ပြစ်ဒဏ်ချမှတ်မှု

January 5, 2021

ကာဗာနီအပေါ်ပြစ်ဒဏ်ချမှတ်မှု ရုပ်သိမ်းရန် ဥရုဂွေးအက်ဖ်အေနှင့် ကစားသမားအစည်းအရုံး တောင်းဆို

ကာဗာနီအပေါ် ပွဲပယ်ပြစ်ဒဏ်ချမှတ်တာတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ ဥရုဂွေးဘောလုံးအဖွဲ့ချုပ်နဲ့ ကစားသမားအစည်းအရုံးတို့က အက်ဖ်အေကို တောင်းဆိုလိုက်ပါတယ်။  ဥရုဂွေးတိုက်စစ်မှူး ကာဗာနီဟာ အင်စတာဂရမ်မှာ ချီးကျူးစကားပြောခဲ့တဲ့ မိတ်ဆွေတစ်ဦးကို ကျေးဇူးတင်စကားပြန်ပြောရာမှာ နီဂရိုး ဆိုတဲ့ စာသားပါဝင်ခဲ့တာကြောင့် လူမျိုးရေး ခွဲခြားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အက်ဖ်အေက ၃ ပွဲပယ်ပြစ်ဒဏ်နဲ့ ပေါင် ၁ သိန်း ဒဏ်ရိုက်ခဲ့တာပါ။  ဥရုဂွေးဘောလုံးအဖွဲ့ချုပ်ကတော့ ကာဗာနီရဲ့ ပြစ်ဒဏ်ဟာ မျှတမှုမရှိကြောင်းနဲ့ ပြစ်ဒဏ်ကို ပြန်လည်စဉ်းစားပေးဖို့ ထုတ်ပြန်ချက်တစ်ခုနဲ့ တောင်းဆိုသွားခဲ့တာပါ။  အလားတူ ဥရုဂွေးဘောလုံးသမားများ အစည်းအရုံးကလည်း ကြေညာချက်ထုတ်ခဲ့ပြီး ဥရုဂွေးကစားသမားတွေရဲ့ ယဉ်ကျေးမှုနဲ့ ဘ၀ပုံစံအပေါ် ခွဲခြားမှုတွေရှိနေတယ်လို့ ဝေဖန်ခဲ့ပါတယ်။  အဲဒီထုတ်ပြန်ချက်အပေါ် ဥရုဂွေးအသင်းခေါင်းဆောင် ဒီယေဂို ဂိုဒင်ကလည်း တွစ်တာကနေ ဝေမျှခဲ့ပါတယ်။  အက်ဖ်အေရဲ့ ပြစ်ဒဏ်ဟာ ဘောလုံးလောကမှာ နာမည်ကောင်းရှိခဲ့တဲ့ ကာဗာနီရဲ့ဂုဏ်ပုဒ်ကို ဖျက်ဆီးနေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။ ကာဗာနီဟာ သုံးပွဲပယ်ပြစ်ဒဏ်ကြောင့် ဗီလာနဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပြီးဖြစ်ပါတယ်။
10 months Ago
Up