ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကန့်သတ်ချက်တွေရှိနေပေမဲ့ ဒီနှစ်ရဲ့ ဟာ့ဂျ်ဘုရားဖူးရာသီအတွက် ဆော်ဒီပြည်တွင်း ဘုရားဖူးတွေကတော့ မက္ကာမြို့တော်ကို ဇူလိုင် ၂၅ ရက်က ရောက်လာ ခဲ့ကြပါတယ်။
ဘုရားဖူးခရီးသည်တွေကို ဟိုတယ်ထဲမှာ ကျန်းမာရေးဝန်ထမ်းတွေက ကိုယ်အပူချိန် တိုင်းထွာ စစ်ဆေးတာတွေ လုပ်ပါတယ်။
ဒီနှစ်ဟာ ခေတ်သစ်ကာလမှာ ပထမဆုံးအကြိမ်အနေနဲ့ ဆော်ဒီပြင်ပ ကမ္ဘာတဝန်းက မွတ်စလင်တွေ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် မက္ကာကို ဘုရားဖူးမထွက်နိုင်တဲ့ နှစ်လည်း ဖြစ်ပါတယ်။
ဒီနှစ် ဆော်ဒီမှာ ဟာ့ဂျ်ဘုရားဖူးပွဲကို လူဦးရေ ၁ ထောင်အထိသာ တက်ဖို့ ကန့်သတ်ထားပြီး ဒီထဲက ၇၀ ရာခိုင်နှုန်းက ဆော်ဒီမှာနေထိုင်တဲ့ နိုင်ငံခြားသားတွေ ဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
7 months Ago