ပြည်တွင်းရေကြောင်းပို့ဆောင်ရေး

February 20, 2021

မဟာအောင်မြေမြို့နယ် ကမ်းနားလမ်း ပစ်ခတ်ဖြိုခွင်းမှု ၇ ဦး ဒဏ်ရာရ

မန္တလေး မဟာအောင်မြေမြို့နယ် ကမ်းနားလမ်းရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (ဧရာဝတီဌာနခွဲ - မန္တလေး) ရဲ့ CDM ဝန်ထမ်းတွေအား ကုန်တင်သင်္ဘောထွက်ခိုင်းရာမှာ မထွက်တဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းရာ ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သင်္ဘောလိုင်းက အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင် သပိတ်မှောက်တဲ့ ဝန်ထမ်း ၁၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

အောင်အောင်နိုင်

2 years Ago

မန္တလေးမြို့တွင် ပြည်သူနှင့် ရဲတပ်ဖွဲ့ရုန်းရင်းဆန်ခတ်ဖြစ်၊ လူအချို့ ဒဏ်ရာရ

မန္တလေးမြို့ ကမ်းနားလမ်းမှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက ပြည်သူနဲ့ ရဲတပ်ဖွဲ့  ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ဖြိုခွင်းတာကြောင့် လူတချို့ ဒဏ်ရာရခဲ့ပါတယ်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (ဧရာဝတီဌာနခွဲ - မန္တလေး) ရဲ့ ကုန်တင်သင်္ဘောထွက်ဖို့ ဖိအားပေးခံရတာကြောင့် အများပြည်သူက လာရောက်တားဆီးရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာပါ။

အခုချိန်မှာ စစ်တပ်အင်အား၊ ရဲအင်အားအပြည့်နဲ့ လုံခြုံရေးယူထားကြပါတယ်။

နိုင်လင်းဦး

2 years Ago
Up