ပြင်းအား ၅ ဒဿမ ၃

March 23, 2020

ခရိုအေးရှားတွင် ပြင်းအား ၅ ဒဿမ ၃ အဆင့်ရှိ ငလျင်ကြောင့် ၁ ဦးသေဆုံး

ခရိုအေးရှားနိုင်ငံ မြို့တော်ဇာဂရတ်မှာ ငလျင်လှုပ်လို့ အဆောက်အအုံတွေ၊ ယဉ်တွေပျက်စီး တာ၊ ရုတ်တရက်မီးထလောင်တာတွေဖြစ်ခဲ့ပြီး ၁၅ နှစ်အရွယ် လူငယ်တဦးလည်း သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းက ရေးသားထားပါတယ်။  မြို့တော်ဇာဂရတ် မြောက်ဘက်မှာဖြစ်ခဲ့တဲ့ ဒီငလျင်ဟာ ပြင်းအား ၅ ဒဿမ ၃ မဂ္ဂနီ ကျူရှိခဲ့ ပြီး သေဆုံးသူ လူငယ်ကို ပြိုကျနေတဲ့ အဆောက်အအုံပျက်ထဲမှာ တွေ့ရတာလို့ ဇာဂရတ် အရေးပေါ် ဆေးဘက် အင်စတီကျုအကြီးအကဲက ပြောပါတယ်။  ဆယ်စက္ကန့်ကြာလှုပ်ခဲ့တဲ့ ငလျင်ကြောင့် လူတွေဟာ လမ်းတွေပေါ် ပြေးထွက်ခဲ့ရပြီး ကားတွေ အဆောက်အအုံတွေလည်း ပျက်စီးခဲ့ရပါတယ်။  တချို့နေရာတွေမှာ မီးလောင်တာ၊ အင်တာနက်လိုင်း ပြတ်တောက်တာတွေလည်း ဖြစ်ခဲ့ပါတယ်။  ခရိုအေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၀၆ ဦးရှိကာ၊ သေဆုံးသူ ၁ ဦး ရှိထား ပါတယ်။
2 years Ago
Up