ပြစ်တင်

A d v e r t i s e m e n t With Us

September 13, 2020

အီရန် နပန်းသမားအား သေဒဏ်ပေးမှုကို ကမ္ဘာ့နပန်းကစားသမားအသင်း ပြစ်တင်

အီရန် နပန်းသမား နာဗစ်အက်ဖ်ကာရီ သေဆုံးအပြီး သူ့ကို သေဒဏ်ပေးမှုဟာ ဆိုးရွား တယ်လို့ ကမ္ဘာ့နပန်းကစားသမားအသင်းက စက်တင်ဘာ ၁၂ ရက်မှာ ပြစ်တင်ပြောဆို လိုက်ပါတယ်။  သူဟာ ၂၀၁၈ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်း လုံခြုံရေးအစောင့်တယောက်ကို မသေမချင်း ဓားနဲ့ထိုးသတ်မှုနဲ့ စီရင်ချက်ချခံရတာပါ။  သူ့အမှုကို သြဂုတ်လနှောင်းပိုင်းမှာ ပြန်သုံးသပ်ဖို့ အယူခံဝင်ပေမယ့် တရားရုံးချုပ်က ပယ်ချ ခဲ့ပါတယ်။  အသက် ၂၇ နှစ်အရွယ် နပန်းသမားကတော့ သူဟာ မှားလျက်နဲ့ဝန်ခံလာအောင် နှိပ်စက်တာ ခံခဲ့ရတယ်လို့ ပြောခဲ့တဲ့အကြောင်း မိသားစုနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြော ပါတယ်။  သူ့ရှေ့နေကလည်း သူ့မှာ အပြစ်ရှိကြောင်း ပြစရာ သက်သေမရှိဘူးလို့ ပြောသလို အီရန်တရားရုံးကတော့ အက်ဖ်ကာရီရဲ့အခိုင်အမာ ပြောဆိုချက်ကို ငြင်းပယ်ပါတယ်။  ဒီအမှုကို အီရန်နိုင်ငံသားတွေကြား လူမှုကွန်ရက်မှာရော လူ့အခွင့်အရေးအုပ်စုတွေ ကြားမှာပါ မကျေမနပ် ဖြစ်ခဲ့ကြတာပါ။  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း နပန်းသမားကို သေဒဏ် ပေးတာ မလုပ်ဖို့ ဒီလထဲမှာ အီရန်အစိုးရကို ဆော်သြခဲ့ပါတယ်။  အတင်းအကြပ် ဝန်ခံခိုင်းတဲ့ ပုံတွေကို အီရန်အစိုးရမီဒီယာက ထုတ်လွှင့်တယ်လို့ လူ့ အခွင့်အရေးအုပ်စုတွေက မကြာခဏ စွပ်စွဲလေ့ရှိပြီး အီရန်အစိုးရကတော့ စွဲချက်ကို ငြင်း ထားပါတယ်။  
5 months Ago

June 12, 2020

ကိုရီးယားနှစ်နိုင်ငံအရေး ဝင်စွက်ဖက်မှု အမေရိကန်ကို မြောက်ကိုရီးယား ပြစ်တင်

 အမေရိကန်အနေနဲ့ ရန်လိုတဲ့မူဝါဒတွေကို ဆက်လက်ကိုင်စွဲထားရင် ခေါင်းဆောင် ကင်ဂျုံအန်းနဲ့ သမ္မတ ဒေါ်နယ်ထရမ့်တို့ကြားက ပုဂ္ဂိုလ်ရေးဆက်ဆံမှုကို ထိန်းသိမ်းထားစရာ သိပ်မရှိတော့ဘူးလို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းမီဒီယာက ဇွန်လ ၁၂ ရက်မှာ ထုတ်ဖော်ရေးသားပါတယ်။  ဒါဟာ နှစ်နိုင်ငံခေါင်းဆောင်တွေကြား ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲပြုလုပ်ခဲ့တဲ့ ၂ နှစ်ပြည့်မှာ ထုတ်လွှင့်တာပါ။  ကိုရီးယား ၂ နိုင်ငံကြား အရေးကိစ္စတွေမှာ ဝင်မှတ်ချက်ပေးတဲ့အတွက် မြောက်ကိုရီးယား အစိုးရက အမေရိကန်အစိုးရကို ဇွန် ၁၁ ရက်နေ့က ဝေဖန် ပြစ်တင်လိုက်ပြီး အမေရိကန် သမ္မတ ရွေးကောက်ပွဲကို ချောချောမွေ့မွေ့ ဖြစ်စေချင်ရင် အမေရိကန်အစိုးရက တိတ်တိတ်နေသင့်တယ် လို့လည်း မြောက်ကိုရီးယားအစိုးရက ပြောခဲ့ပါတယ်။  စင်ကာပူမှာ ၂၀၁၈ ဇွန်လက ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံခေါင်းဆောင်တွေ ထိပ်သီးဆွေးနွေးပွဲဟာ တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတ တဦးနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ကြား ပထမ ဆုံးတွေ့ဆုံမှု ဖြစ်ခဲ့ပါတယ်။  ဒါပေမဲ့ အသေးစိတ်တွေ မဆွေးနွေးနိုင်ခဲ့ဘဲ ယေဘုယျအချက်လေးကိုသာ ထုတ်ပြန်ခဲ့ ပါတယ်။  ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကိုတော‌ေ ၂၀၁၉ ဖေဖော်ဝါရီမှာ ဗီယက်နမ်မြို့တော် ဟနွိုင်းမှာ လုပ်ခဲ့ပါတယ်။  ဒါပေမဲ့ ဒီပွဲမှာလည်း အမေရိကန်ဘက်က မြောက်ကိုရီးယားကို နျူလက်နက်တွေ အကုန်ဖျက်သိမ်းဖို့ တောင်းဆိုတာနဲ့  မြောက်ကိုရီးယားဘက်ကလည်း စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့တောင်းဆိုတာကြောင့် ပြေလည်မှု မရခဲ့ဘူးလို့  ရိုက်တာသတင်းမှာဖော်ပြပါတယ်။ 
8 months Ago
More News
Up