ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

October 30, 2020

မင်းလှတွင် နှင်းဆီပါတီဝင် ၂၇၀၀ ကျော် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့်ပူးပေါင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ ဖျက်သိမ်းခံခဲ့ရတဲ့ နှင်းဆီပါတီက အင်အား ၂၇၀၀ ကျော် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ထဲ ဝင်ရောက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။ နှင်းဆီပါတီရဲ့ မြို့နယ်အလုပ်အမှုဆောင်တွေ၊ ရပ်ကျေးစည်းရုံးရေးမှူးတွေ၊ အဖွဲ့ဝင်တွေ စုစုပေါင်း အင်းအား ၂၇၀၀ ကျော် ပူးပေါင်းခဲ့တာလို့  မင်းလှမြို့နယ် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအောင်နိုင်ရေးခေါင်းဆောင်  ဦးတေဇညွန့်က ပြောပါတယ်။ “ကျနော်တို့နဲ့ အတွေးခေါ် အယူအစတွေတူပြီး ဒေသကောင်းကျိုးအတွက် ပူးပေါင်းဆောင်ရွက်မယ့် လူတွေဖြစ်တာကြောင့် နွေးထွေးစွာ ကြိုဆို၍‌‌ ပါတီဥက္ကဋ္ဌကြီး သူရ‌ရွှမန်းရဲ့လမ်းညွှန်မှုနဲ့  ပြည်သူကို ကတိပြုထားတဲ့ ၁၂ ချက်ကို‌ ဒေသအတွင်းအ ကောင်အထည်‌ဖော်နိုင်အောင်  ပူးပါင်းဆောင်ရွက်မယ်။”  နှင်းဆီပါတီရဲ့ မြို့နယ်အလုပ်အမှူဆောင် ဦးထွန်းတင့်အောင်က “ကျနော် UBP ပါတီကို ဝင်ရောက်ပူးပေါင်းဝန်းရံရတာဟာ ပါတီရဲ့လမ်းစဉ်မူဝါဒတွေ ကြိုက်နှစ်သတ်သလို ပါတီဦးဆောင်သူတွေကလည်း ကိုယ့်မြို့နယ် အမှန်တကယ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်မယ် ယုံကြည်တဲ့အတွက် ပူပေါင်းဝန်းရံရတာပါ” လို့ ပြောပါတယ်။ နှင်းဆီပါတီ ခေါ်  ညီညွတ်​သောဒီမိုကရက်တစ်ပါတီ (UDP) ကို ​အောက်တိုဘာ ၁၇ ရက်​နေ့မှာ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်က တရားဝင်နိုင်ငံ​ရေးပါတီက​နေ ပယ်ဖျက်ထားတာဖြစ်ပြီး ပါတီဥက္ကဋ္ဌကိုလည်း ​​ထောင်​ပြေးမှုနဲ့ စွဲချက်တင်စစ်​ဆေး​နေပါတယ်။ သက်နိုင်ဝင်း
11 months Ago

October 24, 2020

ချောက်တွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ လှည့်လည်အင်အားပြ (ဓာတ်ပုံ)

မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ အောက်တိုဘာ ၂၃ ရက်နေ့ ညနေပိုင်းက ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) က လှည့်လည်အင်အားပြခဲ့ပါတယ်။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက မော်တော်ယာဥ် အစီးရေ ၅၀၊ မော်တော်ဆိုင်ကယ် အစီးရေ ၄၀ ကျော်နဲ့ လူအင်အား ၅၀၀ လောက် ဝန်းရံပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တိုင်းဒေသကြီး လွှတ်တော် အမှတ်-၂ ကိုယ်စားလှယ်လောင်း ဦးတင့်ဝေက “တိုင်း ၁ ဘက်က ၅၀ လောက်၊ တိုင်း ၂ ဘက်က ၅၀ လောက်နဲ့ စထွက်တာ ကျန်တာတွေက ရွာဘက်က လူတွေလာပြီး ဝန်းရံကြတာ”လို့ ပြောပါတယ်။ နှင်းဆီပါတီ ဖျက်သိမ်းပြီးနောက်မှာ ချောက်မြို့နယ်အတွင်း နှင်းဆီပါတီ ဝန်းရံသူတွေက ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ မူဝါဒကိုကြိုက်လို့ ပူးပေါင်းလာဖို့ အစီအစဥ်ရှိသလို မဲဆန္ဒပေးဖို့လည်း ပြောဆိုတာတွေ ရှိတယ်လို့ ဆိုပါတယ်။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ ချောက်မြို့နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စာလှယ်လောင်း ဒေါ်မိုးမိုးကြည်၊ အမျိုးသားလွှတ်တော် အမှတ် ၅ ဦးတင်ဝင်းနိုင်၊ တိုင်းဒေသကြီး ၁ မှာ ဦးချို(ခ)ဦးသောင်းတင်၊ တိုင်းဒေသကြီး အမှတ်-၂ မှာ ဦးတင့်ဝေတို့နဲ့ လေးနေရာလုံး ဝင်ရောက်အရွေးခံကြမှာ ဖြစ်ပါတယ်။
11 months Ago
More News
Up