ပြည်တန်ဆာရုံ

May 14, 2020

မြဝတီမြို့ရှိ  ပြည်တန်ဆာရုံကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီး

ကရင်ပြည်နယ်၊ မြဝတီမြို့၊  အမှတ်(၄)ရပ်ကွက်၊  ဘုရင့်နောင်လမ်းရှိ   ဇာနည် စားသောက်ဆိုင်ဟာ ပြည်တန်ဆာလုပ်ငန်းလုပ်ကိုင်နေတဲ့အတွက်  မြန်မာနိုင်ငံရဲတပ်ဖွဲ့က  မေလ ၁၄ ရက် ညသန်းခေါင်ကျော်  ၂ နာရီခွဲလောက်က ဝင်ရောက်စစ်ဆေးဖမ်းဆီးလိုက်ပါတယ်။ ၀င်ရောက်စစ်ဆေးရာတွင် ဆိုင်တွင်းမှာ ပြည့်တန်ဆာလုပ်ရန်စောင့်နေတဲ့ အမျိုးသမီး ၃ ဦး အပါအဝင် ပြည်တန်ဆာစီမံခန့်ခွဲသူ အမျိုးသားတဦးကို မြဝတီမြို့ရဲစခန်းကို ခေါ်ယူသွားတယ်။ ဖမ်းဆီးခံရသူ ၄ ဦးကို  ပြည်တန်ဆာအက်ဥပဒေ ပုဒ်မ ၇ (၁) နဲ့ ဒုရဲအုပ် မင်းရန်အောင်က စစ်ဆေးပြီး  ဒုရဲအုပ် မင်းမင်းထွန်းက တရားလိုပြုလုပ် တရားစွဲနိုင်ရေးအတွက် ဆောင်ရွက် နေပါတယ်။  ဖိုးစီ
11 months Ago
Up