သြစတြေးလျနိုင်ငံမှာ ခရစ္စမတ် အားလပ်ရက်မှာ နိုင်ငံအတွင်း ပြည်သူအားလုံး မိသားစုတွေဆီ သွားရောကလည်ပတ်ဖို့ အခွင့်အရေးပေးနိုင်ရေး ပန်းတိုင်ချမှတ်ထားပြီး လမ်းကြောင်းပေါ် ရောက်နေပြီလို့ ကျန်းမာရေးဝန်ကြီး ဂရဒ်ဟန့်ထ်က နိုဝင်ဘာ ၁ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
သြစတြေးလျနိုင်ငံမှာ ငါးလနီးပါးအတွင်း ပထမဆုံးအနေနဲ့ တနင်္ဂနွေနေ့မှာ ပြည်တွင်း ကူးစက်မှုအသစ် မရှိတော့တာကို မှတ်တမ်းတင်ပြီးပြီလို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။
ဒါကြောင့် လူချင်းခွာနေရမယ့် ကန့်သတ်ချက်ကို ဖြေလျှော့ပေးဖို့ စီစဉ်ထားပါတယ်။
သြစတြေးလျနိုင်ငံအတွင်း ဒီနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၇၅၀၀ ကျော်နဲ့ သေဆုံးသူ ၉၀၇ ယောက်ရှိပြီး သေဆုံးသူတွေထဲက ၉၀ ရခိုင်နှုန်းကျော်က ဗစ်တိုးရီးယား ပြည်နယ်က ဖြစ်ပါတဘ်။
လက်ရှိမှာတော့ ကူးစက်မှုနဲ့ ကူးစက်ခံ သေဆုံးသူမရှိတာ ၂ရက် ဆက်တိုက်ရှိပြီလို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago