ပြည်တွင်းဖြစ် အသက်ရှူအထောက်ကူပြုကိရိယာ

July 15, 2020

ပြည်တွင်းဖြစ် အသက်ရှူအထောက်ကူပြုကိရိယာ မက္ကဆီကို သမ္မတ ပွဲထုတ်ပြသ

ကိုဗစ်-၁၉ ကပ်ရောဂါကို ထိန်းချုပ်ဖို့ကြိုးပမ်းနေတဲ့ မက္ကဆီကိုနိုင်ငံမှာ  ပြည်တွင်းဖြစ် အသက်ရှူထောက်ကူပြု ကိရိယာနှစ်ခုကို သမ္မတလိုပက်ဇ်အိုဘရေဒိုက ဇူလိုင် ၁၄ ရက်မှာ ပွဲထုတ်ပြသခဲ့ပါတယ်။ အသက်ရှူထောက်ကူပြု ကိရိယာတွေကို ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကကုမ္ပဏီတွေဆီက ပေးအပ်တဲ့ အကူအညီနဲ့အတူ မက္ကဆီကိုအစိုးရ အမျိုးသားသိပ္ပံနဲ့ နည်းပညာ ကောင်စီက ဒီဇိုင်းဖန်တီး ထုတ်လုပ်ထားတာပါ။ ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ အလားတူ မိုဒယ်အမျိုးအစား နိုင်ငံတကာက ဝယ်တာထက် သက်သာပြီး နိုင်ငံတဝန်းက ဆေးရုံတွေအတွက် ကိရိယာအရေအတွက် ၁,၀၀၀ ထုတ်လုပ်သွားဖို့ သိပ္ပံနဲ့နည်းပညာကောင်စီက စီစဉ်ထားပါတယ်။ မက္ကဆီကိုနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်အရှိန်ကျလာတယ်လို့ သမ္မတလိုပက်ဇ် အိုဘရေဒိုက ပြောဆိုပြီး လူတွေ ထိတ်လန့်တကြား ဖြစ်စေတဲ့အတွက် ကွန်ဆာဗေးတစ် မီဒီယာကို  လိုပက်ဇ်က အပြစ်ဖို့ခဲ့ပါတယ်။ မက္ကဆီကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇူလိုင် ၁၃ ရက် စာရင်းအရ တနိုင်ငံလုံးမှာ ကူးစက်သူ ၃ သိန်းကျော်ရှိပြီး သေဆုံးသူ ၃၅,၀၀၀ ကျော် ရှိပါတယ်။  တကယ်ကူးစက်ခံရတဲ့ အရေအတွက်ဟာ အတည်ပြုလူနာ အရေအတွက်ထက် သိသိသာသာ များပြားနိုင်တယ်လို့လည်း မက္ကဆီကို အစိုးရက ပြောဆိုထားပါတယ်။
10 months Ago
Up