ပြစ်မှုများဆိုင်ရာ

A d v e r t i s e m e n t With Us

February 22, 2020

ပြစ်မှုများဆိုင်ရာနှင့်ပတ်သက်၍ ဥပဒေရေးရာ အမေးအဖြေ

ရိုက်နှက်လုယက်မှု၊ ကျောင်းတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ အာမခံပေးမှု စတာတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ကနေ မေးမြန်းလာတာတွေကို ဦးစိုးတင့်ရီ (တရားလွှတ်တော်ရှေ့နေ) အား ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး ။ “ကျနော် ငှားရမ်းနေထိုင်ရာ အဆောင်သို့ မကြာခဏဆိုသလို သူခိုးဝင်လေ့ရှိပါတယ်။ စီစီတီဗွီကင်မရာ တပ်ဖို့ဆိုရင်လည်း ငွေကြေးအရ မတတ်နိုင်ပါ။  ဒါကြောင့် ညအချိန်မှာ အဆောင်ခြံစည်းရိုးကို လျှပ်စစ်ဓာတ် လွှတ်ထားချင်ပါတယ်။ သူခိုးဝင်လို့ ဓာတ်လိုက်ရင် ကျနော်တို့မှာ အပြစ်ရနိုင်ပါသလား။” ဖြေ ။ လျှပ်စစ်ဓာတ်လိုက်တယ်ဆိုတော့ လူကို သေစေရန် အကြံပါသွားတယ်။ ဥပဒေနဲ့အညီ မဟုတ်လို့ လုပ်လို့မရပါဘူး။ မေးတဲ့သူရဲ့ဆန္ဒကတော့ သူ့ခြံကို လုံချင်လို့ လုပ်တာပေါ့။ သို့သော် ဥပဒေက ခွင့်မပြုပါဘူး။ ဘယ်လိုကိစ္စတွေမှာ ခွင့်ပြုလဲဆိုတော့ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ စီမံကိန်းတွေမှာဆို လျှပ်စစ်ဓာတ်တွေ လွှတ်ထားတယ်။ ဒီလို လွှတ်ထားတာတောင်မှ ဆိုင်းဘုတ်ကြီးနဲ့ ကြေညာထားတယ်။ ခြံဝင်းမှာ လျပ်စစ်ဓာတ် လွှတ်ထားတယ်၊ အန္တရာယ်ရှိတယ်၊ မထိပါနဲ့ဆိုပြီး.. ကြေညာထားပါတယ်။ ဒါကြောင့် အပြင်လူတွေ၊ သာမန်လူတွေက လုပ်ခွင့်မရှိပါဘူး။  ခြွင်းချက်တခုရှိတာက ဓာတ်ကြိုးက ခြံစည်းရိုးမှာ ပြုတ်ကျနေတာ ခြံစည်းရိုး ပိုင်ရှင်ကလည်း မသိဘူး။ (သူခိုး) ဓာတ်လိုက် သေဆုံးသွားတယ်ဆိုရင်.. ဒါမျိုးကျတော့ လွတ်နိုင်ပါတယ်။ ဒါက ကိုယ်လည်း မသိလို့ကိုး။ ဒါကြောင့် သေစေရန်အကြံ ဖြစ်တဲ့အတွက်ကြောင့် ဥပဒေနဲ့ လုပ်လို့မရပါဘူးလို့ ဖြေကြားလိုပါတယ်။ မေး ။ “ကျမသမီးက ၈ တန်း တက်နေပါတယ်။ ကျောင်းမှာ အတန်းတူ ကောင်လေးတယောက်က ကျမသမီးကို အမြင်မကြည်တာနဲ့ ကျောင်းကအပြန်မှာ မကြာခဏ ဆိုသလို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တဲ့ အပြုအမှုတွေ လုပ်ပြီး ဆဲပါတယ်။ သူ့အမေကို သွားတိုင်တော့လည်း တိုင်ချင်ရာတိုင်လို့ ပြောပါတယ်။ ဒီလိုကိစ္စမျိုးအတွက် တရားစွဲလို့ ရ၊ မရ။ ဥပဒေအရ ဘယ်လို လုပ်ရမလဲဆိုတာကို အကြံပြုစေလိုပါတယ်။” ဖြေ ။ မိန်းကလေးက  ၈ တန်း၊ အပျိုဖော်ဝင်နေပြီ၊။ နောက်… ဒီလို နှောင့်ယှက်တယ်၊ မဖွယ်မရာတွေ ပြောတယ်၊ နောက်.. ဆဲတဲ့အဆင့်ထိ ပါလာပြီဆိုရင် ပြစ်မှုဆိုင်ရာဥပဒေကို ကျူးလွန်တာ ဖြစ်နေပါပြီ။ ဒီတော့ ကျောင်းအုပ်ကြီး၊ အတန်းပိုင်ကို ပထမအဆင့် (first step) အနေ့နဲ့ ပြောသင့်ပါတယ်။ ကျောင်းအုပ်ကြီးကလည်း အရေးယူမှုမရှိဘူး ဆိုရင်တော့ သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်လို့ရပါတယ်။ လိင်ပိုင်းဆိုင်ရာတွေ ပြောတယ်၊ ဆဲတယ်ဆိုတော့ ပြစ်မှုဆိုင်ရာ မြောက်နေပါပြီ။ ရဲကို သွားတိုင်ရင်  ရဲအရေးယူပိုင်တဲ့ ပုဒ်မ ရှိပါတယ်။ ရဲအရေးမပိုင်တဲ့ ပုဒ်မ ရှိတယ်။ အဲဒါက အမှုဖြစ်စဉ်နဲ့သွားပြီးတော့ သုံးသပ်တာပါ။ သူရဲ့ တိုင်ချက်ဖြစ်စဉ်အရ ဒီပုဒ်မကတော့ ရဲအရေးယူမပိုင်ဘူးဆိုရင် ပုံစံ(က)၊ (ခ) ဆိုပြီး ရှိပါတယ်။ အဲ့ဒီ ပုံစံ(က)၊ (ခ) နဲ့ တရားရုံးကို ဦးတိုက် လျှောက်ထားလို့ရပါတယ်။  မေး ။ “ဆရာခင်ဗျား။ မကြာခင်က ပေါ်ပေါက်ခဲ့တဲ့ နာမည်ကြီးအမှုတခုမှာ ပြစ်မှု ကျူးလွန်ကြောင်း စွပ်စွဲခံရသူဘက်မှ လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေတွေကို အထူးဥပဒေတခုနဲ့ အမှုဖွင့်လိုက်တယ်ဆိုတာကို မီဒီယာတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဒီလိုကိစ္စမျိုးကို အရင်ကလည်း မကြားဖူးပါဘူး။ တဦး တယောက်က ရှေ့နေတဦးဦးကို ဘယ်လို အခြေအနေမျိုးမှာ တရားစွဲနိုင်သလဲ ဆိုတာကို ဥပဒေဗဟုသုတအနေနဲ့ သိပါရစေ။ ဖြေ ။ ဒီမေးခွန်းက နည်းနည်းကျယ်ပြန့်ပါတယ်။ ပထမအချက်ကတော့ “အထူးဥပဒေတခုနဲ့ အမှုဖွင့်လိုက်တယ်ဆိုတာကို မီဒီယာတွေရဲ့ဖော်ပြချက်အရ သိရပါတယ်တဲ့၊  ဒီလိုကိစ္စမျိုးကို အရင်ကလည်း မကြားဖူးပါဘူး” ဆိုတဲ့ အချက်ကို ကျနော် အရင်ဖြေပေးပါမယ်။ အရင်က မကြားဘူးဘူး ဆိုတာက အရင်က ဒီဥပဒေ မထုတ်ပြန်သေးလို့ပါ။ အထူးဥပဒေတရပ် ထုတ်ပြန်လိုက်တဲ့အပေါ်မှာ မူတည်ပြီး ဒီဖြစ်ရပ် ဖြုစ်လာတာပါ။ ဒါက ပထမမေးခွန်းပါ။ နောက်မေးခွန်းဆက်ဖြေပါမယ်။ “တဦး တယောက်က ရှေ့နေတဦးဦးကို ဘယ်လို အခြေအနေမျိုးမှာ တရားစွဲနိုင်သလဲဆိုတာ” ဥပဒေ ဗဟုသုတ ပြောပြမယ်နော်။ ရှေ့နေလည်း နိုင်ငံသားပါပဲ။ နှစ်ပိုင်း ခွဲပြောရရင် ပထမက.. ဥပမာ.. ရှေ့နေတယောက်က သူများပိုက်ဆံ ယူထားတယ်၊ ပြန်မပေးဘူးဆိုရင် သူ့ကို တရားမကြောင်းအရ တရားစွဲဆိုနိုင်ပါတယ်။ နောက် ပြစ်မှုဆိုင်ရာ ရာဇဝတ်ဥပဒေအရ  သူတပါးကို ရိုက်တယ်၊ ဆဲတယ်၊ ခိုးတယ်ဆိုရင်လည်း ဥပဒေအရ အရေးယူလို့ရမှာပဲ။ အဲဒီလို နှစ်ပိုင်း ရှိပါတယ်။ သူ သိချင်တဲ့ “ရှေ့နေတဦးဦးကို ဘယ်လို အခြေအနေမျိုးမှာ တရားစွဲနိုင်သလဲ” ဆိုတာကတော့ ဥပဒေ ဗဟုသုတ ဖြစ်သွားပြီ။ ရှေနေ့တဦးသည် နိုင်ငံသားပဲ ဖြစ်တာကြောင့် ဥပဒေတွေကို မလိုက်နာရင် တရားစွဲဆိုလို့ရတယ်။ ဒါက ယျေဘုယျ (general) အနေနဲ့ ဖြေလိုက်တာပါ။ သူ သိချင်တဲ့ ဘယ်လိုအခြေအနေမျိုး ဆိုတာက အမှုစစ်နေရင်းနဲ့ သူ့ရဲ့ လုပ်ဆောင်ချက်က ပြစ်မှုဆိုင်ရာဥပဒေနဲ့ ငြိတာမျိုး ဖြစ်မယ်၊ ဒါမှမဟုတ် တရားရုံးကို မထီမဲ့မြင်ပြုတာမျိုး ဖြစ်မယ်။ ဒါဆိုရင် တရာသူကြီးကပဲ တရားလိုက်နေတဲ့ အမှုရှေ့နေကို တရားစွဲလို့ရတာမျိုး ရှိတယ်။ နောက်တခုက တရားရုံးကို မထီမဲ့မြင်ပြုတယ် ဆိုပြီးတော့ တရားရုံးကလည်း ရှေ့နေတယောက်ကို တရားစွဲဆိုနိုင်ပါတယ်။ နောက်တခုက အမှုစစ်ဆေးဆောင်ရွက်စဉ် တဖက်နဲ့တဖက် အချေအတင် ပြောကြ ဆိုကြတဲ့အခါကျတော့လည်း တဖက်ကို စော်ကားတယ်၊ သူ့ဂုဏ်သိက္ခာကို ထိတယ် ဆိုရင်လည်း၊ တဖက်သူကို ဂုဏ်သိက္ခာညိုးနွမ်းမှုနဲ့ စွဲလို့ရပါတယ်။ အဲဒီတော့ ဘယ်လို အခြေအနေမျိုးမှာဆိုတာက အမှုစစ်ဆေးနေစဉ်အတွင်း ပေါ်ပေါက်တဲ့ ဖြစ်ရပ်ပေါ်မှာ မူတည်ပြီး ငြိစွန်းတဲ့ဥပဒေနဲ့ တရားစွဲလို့ရတယ်။ အဲဒီတော့ ရှေ့နေဆိုတာက တရားရုံးမှာ မိမိတတ်ထားတဲ့ပညာနဲ့ အသားလွတ်ကြီး ပြောဆိုနေလို့ မရဘူး။ သူ့ဘောင်သတ်မှတ်ချက်လေး ရှိပါတယ်။ ရှေ့နေတွေ လိုက်နာရမယ့် ကျင့်ဝတ်၊ တရားရုံး လိုက်နာရမယ့်ကျင့်စဉ်တွေနဲ့ပေါင်းပြီး ရှေ့နေတယောက်ရဲ့ လုပ်ရပ်က တရားခွင်ပေါ်မှာ ပြစ်မှုတရပ် ပေါ်ပေါက်လာတယ်ဆိုရင် ခုနက ပြောတဲ့ တရားရုံးကို မထီမဲ့မြင်ပြုတဲ့ ဥပဒေ၊ တခြား.. တရားရုံးကို ဝတ္တရာနှောင့်ယှက်တယ် ဆိုတဲ့ ဥပဒေတွေနဲ့ အရေးယူခွင့်ရှိပါတယ်လို့ ဖြေကြားပေးချင်ပါတယ်။ မေး ။ “ဆရာခင်ဗျား။ ကျနော်က နေ့ဘက် ရုံးအလုပ်လုပ်ပြီး ညပိုင်းမှာ မိသားစု စားဝတ်နေရေးအတွက် တက္ကစီကားမောင်းပါတယ်။ အခုနောက်ပိုင်းမှာ ကျနော်တို့လို ညပိုင်း ကားမောင်းတဲ့သူအချို့ ရိုက်နှက်လုယက်မှု၊ လူသတ်ပြီး ကားခိုးယူမှုတွေ များလာပါတယ်။ ကာကွယ်ခုခံနိုင်အောင် တုတ်၊ ဓား၊ လက်နက်၊ သံပိုက်လုံး စတဲ့ ပစ္စည်းတခုခု ကားထဲမှာထားလို့ ရှောင်တခင် ယာဉ်စစ်ဆေးတာနဲ့ တိုးရင်လည်း လက်နက်ဥပဒေနဲ့ ငြိစွန်းတယ် ဆိုပြီး အသိမ်းခံရပါတယ်။ အခန့်မသင့်ရင် အမှုဖွင့်တာကိုလည်း ခံရတတ်ပါတယ်။ ကိုယ့်အသက်ကို ခုခံကာကွယ်ပိုင်ခွင့်အတွက် ကိုင်ဆောင်တဲ့ပစ္စည်းဟာ  ဥပဒေနဲ့ ငြိစွန်းခြင်း ရှိ၊ မရှိဆိုတာကို ဘယ်လိုသတ်မှတ်သလဲ ဆိုတာကို သိပါရစေ။” ဖြေ ။ ဒီမေးခွန်းက နည်းနည်းလေး ကျယ်ပြန့်ပါတယ်။ ကျတော်တို့နိုင်ငံမှာ ကာကွယ်ခုခံပိုင်ခွင့်အတွက် လက်နက်ကိုင်ဆောင် ခွင့်မရှိပါဘူး။ ဥပဒေပြဋ္ဌာန်းချက်လည်း မရှိပါဘူး။ သို့သော် ယခင်အစိုးရများ လက်ထက်က ရှိခဲ့တယ်။ မှတ်မိသလောက် နဝတ မတိုင်ခင် တော်လှန်ရေးကောင်စီအထိကို ခုခံပိုင်ခွင့်အတွက် သေနတ်ကိုင်ဆောင်ခွင့် ရှိပါတယ်။ အဲလို လက်နက်ကိုင်ဆောင်ခွင့်ရှိတာကို သက်ဆိုင်အုပ်ချုပ်ရေးပေါ့၊ ခုပြည်ထဲရေးလို ဌာနမျိုးကနေ သူ့ကို ဥပမာ- ကုန်သည်၊ သူဌေးတွေ၊ တချို့ ရှေ့နေတွေလည်း သေနတ်ကိုင်တယ်၊ အဲဒါမျိုးကို လိုင်စင်နဲ့ ကိုင်ရပါတယ်။ သို့သော် အဲဒီသေနတ်တလက်ကို အသုံးပြုမယ် ဆိုရင်လည်း ဥပမာ- သေလောက် နိုင်တဲ့နေရာကို မပစ်ရဘူး အစရှိသဖြင့် ပြဋ္ဌာန်းချက်ကလေးတွေ ရှိပါတယ်။ အဲဒီလို စည်းကမ်းချက်အရ ကိုင်ခွင့်ရှိပါတယ်။  အခုခေတ်ကတော့ မတွေ့ရတော့ဘူး။ ဒါက လုံခြုံရေးအရ မပေးတော့ပါဘူး။ ကာကွယ်ခုခံနိုင်ခွင့်က ဘယ်လို သတ်မှတ်ထားသလဲဆိုတော့ ကိုင်ခွင့်မရှိဘူးလို့  ဖြေရပါ့မယ်။ ပြန်ပြောရရင် သံတုတ်တွေပါတာ အသိမ်းခံရတယ်ဆိုတော့ ကိစ္စတခုရဲ့ အတိုင်းအတာတခုပေါ်မှာ မူတည်ပါတယ်။  ဥပမာ- ကားပေါ်မှာ (tools box) ထဲမှာ သံ၊ ခွ၊ တူရွင်းတွေ ရှိတယ်။ အဲဒါကလည်း သူ့တို့ မသင်္ကာဘူးဆိုပြီး သိမ်းရင်လည်း သိမ်းလို့ရတာပဲ။ ဒါကတော့ ရပ်ရွာအဖွဲ့အစည်းပေါ်မှာ ပေါ်ပေါက်တဲ့ အာဏာပိုင်အဖွဲ့အစည်းရဲ့ အရေးယူမှုအပေါ်မှာ သွားတာပေါ့။ ဥပမာ- အိမ်တွေမှာသုံးတဲ့ ဓား ဆိုတာ အချွန်တွေပဲ၊ ဒါပေမဲ့ မီးဖိုချောင်ထဲမှာ သုံးရင် ပြဿနာမဟုတ်ဘူး။ အပြင်ယူသွားတယ်ဆိုရင်တော့ ပြဿနာပဲ။ နောက် အိမ်နံရံမှာချိတ်ထားတဲ့ ဓားရှည်ကြီးတွေက အိမ်နံရံမှာ ချိတ်ထားရင် ဘာမှ မဖြစ်ဘူး။ သို့သော် အဲဒီဓားကြီးကိုင်ပြီး အပြင်ထွက်သွားရင်တော့ ပြဿနာဖြစ်မှာပဲ။ ဒီတော့ မိမိကိုယ်ကိုယ် ခုခံပိုင်ခွင့်နဲ့ပတ်သက်ပြီး ဥပဒေမှာ ပြဋ္ဌာန်းထားတာက မိမိခန္ဓာကိုယ် ဘယ်အဆင့်မှာ ဘယ်လို ခုခံနိုင်ခွင့်ရှိတယ်ဆိုတာ ပြထားတယ်။ သို့သော် တိတိကျကျတော့ ဘယ်အဆင့်မှာ ဘယ်လောက်အထိ ရပ်လိုက်.. ဆိုတာမျိုးကို သုံးသပ်ဖို့ ခက်တာပေါ့လေ။ လူတယောက်ကို သေစေအောင် ဥပမာ- မုဒိမ်းမှုလိုမျိုးဆိုရင် တခြားသူကို သေစေနိုင်လောက်တဲ့အထိ ခုခံပိုင်ခွင့်ရှိပါတယ်။ သို့သော် လက်နက်ကိုင်ထားဖို့ကို ကျနော်တို့နိုင်ငံမှာ ခွင့်မပြုသေးပါဘူး။ အနောက်နိုင်ငံတွေမှာတော့ ဥပမာ အမေရိကန်ဆိုရင် ဆိုင်တွေမှာ လွတ်လွတ်လပ်လပ် ဝယ်လို့ရတယ်လေ။ ကျနော်တို့နိုင်ငံမှာ ခွင့်မပြုသေးပါဘူးလို့ ဖြေကြားချင်ပါတယ်။ မေး ။ “အာမခံနဲ့ပတ်သက်ပြီး နားမလည်လို့ပါ။ ပြစ်မှုတွေမှာ အမှုဖွင့်ခံရသူကို အာမခံပေးတယ်ဆိုရင် ငွေကို လက်ငင်းပေးရတာလား။ တကယ်လို့ အပြစ်မရှိကြောင်း စီရင်ချက်အမိန့်ချရင် ငွေပြန်ရပါသလားဆိုတာ သိပါရစေခင်ဗျား။” ဖြေ ။ အာမခံပေးတဲ့နေရာမှာ နှစ်မျိုး ရှိပါတယ်။ အာမခံပေးလို့ရတဲ့ ပုဒ်မနဲ့ ပေးလို့မရတဲ့ ပုဒ်မ။ နောက်ဆုံးအဆင့် မရတဲ့အဆင့်ကနေ ပေးလို့ရသွားတယ်ဆိုရင် အာမခံ ပေးကိုပေးရမယ့် အခြေအနေ။ အဲတော့ သူ့ကို အာမခံပေးတယ်၊ သူ တရားရုံးကို ချိန်းတဲ့ရက်တွေမှာ အချိန်မီမလာနိုင်ဘူးဆိုရင် ခင်ဗျားကို ဘယ်သူ အာမခံမလဲ ဆိုတဲ့ အခါကျတော့ အနည်းဆုံး လူ ၂ ယောက် သတ်မှတ်ရတာပေါ။ သတ်မှတ်တဲ့အခါမှာ တရားရုံးရဲ့ ဆင်ခြင်တုံတရားပေါ်မှာ မူတည်ပြီးတော့ တန်ဖိုးသတ်မှတ်ပေးပါတယ်။ ဥပမာ- တချို့အမှုတွေမှာဆိုရင် ခုခေတ်မှာဖြစ်တဲ့ တန်ဖိုးတွေက များတာလာတဲ့အခါကျတော့ အာမခံတန်ဖိုးလည်း ကြီးသွားတယ်။  ပိုင်ဆိုင်မှုစာချုပ်စာတမ်းကို အာမခံတဲ့ပုဂ္ဂိုလ်ကနေ တရားရုံးကို တင်ပေးရတယ်။ ပိုင်ဆိုင်ကြောင်းကိုလည်း အမှန်တကယ် ပိုင်ဆိုင်တဲ့လူက မှန်ပါတယ် ဆိုတာကို သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက်ကနေ ထောက်ခံပေးရတယ်။ အဲဒီဟာကို တင်ထားရတာပါ။ သူ ပြောသလို သိန်းတစ်ရာ၊ နှစ်ရာ တင်ရတာမျိုး မဟုတ်ပါဘူး။ အမှုပြီးသွားရင် ဒါက အော်တိုမီတစ် ဒီစာရွက်စာတမ်းတွေကို ပြန်ထုတ်ခွင့်ရှိပါတယ်။ “အပြစ်မရှိကြောင်း စီရင်ချက် အမိန့်ချရင် ငွေပြန်ရပါသလားဆိုတော့”  ငွေက လက်ငင်းပေးတာ မဟုတ်တဲ့အတွက် စာချုပ်စာတမ်းတွေကို ပြန်ထုတ်ပိုင်ခွင့်ရှိပါတယ်။ သူက တရားရုံးကို ပုံမုန်လာဖို့အတွက် ဝိုင်ပြီးတော့ အာမခံပေးထားတဲ့ သဘောပဲရှိပါတယ်။ သူတို့ အာမခံထားတဲ့ တရားခံက ရုံးကို မလာရင်တော့ တန်ဖိုးငွေကို ပြန်ပြီး ပေးလျော်ရပါလိမ့်မယ်။
1 year Ago

December 15, 2019

ပြစ်မှုများဆိုင်ရာနှင့်ပတ်သက်ပြီး ဥပဒေရေးရာ အမေးအဖြေ

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ အိမ်ထောင်ရေး၊ ရှေ့နေတဦးကို ဘယ်လိုအခြေအနေမျိုးမှာ တရားစွဲဆိုနိုင်သလဲ စတာတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ကနေ မေးမြန်းထားတာတွေကို ဦးစိုးတင့်ရီ (တရားလွှတ်တော်ရှေ့နေ) အား ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ ‌မေး။   ။ ကျနော် ငှားရမ်းနေထိုင်ရာ အဆောင်သို့ မကြာခဏဆိုသလို သူခိုးဝင်လေ့ရှိပါတယ်။ စီစီတီဗွီကင်မရာ တပ်ဖို့ဆိုရင်လည်း ငွေကြေးအရ မတတ်နိုင်ပါ။ ဒါကြောင့် ညအချိန်မှာ အဆောင်ခြံစည်းရိုးကို လျှပ်စစ်ဓာတ် လွှတ်ထားချင်ပါတယ်။ သူခိုးဝင်လို့ ဓာတ်လိုက်ရင် ကျနော်တို့မှာ အပြစ်ရနိုင်ပါသလား။ ဖြေ။  ။ လျှပ်စစ်ဓာတ်လိုက်တယ်ဆိုတော့ လူကို သေစေရန် အကြံပါသွားတယ်။ ဥပဒေနဲ့အညီ မဟုတ်လို့ လုပ်လို့မရပါဘူး။ မေးတဲ့သူရဲ့ဆန္ဒကတော့ သူ့ခြံကို လုံချင်လို့ လုပ်တာပေါ့။ သို့သော် ဥပဒေက ခွင့်မပြုပါဘူး။ ဘယ်လိုကိစ္စတွေမှာ ခွင့်ပြုလဲဆိုတော့ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ စီမံကိန်းတွေမှာဆို လျှပ်စစ်ဓာတ်တွေ လွှတ်ထားတယ်။ ဒီလိုလွှတ်ထားတာတောင်မှ ဆိုင်းဘုတ်ကြီးနဲ့ ကြေညာထားတယ်။ ခြံဝင်းမှာ လျှပ်စစ်ဓာတ် လွှတ်ထားတယ်၊ အန္တရာယ်ရှိတယ်၊ မထိပါနဲ့ဆိုပြီး.. ကြေညာထားပါတယ်။ ဒါကြောင့် အပြင်လူတွေ၊ သာမန်လူတွေက လုပ်ခွင့်မရှိပါဘူး။  ခြွင်းချက်တခုရှိတာက ဓာတ်ကြိုးက ခြံစည်းရိုးမှာ ပြုတ်ကျနေတာ ခြံစည်းရိုး ပိုင်ရှင်ကလည်း မသိဘူး။ (သူခိုး) ဓာတ်လိုက် သေဆုံးသွားတယ်ဆိုရင်.. ဒါမျိုးကျတော့ လွတ်နိုင်ပါတယ်။ ဒါက ကိုယ်လည်း မသိလို့ကိုး။ ဒါကြောင့် သေစေရန်အကြံ ဖြစ်တဲ့အတွက်ကြောင့် ဥပဒေနဲ့ လုပ်လို့မရပါဘူးလို့ ဖြေကြားလိုပါတယ်။ မေး။  ။ ကျမသမီးက ၈ တန်း တက်နေပါတယ်။ ကျောင်းမှာ အတန်းတူကောင်လေး တယောက်က ကျမသမီးကို အမြင်မကြည်တာနဲ့ ကျောင်းကအပြန်မှာ မကြာခဏဆိုသလို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တဲ့ အပြုအမူတွေ လုပ်ပြီး ဆဲပါတယ်။ သူ့အမေကို သွားတိုင်တော့လည်း တိုင်ချင်ရာတိုင်လို့ ပြောပါတယ်။ ဒီလိုကိစ္စမျိုးအတွက် တရားစွဲလို့ ရ၊ မရ။ ဥပဒေအရ ဘယ်လို လုပ်ရမလဲဆိုတာကို အကြံပြုစေလိုပါတယ်။ ဖြေ။  ။ မိန်းကလေးက  ၈ တန်း၊ အပျိုဖော်ဝင်နေပြီ၊။ နောက်… ဒီလို နှောင့်ယှက်တယ်၊ မဖွယ်မရာတွေ ပြောတယ်၊ နောက်.. ဆဲတဲ့အဆင့်ထိ ပါလာပြီဆိုရင် ပြစ်မှုဆိုင်ရာဥပဒေကို ကျူးလွန်တာ ဖြစ်နေပါပြီ။  ဒီတော့ ကျောင်းအုပ်ကြီး၊ အတန်းပိုင်ကို ပထမအဆင့် (first step) အနေ့နဲ့ ပြောသင့်ပါတယ်။ ကျောင်းအုပ်ကြီးကလည်း အရေးယူမှုမရှိဘူးဆိုရင်တော့ သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်လို့ရပါတယ်။ လိင်ပိုင်းဆိုင်ရာတွေ ပြောတယ်၊ ဆဲတယ်ဆိုတော့ ပြစ်မှုဆိုင်ရာ မြောက်နေပါပြီ။ ရဲကို သွားတိုင်ရင်  ရဲအရေးယူပိုင်တဲ့ပုဒ်မ ရှိပါတယ်။ ရဲအရေးမပိုင်တဲ့ ပုဒ်မ ရှိတယ်။ အဲဒါက အမှုဖြစ်စဉ်နဲ့သွားပြီးတော့ သုံးသပ်တာပါ။ သူ့ရဲ့တိုင်ချက်ဖြစ်စဉ်အရ ဒီပုဒ်မကတော့ ရဲအရေးယူမပိုင်ဘူးဆိုရင် ပုံစံ (က) (ခ) ဆိုပြီး ရှိပါတယ်။ အဲဒီ ပုံစံ (က) (ခ) နဲ့ တရားရုံးကို ဦးတိုက်လျှောက်ထားလို့ ရပါတယ်။  မေး။  ။ ဆရာခင်ဗျား။ မကြာခင်က ပေါ်ပေါက်ခဲ့တဲ့ နာမည်ကြီးအမှုတခုမှာ ပြစ်မှု ကျူးလွန်ကြောင်း စွပ်စွဲခံရသူဘက်မှ လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေတွေကို အထူးဥပဒေတခုနဲ့ အမှုဖွင့်လိုက်တယ်ဆိုတာကို မီဒီယာတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဒီလိုကိစ္စမျိုးကို အရင်ကလည်း မကြားဖူးပါဘူး။ တဦး တယောက်က ရှေ့နေတဦးဦးကို ဘယ်လို အခြေအနေမျိုးမှာ တရားစွဲနိုင်သလဲ ဆိုတာကို ဥပဒေဗဟုသုတအနေနဲ့ သိပါရစေ။ ဖြေ။   ။ ဒီမေးခွန်းက နည်းနည်းကျယ်ပြန့်ပါတယ်။ ပထမအချက်ကတော့ “အထူးဥပဒေတခုနဲ့ အမှုဖွင့်လိုက်တယ်ဆိုတာကို မီဒီယာတွေရဲ့ဖော်ပြချက်အရ သိရပါတယ် တဲ့၊  ဒီလို ကိစ္စမျိုးကို အရင်ကလည်း မကြားဖူးပါဘူး” ဆိုတဲ့ အချက်ကို ကျနော် အရင်ဖြေပေးပါမယ်။ အရင်က မကြားဖူးဘူး ဆိုတာက အရင်က ဒီဥပဒေ မထုတ်ပြန်သေးလို့ပါ။ အထူးဥပဒေတရပ် ထုတ်ပြန်လိုက်တဲ့အပေါ်မှာ မူတည်ပြီး ဒီဖြစ်ရပ် ဖြစ်လာတာပါ။ ဒါက ပထမမေးခွန်းပါ။ နောက်မေးခွန်း ဆက်ဖြေပါမယ်။ “တဦး တယောက်က ရှေ့နေတဦးဦးကို ဘယ်လို အခြေအနေမျိုးမှာ တရားစွဲနိုင်သလဲ ဆိုတာ” ဥပဒေ ဗဟုသုတ ပြောပြမယ်နော်။ ရှေ့နေလည်း နိုင်ငံသားပါပဲ။ နှစ်ပိုင်းခွဲပြောရရင် ပထမက.. ဥပမာ.. ရှေ့နေတယောက်က သူများပိုက်ဆံ ယူထားတယ်၊ ပြန်မပေးဘူးဆိုရင် သူ့ကို တရားမကြောင်းအရ တရားစွဲဆိုနိုင်ပါတယ်။ နောက် ပြစ်မှုဆိုင်ရာ ရာဇဝတ်ဥပဒေအရ သူတပါးကို ရိုက်တယ်၊ ဆဲတယ်၊ ခိုးတယ်ဆိုရင်လည်း ဥပဒေအရ အရေးယူလို့ရမှာပဲ။ အဲဒီလို နှစ်ပိုင်း ရှိပါတယ်။ သူ သိချင်တဲ့ “ရှေ့နေတဦးဦးကို ဘယ်လို အခြေအနေမျိုးမှာ တရားစွဲနိုင်သလဲ” ဆိုတာကတော့ ဥပဒေ ဗဟုသုတ ဖြစ်သွားပြီ။ ရှေနေ့တဦးသည် နိုင်ငံသားပဲ ဖြစ်တာကြောင့် ဥပဒေတွေကို မလိုက်နာရင် တရားစွဲဆိုလို့ရတယ်၊ ဒါက ယေဘုယျ (general) အနေနဲ့ ဖြေလိုက်တာပါ။ သူ သိချင်တဲ့ ဘယ်လိုအခြေအနေမျိုး ဆိုတာက အမှုစစ်နေရင်းနဲ့ သူ့ရဲ့ လုပ်ဆောင်ချက်က ပြစ်မှုဆိုင်ရာဥပဒေနဲ့ ငြိတာမျိုး ဖြစ်မယ်၊ ဒါမှမဟုတ် တရားရုံးကို မထီမဲ့မြင်ပြုတာမျိုး ဖြစ်မယ်။ ဒါဆိုရင် တရာသူကြီးကပဲ တရားလိုက်နေတဲ့ အမှုရှေ့နေကို တရားစွဲလို့ရတာမျိုး ရှိတယ်။ နောက်တခုက တရားရုံးကို မထီမဲ့မြင်ပြုတယ်ဆိုပြီးတော့ တရားရုံးကလည်း ရှေ့နေတယောက်ကို တရားစွဲဆိုနိုင်ပါတယ်။ နောက်တခုက အမှုစစ်ဆေးဆောင်ရွက်စဉ် တဖက်နဲ့တဖက် အချေအတင် ပြောကြ ဆိုကြတဲ့ အဲဒီအခါကျတော့လည်း တဖက်ကို စော်ကားတယ်၊ သူ့ဂုဏ်သိက္ခာကို ထိတယ်ဆိုရင်လည်း၊ တဖက်သူကို ဂုဏ်သိက္ခာညှိုးနွမ်းမှုနဲ့ စွဲလို့ရပါတယ်။ အဲဒီတော့ ဘယ်လိုအခြေအနေမျိုးမှာ ဆိုတာက အမှုစစ်ဆေးနေစဉ်အတွင်း ပေါ်ပေါက်တဲ့ ဖြစ်ရပ်ပေါ်မှာ မူတည်ပြီး ငြိစွန်းတဲ့ဥပဒေနဲ့ တရားစွဲလို့ရတယ်။ အဲဒီတော့ ရှေ့နေဆိုတာက တရားရုံးမှာ မိမိတတ်ထားတဲ့ပညာနဲ့ အသားလွတ်ကြီး ပြောဆိုနေလို့ မရဘူး။ သူ့ဘောင်သတ်မှတ်ချက်လေး ရှိပါတယ်။ ရှေ့နေတွေ လိုက်နာရမယ့် ကျင့်ဝတ်၊ တရားရုံး လိုက်နာရမယ့်ကျင့်စဉ်တွေနဲ့ပေါင်းပြီး ရှေ့နေတယောက်ရဲ့ လုပ်ရပ်က တရားခွင်ပေါ်မှာ ပြစ်မှုတရပ် ပေါ်ပေါက်လာတယ်ဆိုရင် ခုနကပြောတဲ့ တရားရုံးကို မထီမဲ့မြင်ပြုတဲ့ ဥပဒေ၊ တခြား.. တရားရုံးကို ဝတ္တရားနှောင့်ယှက်တယ် ဆိုတဲ့ ဥပဒေတွေနဲ့ အရေးယူခွင့်ရှိပါတယ်လို့ ဖြေကြားပေးချင်ပါတယ်။ မေး။  ။ ဆရာခင်ဗျား။ ကျနော်က နေ့ဘက် ရုံးအလုပ်လုပ်ပြီး ညပိုင်းမှာ မိသားစု စားဝတ်နေရေးအတွက် တက္ကစီကားမောင်းပါတယ်။ အခုနောက်ပိုင်းမှာ ကျနော်တို့လို ညပိုင်း ကားမောင်းတဲ့သူအချို့ ရိုက်နှက်လုယက်မှု၊ လူသတ်ပြီး ကားခိုးယူမှုတွေ များလာပါတယ်။ ကာကွယ်ခုခံနိုင်အောင် တုတ်၊ ဓား၊ လက်နက်၊ သံပိုက်လုံး စတဲ့ ပစ္စည်းတခုခု ကားထဲမှာထားလို့ ရှောင်တခင် ယာဉ်စစ်ဆေးတာနဲ့ တိုးရင်လည်း လက်နက်ဥပဒေနဲ့ ငြိစွန်းတယ် ဆိုပြီး အသိမ်းခံရပါတယ်။ အခန့်မသင့်ရင် အမှုဖွင့်တာကိုလည်း ခံရတတ်ပါတယ်။ ကိုယ့်အသက်ကို ခုခံကာကွယ်ပိုင်ခွင့်အတွက် ကိုင်ဆောင်တဲ့ပစ္စည်းဟာ ဥပဒေနဲ့ ငြိစွန်းခြင်း ရှိ၊ မရှိဆိုတာကို ဘယ်လို သတ်မှတ်သလဲ ဆိုတာကို သိပါရစေ။ ဖြေ။  ။ ဒီမေးခွန်းက နည်းနည်းလေး ကျယ်ပြန့်ပါတယ်။ ကျနော်တို့နိုင်ငံမှာ ကာကွယ်ခုခံပိုင်ခွင့်အတွက် လက်နက်ကိုင်ဆောင်ခွင့် မရှိပါဘူး။ ဥပဒေ ပြဋ္ဌာန်းချက်လည်း မရှိပါဘူး။ သို့သော် ယခင်အစိုးရများ လက်ထက်က ရှိခဲ့တယ်။ မှတ်မိသလောက် နဝတ မတိုင်ခင် တော်လှန်ရေးကောင်စီအထိကို ခုခံပိုင်ခွင့်အတွက် သေနတ်ကိုင်ဆောင်ခွင့် ရှိပါတယ်။ အဲလို လက်နက်ကိုင်ဆောင်ခွင့် ရှိတာကို သက်ဆိုင်အုပ်ချုပ်ရေးပေါ့၊ ခုပြည်ထဲရေးလို ဌာနမျိုးကနေ သူ့ကို ဥပမာ- ကုန်သည်၊ သူဌေးတွေ၊ တချို့ ရှေ့နေတွေလည်း သေနတ်ကိုင်တယ်၊ အဲဒါမျိုးကို လိုင်စင်နဲ့ ကိုင်ရပါတယ်။ သို့သော် အဲဒီသေနတ်တလက်ကို အသုံးပြုမယ်ဆိုရင်လည်း ဥပမာ- သေလောက် နိုင်တဲ့နေရာကို မပစ်ရဘူး အစရှိသဖြင့် ပြဋ္ဌာန်းချက်ကလေးတွေ ရှိပါတယ်။ အဲဒီလို စည်းကမ်းချက်အရ ကိုင်ခွင့်ရှိပါတယ်။  အခုခေတ်ကတော့ မတွေ့ရတော့ဘူး။ ဒါက လုံခြုံရေးအရ မပေးတော့ပါဘူး။ ကာကွယ်ခုခံနိုင်ခွင့်က ဘယ်လို သတ်မှတ်ထားသလဲ ဆိုတော့ ကိုင်ခွင့်မရှိဘူးလို့  ဖြေရပါ့မယ်။ ပြန်ပြောရရင် သံတုတ်တွေပါတာ အသိမ်းခံရတယ်ဆိုတော့ ကိစ္စတခုရဲ့ အတိုင်းအတာ တခုပေါ်မှာ မူတည်ပါတယ်။  ဥပမာ- ကားပေါ်မှာ (tools box) ထဲမှာ သံ၊ ဂွ၊ တူရွင်းတွေ ရှိတယ်။ အဲဒါကလည်း သူ့တို့ မသင်္ကာဘူးဆိုပြီး သိမ်းရင်လည်း သိမ်းလို့ရတာပဲ။ ဒါကတော့ ရပ်ရွာအဖွဲ့အစည်းပေါ်မှာ ပေါ်ပေါက်တဲ့ အာဏာပိုင်အဖွဲ့အစည်းရဲ့ အရေးယူမှုအပေါ်မှာ သွားတာပေါ့။ ဥပမာ- အိမ်တွေမှာသုံးတဲ့ ဓားဆိုတာ အချွန်တွေပဲ၊ ဒါပေမဲ့ မီးဖိုချောင်ထဲမှာ သုံးရင် ပြဿနာမဟုတ်ဘူး။ အပြင်ယူသွားတယ် ဆိုရင်တော့ ပြဿနာပဲ။ နောက် အိမ်နံရံမှာ ချိတ်ထားတဲ့ ဓားရှည်ကြီးတွေက အိမ်နံရံမှာ ချိတ်ထားရင် ဘာမှမဖြစ်ဘူး။ သို့သော် အဲဒီဓားကြီးကိုင်ပြီး အပြင်ထွက်သွားရင်တော့ ပြဿနာဖြစ်မှာပဲ။ ဒီတော့ မိမိကိုယ်ကိုယ် ခုခံပိုင်ခွင့်နဲ့ပတ်သက်ပြီး ဥပဒေမှာ ပြဋ္ဌာန်းထားတာက မိမိခန္ဓာကိုယ် ဘယ်အဆင့်မှာ ဘယ်လို ခုခံနိုင်ခွင့်ရှိတယ်ဆိုတာ ပြထားတယ်။ သို့သော် တိတိကျကျတော့ ဘယ်အဆင့်မှာ ဘယ်လောက်အထိ ရပ်လိုက်.. ဆိုတာမျိုးကို သုံးသပ်ဖို့ ခက်တာပေါ့လေ။ လူတယောက်ကို သေစေအောင် ဥပမာ- မုဒိမ်းမှုလိုမျိုးဆိုရင် တခြားသူကို သေစေနိုင်လောက်တဲ့အထိ ခုခံပိုင်ခွင့် ရှိပါတယ်။ သို့သော် လက်နက်ကိုင်ထားဖို့ကို ကျနော်တို့ နိုင်ငံမှာ ခွင့်မပြုသေးပါဘူး။ အနောက်နိုင်ငံတွေမှာတော့ ဥပမာ- အမေရိကန်ဆိုရင် ဆိုင်တွေမှာ လွတ်လွတ်လပ်လပ် ဝယ်လို့ရတယ်လေ။ ကျနော်တို့နိုင်ငံမှာ ခွင့်မပြုသေးပါဘူးလို့ ဖြေကြားချင်ပါတယ်။ မေး။ ။ အာမခံနဲ့ပတ်သက်ပြီး နားမလည်လို့ပါ။ ပြစ်မှုတွေမှာ အမှုဖွင့်ခံရသူကို အာမခံပေးတယ်ဆိုရင် ငွေကို လက်ငင်း ပေးရတာလား။ တကယ်လို့ အပြစ်မရှိကြောင်း စီရင်ချက်အမိန့်ချရင် ငွေပြန်ရပါသလားဆိုတာ သိပါရစေခင်ဗျား။  ဖြေ။  ။ အာမခံပေးတဲ့နေရာမှာ နှစ်မျိုး ရှိပါတယ်။ အာမခံပေးလို့ရတဲ့ ပုဒ်မနဲ့ ပေးလို့မရတဲ့ ပုဒ်မ။ နောက်ဆုံးအဆင့် မရတဲ့အဆင့်ကနေ ပေးလို့ရသွားတယ်ဆိုရင် အာမခံပေးကိုပေးရမယ့် အခြေအနေ။ အဲတော့ သူ့ကို အာမခံပေးတယ်၊ သူ တရားရုံးကို ချိန်းတဲ့ရက်တွေမှာ အချိန်မီ မလာနိုင်ဘူးဆိုရင် ခင်ဗျားကို ဘယ်သူ အာမခံမလဲ ဆိုတဲ့ အခါကျတော့၊ အနည်းဆုံး လူ ၂ ယောက် သတ်မှတ်ရတာပေါ့။ သတ်မှတ်တဲ့အခါမှာ တရားရုံးရဲ့ ဆင်ခြင်တုံတရားပေါ်မှာ မူတည်ပြီးတော့ တန်ဖိုးသတ်မှတ်ပေးပါတယ်။ ဥပမာ- တချို့အမှုတွေမှာဆိုရင် ခုခေတ်မှာဖြစ်တဲ့ တန်ဖိုးတွေက များတာလာတဲ့အခါကျတော့ အာမခံတန်ဖိုးလည်း ကြီးသွားတယ်။  ပိုင်ဆိုင်မှုစာချုပ်စာတမ်းကို အာမခံတဲ့ပုဂ္ဂိုလ်ကနေ တရားရုံးကို တင်ပေးရတယ်။ ပိုင်ဆိုင်ကြောင်းကိုလည်း အမှန်တကယ် ပိုင်ဆိုင်တဲ့လူက မှန်ပါတယ်ဆိုတာကို သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက်ကနေ ထောက်ခံပေးရတယ်။ အဲဒီဟာကို တင်ထားရတာပါ။ သူ ပြောသလို သိန်းတစ်ရာ၊ နှစ်ရာ တင်ရတာမျိုး မဟုတ်ပါဘူး။ အမှုပြီးသွားရင် ဒါက အော်တိုမီတစ် ဒီစာရွက်စာတမ်းတွေကို ပြန်ထုတ်ခွင့်ရှိပါတယ်။ “အပြစ်မရှိကြောင်း စီရင်ချက် အမိန့်ချရင် ငွေပြန်ရပါသလား ဆိုတော့”  ငွေက လက်ငင်းပေးတာ မဟုတ်တဲ့အတွက် စာချုပ်စာတမ်းတွေကို ပြန်ထုတ်ပိုင်ခွင့် ရှိပါတယ်။ သူက တရားရုံးကို ပုံမုန်လာဖို့အတွက် ဝိုင်ပြီးတော့ အာမခံပေးထားတဲ့သဘောပဲ ရှိပါတယ်။ သူတို့ အာမခံထားတဲ့ တရားခံက ရုံးကို မလာရင်တော့ တန်ဖိုးငွေကို ပြန်ပြီးပေးလျော်ရပါလိမ့်မယ်။
1 year Ago
Up