ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေး

October 24, 2020

ယင်းမာပင်တွင် ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေးအတွက် ဝန်းရံမည်ဟု နှင်းဆီပါတီပြော

စစ်ကိုင်းတိုင်း​ ယင်းမာပင်မြို့နယ်မှာ ပြည်​ထောင်စုကြံ့ခိုင်​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီ ရွေး​ကောက်ပွဲအောင်နိုင်​ရေးအတွက် အားဖြည့်ဝန်းရံသွားမယ်လို့ ဖျက်သိမ်းခံရတဲ့ နှင်းဆီပါတီရဲ့ မြို့နယ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။  ပြည်ခိုင်ဖြိုးပါတီထဲ ​ပါတီဝင်အဖြစ် မ​ဆောင်ရွက်​သေးပဲ ​လော​လောဆယ် ပြည်ခိုင်ဖြိုးပါတီ ​အောင်နိုင်​ရေးအတွက် အားဖြည့်ဝန်းရံတာလို့  ယင်းမာပင်မြို့နယ် နှင်းဆီပါတီ ခေါ် ညီညွတ်​သောဒီမိုကရက်တစ်ပါတီ (UDP) ရဲ့ ​ပြော​ရေးဆိုခွင့်ရှိသူ EC အဖွဲ့ဝင် ဦးသီဟ​ကျော် ​ပြောပါတယ်။ "ကျ​နော်တို့ပါတီက ၂၀၂၀ ​ရွေး​ကောက်ပွဲမှာ ဝင်​ရောက်ယှဥ်ပြိုင်ခွင့်မရှိလို့ ကြံခိုင်​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီကို ဝန်းရံတဲ့အ​နေထားပါ။ ပါတီဝင်ခြင်း​​​တော့ မရှိ​သေးပါဘူး။ ကျ​နော်တို့ပါတီက အစည်းလိုက်​လေးပဲ လက်တွဲသွားမယ်။ ကျ​နော်တို့ပါတီ ဘယ်လိုဆက်လက်​ဆောင်ရွက်သွားမယ်ဆိုတာလည်း ညွှန်ကြားထားခြင်းမရှိ​သေးဘူး။ ၂၀၂၀ အလွန် ပါတီရှင်သန်ခွင့်ရရင် ကျ​နော်တို့အဖွဲ့အစည်းအတိုင်း ပါဝင်သွားဖို့ရှိပါတယ်။ ယင်းမာပင်မြို့နယ်မှာ ကျ​နော်တို့ပါတီဝင် ၁ သောင်းကျော် ရှိမယ်။" ယင်းမာပင်မြို့နယ် ပြည်​ထောင်စုကြံ့ခိုင်​ရေးနှင့်ဖွံဖြိုး​ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းနိုင်က "သူတို့က ​လော​လောဆယ် ဝန်းရံအားဖြည့်မယ်​ပေါ့။ ၂၀၂၀ ပြီးမှ သူတို့ပါတီကို ပြန်ဖွဲ့ခွင့်၊ မဖွဲ့ခွင့်ကို အ​​ခြေ​အနေကြည့်ပြီးမှ ဆုံးဖြတ်မယ်​ပြောတယ်။ ​ရွေး​ကောက်ပွဲမှာ ပါတီကိုပဲ ဝန်းရံအား​ပေးမှာပါ" လို့ ​ပြောပါတယ်။ ညီညွတ်​သောဒီမိုကရက်တစ်ပါတီ (UDP) ကို ​အောက်တိုဘာ ၁၇ ရက်​နေ့မှာ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်က တရားဝင်နိုင်ငံ​ရေးပါတီက​နေ ပယ်ဖျက်ထားတာဖြစ်ပြီး ပါတီဥက္ကဋ္ဌကိုလည်း ​​ထောင်​ပြေးမှုနဲ့ စွဲချက်တင်စစ်​ဆေး​နေပါတယ်။
2 years Ago
Up