတ် ၁၉ ရက်မှ  ၂၁ ရက်အထိ ကျင်းပမှာဖြစ်ပြီး ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း-၃ ကို အပိုင်းသုံးပိုင်းနဲ့ ချုပ်ဆိုကြဖို့ ရှိပါတယ်။ Photo - KaungMratNaing / MPA
10 months Ago

August 2, 2020

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပမည့်ရက် တပတ်ရွှေ့ဆိုင်း

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံ) စတုတ္ထအကြိမ်ကျင်းပမယ့် ရက်ကို တပတ်ရွှေ့ဆိုင်းလိုက်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ ပင်လုံညီလာခံကျင်းပမယ့်ရက်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန် NRPC ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာကတည်းက သဘောတူညီမှုရရှိခဲ့ဖြစ်ပြီး ဩဂုတ်လ ၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ညှိနှိုင်းအစည်းအဝေးအပြီးမှာ ဦးဇော်ဌေးက သတင်းမီဒီယာသမားတွေကို ပြောကြားခဲ့တာပါ။  ညီလာခံကို မူလက ဩဂုတ်လ ၁၂ ရက်နေ့ စတင်ကျင်းပဖို့ လျာထားခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ဩဂုတ် ၁၉ ရက်နေ့မှ စတင်ကျင်းပတော့မှာပါ။ “ ဇူလိုင် ၂၆၊ ၂၇၊ ၂၈၊ ၂၉ ရန်ကုန်မှာ ၄ ရက် ကျင်းပပြုလုပ်ခဲ့တဲ့ အလုပ်အဖွဲ့ အစည်းအဝေးမှာ ညီလာခံကျင်းပမယ့်ရက်ကို လာမယ့်  သြဂုတ် ၁၉၊ ၂၀၊ ၂၁ မှာ ကျင်းပဖို့ အလုပ်အဖွဲ့က လျာထားတယ်။ နောက်တဖက်မှာလည်း နိုင်ငံရေးပါတီတွေအနေနဲ့  ရွေးကောက်ပွဲကျင်းပမယ့်ကာလရှိတဲ့အတွက် ဒီထက်တော့ နောက်ဆုတ်လို့ မရဘူးပေါ့နော်။ နိုင်ငံရေးပါတီတွေအနေနဲ့လည်း ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ စည်းရုံးလှုပ်ရှားမှုတွေ ဆောင်ရွက်ရတဲ့အတွက် ၁၉၊ ၂၀၊ ၂၁ ကျင်းပဖို့ ရှိပါတယ်။” ၈ ကြိမ်မြောက် JICM အစည်းအဝေးအပြီးမှာကတည်းက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံစတုတ္ထအကြိမ်ကို ၂၀၂၀ ပထမ ၄ လအတွင်း ကျင်းပဖို့ စီစဉ်ထားပေမဲ့ ကျင်းပနိုင်ခဲ့ခြင်းမရှိတာပါ။  ဒါ့အပြင် ဇူလိုင်လ အစောပိုင်းမှာ ညီလာခံကျင်းပဖို့ လျာထားခဲ့သေးပြီး အဆင်မပြေမှုတွေကြောင့် ရွှေ့ဆိုင်းခဲ့ရသလို အခုအချိန်မှာလည်း ထပ်မံရွှေ့ဆိုင်းရတာဖြစ်ပါတယ်။ ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)
11 months Ago
More News
Up