ပြည်တွင်းလေကြောင်

A d v e r t i s e m e n t With Us

June 4, 2020

ဂျပန်ပြည်တွင်းလေကြောင်း ခရီးစဉ် ပြန်စ

ဂျပန်နိုင်ငံမှာ ပြည်တွင်းလေကြောင်းခရီးစဉ်တွေ ပြန်စ နေတာမို့ လေကြောင်းလိုင်းကြီးတွေ ဟာ  သန့်ရှင်းရေးအစီအမံတွေ အားကောင်းအောင်လုပ်နေပါတယ်။  ANA နဲ့ JAL  လေကြောင်းလိုင်း နှစ်ခုက  ဒီလမှာ ခရီးစဉ်ပြေးဆွဲတာတွေ ပြန်စနေပြီး နောက်ထပ် ဗိုင်းရပ်စ်ကူးစက်တာကို တားဆီးဖို့ ခပ်ခွာခွာနေရေးနဲ့ သန့်ရှင်းရေ အစီအမံတွေကို အကောင်အထည်ဖော်နေပါပြီ။   ပုံမှန်ကိုယ်ပူချိန်တိုင်းတာနဲ့ လက်သန့်ဆေးရည် ထားရှိတာအပြင် ခရီးသည်တွေ  check-in ဝင်တာနဲ့ လေယာဉ်ပေါ်တက်ဖို့ တန်းစီရာမှာ  နှာခေါင်းစည်းတပ်ဖို့နဲ့ ခပ်ခွာခွာနေဖို့  ခရီးသည် အားလုံးကို  အဲဒီလေကြောင်းလိုင်းတွေက တိုက်တွန်းထားပါတယ်။  JAL လေကြောင်းလိုင်းဟာ ဆိုရင် ခရီးစဉ်တစ်ခေါက်ပြီးတိုင်း လေယာဉ်တွေ သန့်ရှင်းရေးနဲ့ ပိုးမွှားကင်းစင်ရေးကို တိုးမြှင့်လုပ်နေပါတယ်။   ဒါ့အပြင် JAL ဟာ ခရီးသည်တွေအတွက် လက်သန့်ဝတ်တွေနဲ့ စပရေးတွေ ထားရှိပေးပြီး  စုလူဝေးကို ရှောင်တဲ့အနေနဲ့ တစ်ကြိမ်မှာ  ခရီးသည်  ၁၀ ယောက် တစ်ဖွဲ့ကိုသာ  လေယာဉ်ပေါ် တက်ခွင့်ပြုပါတယ်။     ဂျပန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ်ဖြစ်ပွားမှုကနေ လွတ်မြောက်ခဲ့ပြီး  ကူးစက်သူ  ၁၇,၀၀၀  နီးပါး၊ သေဆုံးသူ ၉၀၀ နီးပါး ရှိတယ်လို့ NHK  သတင်းအရ သိရပါတယ်။ 
8 months Ago
Up