ပြင်းပြင်းထန်ထန်

September 7, 2020

ဆွီဒင်နည်းပြကို ဇလာတန်အီဗရာဟီမိုဗစ် ပြင်းပြင်းထန်ထန်ဝေဖန်

လူငယ်ကြယ်ပွင့်ကစားသမား ဒီဂျန်ကယ်လူဆတ်စကီကို အရန်ခုံမှာထိုင်ခိုင်းခဲ့တဲ့ ဆွီဒင်နည်း ပြရဲ့လုပ်ရပ်ဟာ ဆိုးရွားလွန်းတဲ့ ဟာသတခုပဲလို့ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဇလာတန်အီဗရာဟီမိုဗစ်က ပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့ပါတယ်။  စနေနေ့မှာ ကစားခဲ့တဲ့ ပြင်သစ်နဲ့ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် အခုလို ဝေဖန်သွားခဲ့တာပါ။  ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်အသင်းကို ယူရို ၂၉ ဒသမ ၇ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကယ်လူဆတ်စကီဟာ ပါးမားအသင်းကို အငှားချခံရပြီး  အထူးခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ ပါမားအသင်းနဲ့အငှားကစားခဲ့ရာမှာလည်း ပြီးခဲ့တဲ့ရာသီအတွင်း ၁၀ ဂိုးသွင်းကာ ၈ ဂိုးအထိ ဖန်တီးနိုင်ခဲ့ပါတယ်။  ဒါပေမယ့် ပြင်သစ်နဲ့ပွဲစဉ်မှာတော့ ဆွီဒင်နည်းပြက သူ့ကို အရန်ခုံမှာပဲထိုင်ခိုင်းခဲ့ပြီး မိနစ် ၇၀ နီးပါးမှာ လူစားလဲခဲ့တဲ့ လုပ်ရပ်ကို တိုက်စစ်မှူးဟောင်း ဇလာတန်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပါ။ “ဘယ်လောက်တောင် ဆိုးရွားလိုက်တဲ့ဟာသတစ်ခုလဲ။ အရည်အသွေးနိမ့်တဲ့ လူတွေကြောင့် ဆွီဒင်ဘောလုံးလောက နိမ့်ကျနေရခြင်းအတွက် နောက်ထပ်သက်သေတစ်ခုပဲ” လို့ သူ့ရဲ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ဇလာတန်ဟာ ဆွီဒင်လက်ရွေးစင်အသင်းအတွက် ၁၁၆ ပွဲကစားပေးခဲ့သူဖြစ်ပါတယ်။ ဆွီဒင်နည်းပြ အန်ဒါဆန်ရဲ့ လုပ်ရပ်ဟာ တော်တော်လေးပွဲဆူစရာဖြစ်ခဲ့ပြီး ကစားသမား ကိုယ်တိုင်ကလည်း အရန်ခုံမှာ ထိုင်ခဲ့ရခြင်းအတွက်အံ့သြမိတယ်လို့ ဝန်ခံပါတယ်။  ဒုတိယပိုင်းမှလူစားဝင်ခွင့်ရရှိခဲ့တာဟာ လုံလောက်မှုရှိပါရဲ့လားလို့ သူ့ကို မေးမြန်းခဲ့ရာမှာ ကယ်လူဆတ်စကီက “ဘယ်ဟုတ်ပါ့မလဲဗျာ။ ကျနော်ကတော့ လုံလောက်တယ်လို့မထင်ပါဘူး။ ကျနော်လေ့ကျင့်ရေးကွင်းမှာလည်း တော်တော်ကောင်းအောင်လုပ်ဆေင်ခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဒါဟာ ဘောလုံးလောကပါပဲ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။  ဒါပေမယ့် ဆွီဒင်နည်းပြ အန်ဒါဆန်ကတော့ “ပွဲပြီးကတည်းက ကျနော် သူနဲ့ စကား မပြောရသေးပါဘူး။ တကယ်လို့ သူ့အနေနဲ့ ဒီလိုထင်နေတယ်ဆိုရင် ကျနော်တို့ ပြောဆို ဆွေးနွေး သွားမှာပါ။ သူဟာ  လေ့ကျင့်ကွင်းမှာ ကြိုးစားပြခဲ့ပြီး တခြားကစားသမားတွေလည်း သူ့လိုပါပဲ” လို့ အန်ဒါဆန်ကပြောပါတယ်။  ပြင်သစ်နဲ့ပွဲစဉ်မှာ ဆွီဒင်အသင်းဟာ ၁ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
1 year Ago
Up