ပြည့်နေ

October 2, 2020

မက်ဒရစ်ဆေးရုံ ကုတင် ၄၁ ရာခိုင်နှုန်း ကိုဗစ်လူနာများဖြင့် ပြည့်နေ

စပိန်နိုင်ငံ မြို့တော်မက်ဒရစ်ဆေးရုံ အိုင်စီယူလူနာတင်ခုတင်တွေရဲ့  ၄၁ ရာခိုင်နှုန်း ကျော်ဟာ  ကိုဗစ်လူနာတွေနဲ့ ပြည့်နေပါတယ်။  ဒါကြောင့် အောက်တိုဘာ ၁ ရက်မှာတော့ ဒေသခေါင်းဆောင်ဟာ ဗဟိုအစိုးရ ညွှန်ကြားချက်ဖြစ်တဲ့ မလိုအပ်ဘဲ ခရီးမသွားဖို့ တားမြစ်ချက်ကို မလိုက်နာချင်ဘဲ သဘောတူ ခဲ့ပါတယ်။  ကိုဗစ်ဒုတိယလှိုင်း  ဗဟိုချက်မဖြစ်တဲ့ မက်ဒရစ်မြို့က ဆေးရုံတွေမှာ ၂၄ နာရီအတွင်း ဆေးရုံတက်လူနာ ၄၃၃ ယောက်ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ကိန်းဂဏန်းတွေက ဖော်ပြ ပါတယ်။ ကိုဗစ်လူနာတွေဟာ ဒေသဆေးရုံ လူနာတွေရဲ့ ၂၄ ဒသမ ၂၂ ရာခိုင်နှုန်းနဲ့ အိုင်စီယူ ခုတင်တွေရဲ့ ၄၁ ရာခိုင်နှုန်းကျော် ရှိနေတာပါ။  ဆေးရုံတွေပေါ်မှာ ဖိအားတွေ တိုးလာပေမယ့်လို့ အခြေအနေက မတ်လနဲ့ ဧပြီလတုန်း ကလို  ဆေးရုံတွေ ပြိုလဲလုနီးပါးအခြေအနေမျိုးတော့ မဟုတ်ပါဘူး။  မြို့တော် မက်ဒရစ်က ကိုဗစ်လူနာ အရေအတွက်ဟာ တနိုင်ငံလုံး ကူစက်နှုန်း  နှစ်ဆရှိပြီး စပိန်နိုင်ငံဟာ အနောက်ဥရောပမှာ  ကိုဗစ်ကူးစက်မှု အများဆုံးအဖြစ်  စံချိန်တင်ခဲ့ပါတယ်။  စပိန်မှာ ကိုဗစ်ကူးစက်သူ ၇၆၉, ၀၀၀ ကျော်ရှိပြီး  သေဆုံးသူ ၃၁, ၀၀၀ ကျော် ရှိတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
7 months Ago
Up