ပြင်ဦးလွင်

November 22, 2021

DSA သင်တန်းဆင်းပွဲနီးလာချိန် ပြင်ဦးလွင်၌ စစ်တပ်က လုံခြုံရေး တိုးမြှင့်ချထား

စစ်သင်တန်းကျောင်းတွေရှိတဲ့  မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ နိုဝင်ဘာ ၂၀ ရက်လောက်ကစပြီး မြို့ရဲ့  နေရာ တော်တော်များများမှာ  စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြင်ဦးလွင်မြို့မှာရှိတဲ့ မြို့တွင်းမြို့ပြင် နေရာအနှံ့မှာ ကင်းပုန်းတွေချထားပြီး လမ်းဆုံ လမ်းခွတွေမှာလည်း  စစ်ဆေးတာတွေ ရှိတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၁  ရက်ညကလည်း အနီးစခန်း ရွှေဘိုစုက အပြစ်မဲ့ လူငယ်တစ်ယောက်ကို စစ်တပ်က အကြောင်းပြချက်မရှိဘဲ  ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ပြင်ဦးလွင်မြို့မှာ လာမယ့်လ  DSA ဗိုလ်လောင်းသင်တန်းဆင်းပွဲရှိလို့ အခုလိုမျိုး လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ သိရပါတယ်။

2 months Ago

November 1, 2021

မန္တလေးနှင့် ပြင်ဦးလွင်ကြား တိုက်ပွဲဖြစ်

မန္တလေးနဲ့ ပြင်ဦးလွင်ကြားမှာ အောက်တိုဘာ ၃၁ ရက် မနေ့ည ၉ နာရီဝန်းကျင်က စစ်‌ကောင်စီနဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့တို့တိုက်ပွဲ ဖြစ်တာကြောင့် ၁၆ မိုင် စစ်ဆေးရေးဂိတ်မှာ အတက်ကားတွေကို ထွက်ခွင့်မပေးဘဲ တားဆီးထားတယ်လို့ ယာဉ်မောင်း တွေဆီက သိရပါတယ်။

"၁၆ မိုင် ဂိတ်မှာ ကားတားထားပါတယ်။ တိုက်ပွဲ ဖြစ်နေလို့။ သေနတ်သံ ကြား လိုက်တယ်ဗျ။" လို့ လက်ရှိ အဲဒီနေရာ ရောက်နေတဲ့ ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။

အရင်ရက်တွေကတော့ မန္တလေးနဲ့ ပြင်ဦးလွင်ကြားမှာအဲလို တိုက်ပွဲမဖြစ်ခဲ့ဘူးလို့   မန္တလေးနဲ့ ပြင်ဦးလွင် ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။

"ရောက်ရောက်ချင်း အသံနှစ်ချက် ကြားရတယ်။ ၉ နာရီ ၁၀ မိနစ်လောက်ကပါ။ မန္တလေး- ပြင်ဦးလွင်ကြား ၁၆ မိုင်စစ်ဆေးရေးဂိတ်မှာ။ ခါတိုင်း မဖြစ်ဖူးဘူး။  ခါတိုင်း ညသွား လို့ ရတယ်ဗျ။ ကျနော်ကိုယ်တိုင်သွားတာ။" လို့ သူက ပြောပါတယ်။

စစ်ကောင်စီနဲ့ ဘယ်အဖွဲ့နဲ့ တိုက်ပွဲဖြစ်သလဲ ဆိုတာတော့ မသိသေး‌ကြောင်းနဲ့ ခရီးသွား ယာဉ်မောင်းတွေ လုံခြုံတဲ့နေရာ လမ်းဘေးအိပ်ရလိမ့်မယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

3 months Ago
More News
Up