ပြည့်တန်ဆာဂိုဏ်း

September 29, 2019

ဘန်ကောက် ကလေးပြည့်တန်ဆာဂိုဏ်းအား ဖြိုခွင်း

ကလေးတွေကို ပြည့်တန်ဆာအဖြစ်ခိုင်းစားနေတဲ့ ဘန်ကောက်မြို့က ဂိုဏ်းတခုကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖြိုခွင်းခဲ့ပြီးနောက် အမျိုးသား ၇ ဦးကို လူကုန်ကူးမှုနဲ့ဖမ်းဆီးလိုက်တယ်လို့ Bangkok Post သတင်းမှာဖော်ပြပါတယ်။  ဂိုဏ်းတခုဟာ ကလေးတွေကို ပြည့်တန်ဆာအဖြစ်အသုံးချပြီး သူတို့မူးယစ်ဆေးသုံးစွဲဖို့ ငွေရှာဖွေနေတယ်လို့ တစုံတယောက်က သတင်းပေးခဲ့ကြောင်း လူကုန်ကူးမှုတိုက်ဖြတ်ရေးအရာရှိ ရဲမှူးချုပ် ဝိုရာဝပ် ဝပ်နာခွန်ဘန်ချာက ပြောပါတယ်။  ဒီဖြိုခွင်းမှုအတွင်း ဂိုဏ်းခေါင်းဆောင် နာရင် ရော့ရှုနဲ့ အဖွဲ့ဝင် ခြောက်ဦးကို ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။  ဒီသံသယရှိသူတွေဟာ ဟွာလမ်ပေါင်း ဘူတာရုံအနီးက ဟိုတယ်တခုကို အခြေစိုက်ပြီး လုပ်ငန်းဆောင်ရွက်တာဖြစ်ပါတယ်။  “သူတို့မှာ ဖောက်သည်အုပ်စုတွေရှိပြီး တခါသွားရင် ဘတ် ၃၀၀ ကနေ ၅၀၀ ကြားကုန်ကျပါတယ်” လို့ ဝိုဝါဝပ်က စက်တင်ဘာ ၂၈ ရက်မှာပြောပါတယ်။  ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရတဲ့ ကလေးတွေဘက်က ငြင်းဆန်တယ်ဆိုရင် သူတို့ကိုရိုက်နှက်တာ၊ မီး၊ ဘရိတ်ဓားတွေနဲ့ ညှဉ်းပန်းခြင်းတို့လုပ်လေ့ရှိတယ်လို့ သိရပါတယ်။  ဒီဂိုဏ်းဟာ အသက် ၁၀ နှစ်ကနေ ၁၆ နှစ်အတွင်းမှာရှိတဲ့ ယောကျ်ား၊ မိန်းကလေး ၁၄ ဦးကို ပြည့်တန်ဆာအဖြစ်ခိုင်းစေတာဖြစ်ပြီး သံသယရှိသူတွေရဲ့ ရည်းစားတွေဟာလည်း ဒီအလုပ်ကို လုပ်ကိုင်တယ်လို့ သိရပါတယ်။  ဒီဂိုဏ်းကိုမဖြိုခွဲခင် ရဲတပ်ဖွဲ့က သူတို့အတွက် ဒလန်အဖြစ်ဆောင်ရွက်ပေးသူကို အရင်ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။  ဒီဖြိုခွင်းမှုအတွင်းမှာ နေရာတခုကို ပိတ်ဆို့ရှာဖွေတာ၊ တခြားခြောက်နေရာကို ရှာဖွေတာတို့ပါဝင်ခဲ့ပြီး ရှာဖွေမှုတွေအတွင်း မိုဘိုင်းဖုန်းတွေနဲ့ ဘဏ်စာအုပ်တွေကိုလည်း ရှာတွေ့ခဲ့ပါတယ်။  “သံသယရှိသူတွေက သူတို့ဟာ ဒီလုပ်ငန်းကို ပြီးခဲ့တဲ့ လေးလလောက်ကတည်းက လုပ်ဆောင်နေတယ်ဆိုတာ ဝန်ခံပါတယ်။ သူတို့ထဲက တချို့မှာ မူးယစ်ဆေးဝါးမှု၊ ဓားပြမှုတွေနဲ့ ပြစ်မှုဟောင်းတွေ ရှိနေပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးချိန်မှာ မူးယစ်တပ်ဖွဲ့ထံလွှဲ ပြောင်းပေးသွားမယ်” လို့ ရဲအရာရှိ ဝိုရာဝပ်ကပြောပါတယ်။ ================================ ဘန္ေကာက္ ကေလးျပည့္တန္ဆာဂိုဏ္းအား ၿဖိဳခြင္း DVB ကေလးေတြကို ျပည့္တန္ဆာအျဖစ္ခိုင္းစားေနတဲ့ ဘန္ေကာက္ၿမိဳ႕က ဂိုဏ္းတခုကို ရဲတပ္ဖြဲ႕က ဝင္ေရာက္ၿဖိဳခြင္းခဲ့ၿပီးေနာက္ အမ်ိဳးသား ၇ ဦးကို လူကုန္ကူးမႈနဲ႔ဖမ္းဆီးလိုက္တယ္လို႔ Bangkok Post သတင္းမွာေဖာ္ျပပါတယ္။ ဂိုဏ္းတခုဟာ ကေလးေတြကို ျပည့္တန္ဆာအျဖစ္အသုံးခ်ၿပီး သူတို႔မူးယစ္ေဆးသုံးစြဲဖို႔ ေငြရွာေဖြေနတယ္လို႔ တစုံတေယာက္က သတင္းေပးခဲ့ေၾကာင္း လူကုန္ကူးမႈတိုက္ျဖတ္ေရးအရာရွိ ရဲမႉးခ်ဳပ္ ဝိုရာဝပ္ ဝပ္နာခြန္ဘန္ခ်ာက ေျပာပါတယ္။ ဒီၿဖိဳခြင္းမႈအတြင္း ဂိုဏ္းေခါင္းေဆာင္ နာရင္ ေရာ့ရႈနဲ႔ အဖြဲ႕ဝင္ ေျခာက္ဦးကို ဖမ္းမိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္မွာ ပါဝင္ပါတယ္။ ဒီသံသယရွိသူေတြဟာ ဟြာလမ္ေပါင္း ဘူတာ႐ုံအနီးက ဟိုတယ္တခုကို အေျခစိုက္ၿပီး လုပ္ငန္းေဆာင္႐ြက္တာျဖစ္ပါတယ္။ “သူတို႔မွာ ေဖာက္သည္အုပ္စုေတြရွိၿပီး တခါသြားရင္ ဘတ္ ၃၀၀ ကေန ၅၀၀ ၾကားကုန္က်ပါတယ္” လို႔ ဝိုဝါဝပ္က စက္တင္ဘာ ၂၈ ရက္မွာေျပာပါတယ္။ ျပည့္တန္ဆာအျဖစ္ ခိုင္းေစခံရတဲ့ ကေလးေတြဘက္က ျငင္းဆန္တယ္ဆိုရင္ သူတို႔ကို႐ိုက္ႏွက္တာ၊ မီး၊ ဘရိတ္ဓားေတြနဲ႔ ညႇဥ္းပန္းျခင္းတို႔လုပ္ေလ့ရွိတယ္လို႔ သိရပါတယ္။ ဒီဂိုဏ္းဟာ အသက္ ၁၀ ႏွစ္ကေန ၁၆ ႏွစ္အတြင္းမွာရွိတဲ့ ေယာက်္ား၊ မိန္းကေလး ၁၄ ဦးကို ျပည့္တန္ဆာအျဖစ္ခိုင္းေစတာျဖစ္ၿပီး သံသယရွိသူေတြရဲ႕ ရည္းစားေတြဟာလည္း ဒီအလုပ္ကို လုပ္ကိုင္တယ္လို႔ သိရပါတယ္။ ဒီဂိုဏ္းကိုမၿဖိဳခြဲခင္ ရဲတပ္ဖြဲ႕က သူတို႔အတြက္ ဒလန္အျဖစ္ေဆာင္႐ြက္ေပးသူကို အရင္ဖမ္းဆီးလိုက္တာျဖစ္ပါတယ္။ ဒီၿဖိဳခြင္းမႈအတြင္းမွာ ေနရာတခုကို ပိတ္ဆို႔ရွာေဖြတာ၊ တျခားေျခာက္ေနရာကို ရွာေဖြတာတို႔ပါဝင္ခဲ့ၿပီး ရွာေဖြမႈေတြအတြင္း မိုဘိုင္းဖုန္းေတြနဲ႔ ဘဏ္စာအုပ္ေတြကိုလည္း ရွာေတြ႕ခဲ့ပါတယ္။ “သံသယရွိသူေတြက သူတို႔ဟာ ဒီလုပ္ငန္းကို ၿပီးခဲ့တဲ့ ေလးလေလာက္ကတည္းက လုပ္ေဆာင္ေနတယ္ဆိုတာ ဝန္ခံပါတယ္။ သူတို႔ထဲက တခ်ိဳ႕မွာ မူးယစ္ေဆးဝါးမႈ၊ ဓားျပမႈေတြနဲ႔ ျပစ္မႈေဟာင္းေတြ ရွိေနၿပီး လိုအပ္တဲ့ စစ္ေဆးမႈေတြ လုပ္ေဆာင္ၿပီးခ်ိန္မွာ မူးယစ္တပ္ဖြဲ႕ထံလႊဲ ေျပာင္းေပးသြားမယ္” လို႔ ရဲအရာရွိ ဝိုရာဝပ္ကေျပာပါတယ္။
2 years Ago
Up